Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်တွင် တော်လှန်ရေးသတင်းများကို စစ်ကောင်စီထံတိုင်ကြားနေသည့် ပျူစောထီးအဖွဲ့ ဝင်နှစ်ဦးကို သုတ်သင်ရှင်းလင်း

ဖမ်းဆီးခေါ်ဆောင်လာစဥ် ခုခံထွက်ပြေးသဖြင့် ရှင်းလင်းလိုက်ရကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ် ရေးအဖွဲ့၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Tigyaing Revolution က ယမန်နေ့(ဇူလိုင် ၁၄ရက်) ညတွင် ထုတ်ပြန် ထားသည်။

ထီးချိုင့်
ထီးချိုင့်

ဒေသတွင်း ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များနှင့် တစ်ဖွဲ့တည်းဖြစ်ပြီး တော်လှန်ရေးသတင်းများကို စစ်ကောင်စီထံတိုင်ကြားနေသည့် ပျူစောထီး အဖွဲ့ဝင်နှစ်ဦးကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ထီးချိုင့်မြို့နယ် လယ်မှီးကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် သန်းစိန်နှင့်ကျော်စိန်ကို ဇူလိုင် ၁၁ရက် ညတွင် ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များက ရှင်းလင်း လိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးခေါ်ဆောင်လာစဥ် ခုခံထွက်ပြေးသဖြင့် ရှင်းလင်းလိုက်ရကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ် ရေးအဖွဲ့၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Tigyaing Revolution က ယမန်နေ့(ဇူလိုင် ၁၄ရက်) ညတွင် ထုတ်ပြန် ထားသည်။

သန်းစိန်နှင့်ကျော်စိန်သည် ထီးချိုင့် ရွာသစ်ကုန်းရပ်ကွက်မှ ပျူစောထီး ဇော်ဝင်းကို ၊အမှတ်(၃) ရပ်ကွက်မှ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် ရှေ့နေမာဒင်နှင့် ထီးချိုင့်မြို့ ပြည်ခိုင်ဖြိုးပါတီမှ စိုးစိုး တို့နှင့်တစ်ဖွဲ့တည်းဖြစ်ပြီး ပျူစောထီးများ ဖြစ်သည်ဟု Tigyaing Revolution က ရှင်းပြထားသည်။

၎င်းတို့နှစ်ဦး၏ဖုန်းထဲတွင် စစ်ကောင်စီတပ်ထံ တိုင်တန်းထားသော အချက်အလက်များ တွေ့ရှိခဲ့ ရသည်ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ဇော်ဝင်းကို၊မာဒင်နှင့်စိုးစိုးတို့ကလည်း စစ်ကောင်စီအား လူထုက ခုခံတော် လှန်ရေးတွင် အလွန်အန္တရာယ်ကြီးသည့် စစ်ကောင်စီထောက်တိုင်များ ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

” သူတို့ သုံးယောက်စလုံးက စစ်တပ်လုံခြုံရေးနဲ့ နေနေတာ။ မြို့အတွက်တော့ အမှိုက်တွေပဲ”ဟု ထီးချိုင့်မြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"မြိုင်ကို စစ်​ကြောင်း​လေး​ကြောင်း စစ်​ကောင်စီတပ်က ထိုးစစ်ဆင်​နေတာ။ အဓိက ​ဒေသခံ​​တွေ တစ်ပိုင်တစ်နိုင်လုပ်​နေတဲ့ ​ရေနံတွင်း​တွေကို စစ်​ကောင်စီတပ်က မီးလိုက်ရှို့​နေတာ"ဟု ​မြိုင်မြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​လည်းပြောသည်။

သတင်း

ယမန်နေ့ကလည်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေရွာများသို့ အကြမ်းဖက်စစ်တပ်မှ လေယာဥ် လေးစီးဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံသူအချို့ရှိကာ ပိတ်မိနေသူအများအပြားရှိ ကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။

သတင်း

ယခုနှစ် မေလ ၁၂ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထီရိကျေးရွာရှိ စစ်တပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှ ဝင်ရောက်သိမ်း ပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်တွင် အင်အားတိုးချဲ့လာခြင်းဖြစ်သည်။

သတင်း

အထူးကွန်မန်ဒို တပ်သား ၁၀၀ အတွက် လိုအပ်သည့်ပစ္စည်းများတပ်ဆင်ရန် ခန့်မှန်းကုန်ကျငွေ မှာဒေါ်လာလေးသိန်းရှိမည်ဖြစ်သောကြောင့် ဇွန်လကစ၍ ပြည်တွင်း၊ပြည်ပမှပြည်သူများ၏ ထောက်ပံ့မှုကို MRDA ကမေတ္တာရပ်ခံသည်။