Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဖြူမြို့နယ်မှSB ရုံးကို PDF များတိုက်ခိုက်စီးနင်းမီးရှို့

အဆောက်အဦးမီးလောင်ပျက်စီးခဲ့သော်လည်း ဘေးပတ်ဝန်းကျင်ထိခိုက်မှုမရှိကြောင်းလည်း ဒေသခံများထံမှသိရသည်။

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်
တနင်္တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်သာရီတိုင်း၊ရေဖြူမြို့နယ်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ သတင်းရဲတပ်ဖွဲ့ရုံး(SBရုံး)ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန့်နေ့ညကဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့​ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

PDFပူးပေါင်းအဖွဲ့က ယမန့်နေ(ဇူလိုင် ၁၃ ရက်)ည၁၁နာရီမှ ဇူလိုင် ၁၄ ရက် မနက် ၁ နာရီအထိဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ရုံးအဆောက်အဦးတစ်ခုလုံးမီးလောင်ပြာကျသွားသည်ဟုလည်း ဒေသခံအချို့က​ပြောသည်။

SBရုံးကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေစဉ်စစ်ကောင်စီတပ်မှစစ်ကားနှစ်စီးစစ်ကူလာရောက်သည်။စစ်ကူလာ​သောကားကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက်ပြန်လည်ဆုတ်ခွာလာခဲ့သည်ဟုဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ခွေးတွေ(စစ်ကောင်စီတပ်)ဘက်ကအထိအခိုက်အကျဆုံးတော့မသိဘူး။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်အကျအဆုံးမရှိ”ဟု ၎င်းကဆက်​ပြောသည်။

အဆောက်အဦးမီးလောင်ပျက်စီးခဲ့သော်လည်း ဘေးပတ်ဝန်းကျင်ထိခိုက်မှုမရှိကြောင်းလည်း ဒေသခံများထံမှသိရသည်။

တိုက်ခိုက်စီးနင်းခံရ​သောရုံးကိုရဲနှင့်စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးများရုံးထိုင်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြိုင်မြို့နယ်တွင် စစ်​ကောင်စီတပ်က ဖိနှိပ်အကြမ်းဖက်နေသည့်ကြားမှ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ​ဒေသခံပြည်သူများက ရွှေ၊ငွေလက်ဝတ်ရတနာများ မကြာခဏလှူဒါန်းပေးနေကြသည်။

သတင်း

တိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး MNDAAဘက်မှ တိုက်ပွဲနေရာမှ ဦးစွာထွက်ခွာခဲ့ကြောင်း ဖော်ပြထား သည်။

သတင်း

"ပစ်တဲ့သူတွေကတော့ လွတ်တယ်လို့သိရတယ်။ စခ တွေဘက်က အထိအခိုက် ရှိ၊မရှိမသိရသေး ပေမယ့် ကင်းပုန်းဝပ်နေတာတွေတော့ မြို့တွင်း မှာတော်တော်များများ တွေ့ရတယ်"ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက အသိပေးသည်။

သတင်း

“ရေတပ်အပါအဝင် အကြမ်းဖက်စစ်အုပ်စုဆီကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေမှုကို ရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု JFM က ထုတ်ပြန်သည်။