Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံးကိုးခရိုင်အတွင်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ဟု MNDAAအသိပေး

တိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး MNDAAဘက်မှ တိုက်ပွဲနေရာမှ ဦးစွာထွက်ခွာခဲ့ကြောင်း ဖော်ပြထား သည်။

(MNDAA ရဲ​ဘော်များအား ​တွေ့ရစဥ်)
(MNDAA ရဲ​ဘော်များအား ​တွေ့ရစဥ်)

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးခရိုင်တွင် ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

ဇူလိုင် ၁၂ရက် နံနက်ပိုင်းက မုံးကိုးခရိုင် တာမိုင်းပေါ်ဒေသတွင်တိုက်ပွဲဖြစ်ခဲ့ပြီး MNDAA ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိကြောင်း၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အခြေအနေကို မသိရသေးကြောင်း ဖော်ပြထားသည်။

“MNDAAရှေ့တန့်အရာရှိ၏ပြောကြားချက်အရ မုံးကိုးခရိုင် ကျယ်လန်ဒေသတစ်ဝှက်တွင် လှုပ်ရှားနေ သော စစ်ကောင်စီသည် မန်းကန်ဒေသသို့ ချဉ်းကပ်ဝင်ရောက်လာသည်ကို MNDAA ဘက်မှသတင်းထောက် လှမ်းရရှိပြီးနောက် စစ်ဆင်ရေးအဖွဲ့ဖြင့် ကျယ်လန်ဒေသအနောက်ဘက်တောင်ကုန်းမှ နေ၍ ကြားဖြတ် တိုက်ခိုက်ခဲ့ပါသည်”ဟု MNDAAက ထုတ်ပြန်သည်။

တိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး MNDAAဘက်မှ တိုက်ပွဲနေရာမှ ဦးစွာထွက်ခွာခဲ့ကြောင်း ဖော်ပြထား သည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကလည်း MNDAAနှင့် စစ်ကောင်စီတပ်တို့ မူဆယ်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆောက်အဦးမီးလောင်ပျက်စီးခဲ့သော်လည်း ဘေးပတ်ဝန်းကျင်ထိခိုက်မှုမရှိကြောင်းလည်း ဒေသခံများထံမှသိရသည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန် လည် ဖြေကြားခြင်းမရှိသေးပေ။ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People's Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်း

မြိုင်မြို့နယ်တွင် စစ်​ကောင်စီတပ်က ဖိနှိပ်အကြမ်းဖက်နေသည့်ကြားမှ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ​ဒေသခံပြည်သူများက ရွှေ၊ငွေလက်ဝတ်ရတနာများ မကြာခဏလှူဒါန်းပေးနေကြသည်။

သတင်း

"ပစ်တဲ့သူတွေကတော့ လွတ်တယ်လို့သိရတယ်။ စခ တွေဘက်က အထိအခိုက် ရှိ၊မရှိမသိရသေး ပေမယ့် ကင်းပုန်းဝပ်နေတာတွေတော့ မြို့တွင်း မှာတော်တော်များများ တွေ့ရတယ်"ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက အသိပေးသည်။