Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကူမဲမြို့ ရန်ကုန် – မန္တလေးလမ်း​ဟောင်းတွင် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သုတ်သင်ရှင်းလင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန် လည် ဖြေကြားခြင်းမရှိသေးပေ။ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကူမဲမြို့
ကူမဲမြို့

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ကူမဲမြို့ ရန်ကုန် – မန္တလေးလမ်း​ဟောင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၄ရက်) နံနက် ၉နာရီ ၁၅မိနစ်က ကူမဲမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်၌ ဆိုင်ကယ်ဖြင့်သွားလာနေသော ယူနီဖောင်းဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတစ်ဦးအား ပူးပေါင်းမဟာမိတ်အဖွဲ့က ရှင်းလင်းသုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း KDDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါဖြစ်စဥ်အား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)၊ BARMAHTE PEOPLE DEFENSE FORCE နှင့် URBAN GUERRILLA FORCE – KUME တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန် လည် ဖြေကြားခြင်းမရှိသေးပေ။ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F)နှင့် BARMAHTE PEOPLE DEFENSE FORCEတို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့သည် ဇွန်လ ၂၉ရက်ကလည်း ကျောက်ဆည်မြို့နယ်၊ ညောင်ပင်ဇောက်ကျေးရွာအနီး ကျောက်ဆည်-တံတားဦး ခရိုင်ပတ်လမ်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အီနာဂါဗုံးသီးဖြင့် တိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြိုင်မြို့နယ်တွင် စစ်​ကောင်စီတပ်က ဖိနှိပ်အကြမ်းဖက်နေသည့်ကြားမှ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ​ဒေသခံပြည်သူများက ရွှေ၊ငွေလက်ဝတ်ရတနာများ မကြာခဏလှူဒါန်းပေးနေကြသည်။

သတင်း

တိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး MNDAAဘက်မှ တိုက်ပွဲနေရာမှ ဦးစွာထွက်ခွာခဲ့ကြောင်း ဖော်ပြထား သည်။

သတင်း

မတူပီ CDF၏ ထုတ်ပြန်ချက်အရ တိုက်ပွဲ ​လေးကြိမ်အတွင်း စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။

သတင်း

ယမန်နေ့(ဇူလိုင် ၁၃)နံနက် ၄ နာရီ ၄၀ ခန့်မှစတင်ပြီး ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပုလောပြည်သူ့ကာကွယ်ရေးတပ်မ တော်နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ "နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ထိုစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းဖော် ပြသည်။