Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟိုက်ပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဒုံးကျည်အသစ်တွေ အမေရိကန် စမ်းသပ်အောင်မြင်

အမေရိကန် လေတပ်က ARRW စီမံကိန်းလို့ အတိုကောက် နာမည်ပေးထားတဲ့ စမ်းသပ်မှုမှာ ဟိုက်ပါဆောနစ် ဒုံးကျည်က ဘယ်လောက် ခရီးဝေးဝေး ပျံသန်းခဲ့သလဲ ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။ ARRWလိုပဲ OpFiresလို့ ကုတ်ဒ်နာမည် ပေးထားတဲ့ တခြား ဟိုက်ပါ ဆောနစ် ဒုံးကျည် တစ်စင်းကိုလည်း အမေရိကန် စစ်တပ်က စမ်းသပ် အောင်မြင်ခဲ့ပါတယ်။

ဟိုက်ပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဒုံးကျည်အသစ်တွေ အမေရိကန် စမ်းသပ်အောင်မြင်
ဟိုက်ပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဒုံးကျည်အသစ်တွေ အမေရိကန် စမ်းသပ်အောင်မြင်

အကြိမ်ကြိမ် ချွတ်ချော် ရှုံးနိမ့်ခဲ့တဲ့ ဖြစ်စဉ်တွေအပြီး အမေရိကန် စစ်တပ်ဟာ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တွေကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန် လေတပ်နဲ့ ကာကွယ်ရေး နည်းပညာ သုတေသန ပရောဂျက်တို့က သဘောသဘာဝ ကွဲပြားပေမယ့် ဟိုက်ပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဒုံးကျည်နှစ်မျိုးကို ဆက်တိုက် စမ်းသပ် အောင်မြင်ခဲ့တာလို့ ပြောပါတယ်။ ဟိုက်ပါဆောနစ် ဆိုတာက အသံထက် ၅ ဆကျော် ပိုမြန်အောင် ပျံသန်းနိုင်တဲ့ လက်နက်တွေကို ဆိုလိုပြီး လက်ရှိ ကမ္ဘာ့ လက်နက် အင်အားကြီး နိုင်ငံ လက်တဆုပ်စာလောက်သာ ဒီနည်းပညာအတွက် ပြိုင်ဆိုင်နိုင်စွမ်း ရှိကြပါတယ်။

လေတပ်က AGM-183A လို့ နာမည်ပေးထားတဲ့ ဝေဟင်က မြေပြင်ပစ် ဒုံးကျည်ကို အခု သီတင်းပတ် အစောပိုင်းမှာ နှစ်ကြိမ်ဆက်တိုက်အဖြစ် အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ အဲဒီမတိုင်ခင်က လေတပ်ရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် ပစ်ခတ်မှုတိုင်းက အရှုံးတွေနဲ့ချည်း ရင်ဆိုင်နေခဲ့ရတာပါ။

အခုစမ်းသပ်မှုဟာ AGM-183Aဟာ သတ်မှတ် မြန်နှုန်းဖြစ်တဲ့ Mach 5 (အသံထက် ၅ ဆ) ကျော်လွန်အောင် ပျံသန်းနိုင်ခဲ့တယ်လို့ လေတပ်က အတည်ပြုပါတယ်။ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ တရုတ်၊ ရုရှားတို့နဲ့ ပြိုင်ဆိုင်ဖို့အတွက် လေတပ်မှာ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တွေ ပိုင်ဆိုင်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်။ ရုရှားဆိုရင် ယူကရိန်းနဲ့ စစ်ပွဲမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းကို ပထမဆုံးအကြိမ် လက်တွေ့ အသုံးချပြီး တိုက်ခိုက်ခဲ့ပြီးပါပြီ။

