Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တစ်​​ဒေါ်လာ​ ၂၂၀၀ ကျပ်အထိဈေးတက်လာ

ဒေါ်လာမှောင်ခိုဈေးကွက်တွင်ဇွန်လလယ်ကတစ်ဒေါ်လာလျှင် ၂၀၅၀ကျပ်သာရှိသော်လည်း ဇွန် တတိယပတ်မှစ၍ ဈေးဆက်တိုက်မြှင့်တက်လာခြင်းဖြစ်သည်။

(ဇူလိုင် ၁၃ မနက်တွင်​ဒေါ်လာ​ဈေးသာ် ပြင်ပဈးကွက်၌ ၁​​ဒေါ်လာ ၂၁၇၅ ကျပ်ဖြင့်ဖွင့်ပြီး ည​နေပိုင်းတွင် ၂၂၀၀ကျပ်ဖြင့်ပိတ်ခဲ့သည်။ ဓါတ်ပုံ-EPA)
(ဇူလိုင် ၁၃ မနက်တွင်​ဒေါ်လာ​ဈေးသာ် ပြင်ပဈးကွက်၌ ၁​​ဒေါ်လာ ၂၁၇၅ ကျပ်ဖြင့်ဖွင့်ပြီး ည​နေပိုင်းတွင် ၂၂၀၀ကျပ်ဖြင့်ပိတ်ခဲ့သည်။ ဓါတ်ပုံ-EPA)

အ​မေရိကန်​ဒေါ်လာ​ဈေးသည် ပြည်တွင်းမှောင်ခိုဈေးကွက်တွင်ယ​နေ့ တစ်ဒေါ်လာလျှင် ကျပ် ၂၂၀၀ အထိ ပေါက်ဈေးရှိလား ကြောင်း ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက​ပြောသည်။

အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့်ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၈၅၀ ကျပ်ဟုပုံ​သေသတ်မှတ်ထားသော်လည်းလက်​တွေ့အ​ရောင်းအဝယ်လုပ်ကိုင်​​သောပြင်ပဈေးကွက်တွင် ဇူလိုင် ၁၃ ရက်ည​နေပိုင်း၌ တစ်ဒေါ်လာလျှင် ၂၂၀၀ကျပ်အထိ ပေါက်ဈေးရှိလာခြင်းဖြစ်သည်။

“ဒီနေ့ နေ့လယ်ပိုင်းက တစ်ဒေါ်လာကို ၂၁၉၅ကျပ်ရှိတာ၊ ညနေပိုင်းမှာ ၂၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်သွားတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ယနေ့မနက်အဖွင့်ဈေးသည် တစ်ဒေါ်လာကို ၂၁၇၅ကျပ်ဖြင့်ဈေးဖွင့်သော်လည်း ညနေပိုင်းတွင် ဈေးမြှင့်တက်လာခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

“ဈေးကွက်ထဲမှာ ဒေါ်လာက အဝယ်ဘဲရှိတယ်။ ရောင်းတဲ့သူတွေကလဲဈေးတက်မှာသိတော့မရောင်းဘူး။အခုကဒေါ်လာဘယ်လောက်ရောင်းရောင်းဝယ်မယ့်သဘောပါ”ဟုကမာရွတ်မြို့နယ်ရှိ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ဒေါ်လာမှောင်ခိုဈေးကွက်တွင်ဇွန်လလယ်ကတစ်ဒေါ်လာလျှင် ၂၀၅၀ကျပ်သာရှိသော်လည်း ဇွန် တတိယပတ်မှစ၍ ဈေးဆက်တိုက်မြှင့်တက်လာခြင်းဖြစ်သည်။

“ဇွန်၊ ဇူလိုင်က စပြီး စက်တင်ဘာလအထိ ပြည်တွင်းမှာ ဒေါ်လာလိုတဲ့ကာလပဲ။ ဒီကာလမှာ ဈေးမြင့်တက်လာလေ့ရှိတယ်။ နောက်ပြီး မြို့ပြပျောက်ကျား အရှိန်မြင့်မယ်ဆိုတော့ စစ်တပ်အသိုင်းအဝိုင်းက ဒေါ်လာလုဝယ်နေကြတယ်”ဟု ငွေကြေးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက မှတ်ချက်ပေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဒေါ်လာဈေးမြင့်တက်လာပြီး ၂၀၂၁ စက်တင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ် အထိသမိုင်းတစ်​လျှောက်စံချိန်တင်မြင့်တက်ခဲ့သည်။ စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉ ရက်က တစ်ဒေါ်လာကို ၁၃၂၀ကျပ်သာရှိခဲ့သည်။စစ်​ကောင်စီက ​ဒေါ်လာ​ဈေးထိန်းချုပ်နိုင်ရန် ပုံ​သေ​ငွေလဲနှုန်း ၁၈၅၀ သတ်မှတ်၍ အဆိုပါနှုန်းဖြင့် နိုင်ငံခြားဝင်​ငွေရှိသူများကို ၁ ရက်အတွင်း၎င်းတို့သတ်မှတ်​​​သောဘဏ်များတွင် ​ကျပ်​ငွေဖြင့်လဲ​စေခြင်း၊ ပြည်ပမှ သွင်းကုန်များကို တိုး၍ ပိတ်ပင်လာခြင်းများပြုလုပ်ခဲ့​သော်လည်း ​ဒေါ်လာ​​ဈေးမကျဘဲတိုင်းပြည်စီးပွား​ရေးမှာပိုမိုဆိုးဝါးကျဆင်းလာသည်။ ထို​ကြောင့်ကမ္ဘာဘဏ်ကပင် ၂၀၂၂ တွင်မြန်မာနိုင်ငံ၏စီးပွား​ရေး ခန့်မှန်းတွက်ချက်ရန် မတက်နိုင်၍ တွက်ချက်ခန့်မှန်းခြင်းမလုပ်​တော့ဘဲ ချန်လှပ်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်ကောင်စီက တစ်ဒေါ်လာကို ၁၈၅၀ကျပ်သတ်မှတ်ထားသော်လည်း မှောင်ခိုဈေးကွက်တွင် တစ်ဒေါ်လာကို ၂၁၀၀ ကျပ်မှ ၂၁၃၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်ဟု ငွေလဲကောင်တာပိုင်ရှင်များက​ပြောသည်။

သတင်း

ကနေဒါ၏ မဟာဗျူဟာထဲတွင် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး စီမံချက်အသစ် (၁၆) ခုပါဝင်ပြီး ကျားမတန်းတူညီမျှခြင်းရှိသော အရေးပေါ် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဟု ကြေညာသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရထံ ပြည်သူလူထုက နည်းပေါင်းစုံဖြင့် ထည့်ဝင်ထောက်ပံ့နေမှုကြောင့် တော်လှန်ရေးသည် အခုအချိန်ထိ လျင်မြန်စွာ တိုးတက်ပြီး အောင်မြင်မှုများ ရရှိနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အား ၁၀၀နှင့် ၁၅၀အထိ ပါဝင်ဖွဲ့စည်းမည့် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းရန် မြန်မာ့တော်ဝင်နဂါးတပ်တော်ဦးဆောင်သူ ဗိုလ်နဂါးက စီစဥ်နေပြီး လိုအပ်သော စစ်လက်နက်ပစ္စည်းများနှင့် ယူနီဖောင်းများအတွက် အမေရိကန်ဒေါ်လာလေးသိန်းခွဲ လိုအပ်နေသည်ဟု ဗိုလ်နဂါးက ဇွန်လဆန်းတွင် သတင်းထုတ်ပြန်ခဲ့သည်။