Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူတွင် ပျူတစ်ဦးကို ဖမ်းဆီးရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းဟုUGတစ်ဖွဲ့ထုတ်ပြန်

“ပြည်သူကိုဒုက္ခပေးလာမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်ရပါလိမ့်မယ်၊တအားခက်ခဲနေရင် ကျွန်တော်တို့ ခေါ်ထားမယ်၊စောင့်ရှောက်ပေးပါမယ်”ဟု Young Force(UG)ကဖော်ပြသည်။

ပခုက္ကူတွင် ပျူတစ်ဦးကို ဖမ်းဆီးရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းဟုUGတစ်ဖွဲ့ထုတ်ပြန်
ပခုက္ကူတွင် ပျူတစ်ဦးကို ဖမ်းဆီးရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းဟုUGတစ်ဖွဲ့ထုတ်ပြန်

●စားဝတ်​နေ​ရေးအခက်အခဲ​ကြောင့် စစ်​ကောင်စီထံမှအ​ထောက်အပံ့ရလို၍ပျူလုပ်ရသည်ဆိုလျှင်ခေါ်ယူ​စောင့်​ရှောက်​ပေးမည်၊ပျူမလုပ်ရန်ပြည်သူကိုဒုက္ခမ​ပေးရန်သတိ​ပေး

ပခုက္ကူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ ပျူ​စောထီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးစဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Young Force(UG)က ယနေ့(ဇူလိုင် ၁၄)အသိပေးထုတ်ပြန် သည်။

ယမန်နေ့(ဇူလိုင် ၁၃)ညနေပိုင်းက ပခုက္ကူမြို့နယ် မြောက်လူးကန် ကျေးရွာရှိ စစ်ကောင်စီ၏ လက်ပါးစေပျူဒလန်ဟုဆို​သောကိုသန်းဇော်ဦးအား စစ်ဆေးရေးဂိတ်မှပြန်လာချိန် လမ်းခုလတ်မှစောင့်၍ဖမ်းဆီးရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရကြောင်း ဖော်ပြသည်။

ဖမ်းဆီးပြီး ကြိုးဖြင့်တုပ်ကာစစ်ဆေးနေစဥ် ခုခံထွက်ပြေးခဲ့ခြင်းဖြစ်ပြီး သန်းဇော်ဦး၏ ဝန်ခံထွက်ဆိုချက်အရ ၎င်းတို့အနေဖြင့် စစ်ဆေးရေးဂိတ်၌ တားဆီးစစ်ဆေးမှုများပြုလုပ်လျှင် တစ်ရက်ကျပ် ၅,၀၀၀ ခန့်ရကာ မြောက်လူးကန်ရွာတွင် ပျူစောထီးဟုနာမည်ကြီးသူ ကိုချစ်ထွေး၏ ခိုင်းစေမှုကြောင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“ဟုတ်ကဲ့ ဒလန်လို့လဲ ပြောလို့လည်းရတယ်။ ပျူစောထီးလို့လည်းပြောလို့ရတယ်။ နေ့စားခ ပိုက်ဆံယူပီး ကျောင်းမှာတပ်စွဲပြီး စစ်ဆေးရေးဂိတ်ဖွင့်ပြီး ပြည်သူတွေအပေါ် အမျိုးမျိူး ခြိမ်းခြောက်ငွေညှစ်နေတာပါ”ဟုYoung Force(UG)မှ ရဲဘော်တစ်ဦးက သန်း​ဇော်ဦးနှင့်ပတ်သပ်၍ရှင်းပြသည်။

ထိုလူများ၏သတင်းပေးတိုင်ကြားမှုကြောင့် ပြည်သူများဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဥ် နှစ်ခုထက်မနည်း ရှိခဲ့ပြီး ခိုင်လုံသော သတင်းများနှင့် တိုင်ကြားလာသော သတင်းများကို စိစစ်ပြီးဖြစ်သည်ဟု အသိပေးသည်။

“ပြည်သူကိုဒုက္ခပေးလာမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်ရပါလိမ့်မယ်၊တအားခက်ခဲနေရင် ကျွန်တော်တို့ ခေါ်ထားမယ်၊စောင့်ရှောက်ပေးပါမယ်”ဟု Young Force(UG)ကဖော်ပြသည်။

ထို့အပြင်စားဝတ်နေရေးအခက်အခဲကြောင့် ပျူစောထီးအဖြစ် စစ်ကောင်စီထံမှအထောက်အပံ့ယူနေရပါက ခေါ်ယူစောက်ရှောက်ပေးမည်ဖြစ်ပြီး ပြည်သူအား ဒုက္ခမပေးရန်လည်း ပျူစောထီးများကိုလည်း Young Force(UG)က အသိပေးထားသည်။

စစ်ကောင်စီ၏လက်ပါးစေများအနေဖြင့်ရပ်တန်းကမရပ်၊ အသိတရားမရဘဲ ပြည်သူအချင်းချင်းဆက်လက် အနိုင်ကျင့်ဒုက္ခပေးနေမည်ဆိုပါက ၎င်းတို့ ရောက်လာမည်ဖြစ်ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(ဇူလိုင် ၁၂ ရက်)က အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံကသာအခြေစိုက်ခမရ ၃၀၉ တပ်သည် ရာဇဂြိုလ်တောင် မှတဆင့်အင်းတော်နယ်ဘက်သို့ စစ်​ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

KRFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏လက်ပါးစေများအား သုတ်သင်ရှင်းလင်းမည့်အပြင် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်များမည်ဟု ဖော်ပြသည်။

သတင်း

ဇူလိုင် ၉ရက်တွင် စစ်ကောင်စီတပ်က ရွာသား ၁၆ဦးကို ဖမ်းသွားပြီး ယမန်နေ့ ဇူလိုင် ၁၀ရက်ညပိုင်း၌ နောက်ထပ်ရွာသား ၃ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

“လောင်းလုံးဘက်မှ ပျူစောထီးတွေက သောင်းကျန်းနေတာ၊ အဲ့တာကို PDFတွေ ဝင်ပစ်တာ အခုရွာထဲမှာ စခ(စစ်ကောင်စီတပ်)တွေသောင်းကျန်းနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။