အမေရိကန် လေတပ်က ARRW စီမံကိန်းလို့ အတိုကောက် နာမည်ပေးထားတဲ့ စမ်းသပ်မှုမှာ ဟိုက်ပါဆောနစ် ဒုံးကျည်က ဘယ်လောက် ခရီးဝေးဝေး ပျံသန်းခဲ့သလဲ ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။ ARRWလိုပဲ OpFiresလို့ ကုတ်ဒ်နာမည် ပေးထားတဲ့ တခြား ဟိုက်ပါ ဆောနစ် ဒုံးကျည် တစ်စင်းကိုလည်း အမေရိကန် စစ်တပ်က စမ်းသပ် အောင်မြင်ခဲ့ပါတယ်။

ဒီဒုံးကျည်ကတော့ မြေပြင် အခြေစိုက် ပစ်လွှတ်တာဖြစ်ပြီး ဟိုက်ပါ ဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ လေဟုန်စီး Glider ယာဉ်တစ်မျိုးပုံစံ ဖြစ်ပါတယ်။ အဲဒီ Gliderထဲမှာ ဒုံးကျည် ထိပ်ဖူးတွေ တပ်ဆင်ပြီး ဟိုက်ပါဆောနစ် ဒုံးကျည်အဖြစ် အသုံးပြုဖို့ ဖန်တီးထားတာပါ။ မေလတုန်းကလည်း ဒီလက်နက်ကို စမ်းသပ်ပစ်လွှတ်ဖူးပေမယ့် ဟိုက်ပါဆောနစ် မြန်နှုန်းထိတော့ မပျံသန်းနိုင်ခဲ့ပါဘူး။ အခုတော့ ARRWရော OpFiresပါ စစ်လက်နက် နည်းပညာ ကဏ္ဍမှာ ဂုဏ်ယူ ကျေနပ်လောက်စရာ အောင်မြင်မှု မှတ်တိုင်သစ်တွေကို စိုက်ထူနိုင်ခဲ့ကြောင်း ပင်တဂွန်က ကြေညာပါတယ်။

အမေရိကန်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ရုရှားက ဟိုက်ပါဆောနစ် ဒုံးကျည်တွေ စမ်းသပ် အောင်မြင်နေပြီလို့ ကြေညာထားပြီး တရုတ်ကလည်း တရားဝင် မထုတ်ပြန်ပေမယ့် နည်းပညာပိုင်း တိုးတက်မှုတွေ ရှိနေတယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယား အစိုးရကလည်း ဟိုက်ပါဆောနစ် ဒုံးကျည်နည်းပညာ မြှင့်တင်ရေး ကဏ္ဍမှာ ထဲထဲဝင်ဝင် ပါဝင်သွားမယ်လို့ ကြေညာထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း မြန်မာပြည်သူများနှင့် ယူကရိန်းပြည်သူများနှင့် အတူ ရပ်တည်၍ ထိုအစည်းအဝေးကို သပိတ်မှောက်ရန် တောင်းဆိုထားခြင်းဖြစ်သည်။

နိုင်ငံတကာ

James Webb’s Telescopeဟာ အနန္တ စကြာဝဠာလို့ ညွှန်းဆိုရမယ့် ကျယ်ပြောလှတဲ့ အာကာသကြီးထဲက လူတွေ မသိနိုင်သေးတဲ့ လျှို့ဝှက်ချက်တွေကို တစ်စချင်းစီ ဖော်ထုတ်နိုင်ဖို့အတွက် သန်းနဲ့ချီတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးထားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ နက်ဆာ ကာနာနီ ချာဖီကတော့ အီရန်နဲ့ ရုရှားတို့ကြား စစ်ရေး နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ယူကရိန်းစစ်ပွဲ မတိုင်ခင် ကတည်းက သဘောတူညီမှု ရရှိထားတာလို့ ပြောပါတယ်။

နိုင်ငံတကာ

အီလီနွိုက်စ်မှာ ခရီမိုရဲ့ လက်ချက်ကြောင့် လူ ၆ ဦးသေပြီး နာရီပိုင်း အကြာမှာပဲ ဖီလာဒဲလ်ဖီးယားက လွတ်လပ်ရေးနေ့ မီးပန်းအလှ ပစ်ဖောက်တဲ့ အခမ်းအနား တစ်ခုမှာလည်း ပစ်ခတ်မှု ဖြစ်ခဲ့ပြန်တာကြောင့် လူ ၂ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။