Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုဗစ်ရောဂါဟာ နေရာအနှံ့မှာ အဆီးအတားမရှိ ကူးစက်နေနိုင်ပြီလို့ WHOပြော

အစိုးရတွေ အနေနဲ့ အရင်လို တင်းကျပ်တဲ့ Lockdown အစီအမံတွေ ပြန်မသုံးနိုင်သေးဘူး ဆိုရင်တောင် ဆေးစစ်နိုင်စွမ်းနဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေ အရှိန်မြှင့်နိုင်အောင် ကြိုးစားပေးဖို့တော့ ဒေါက်တာ ဂျီဘရီယီးဆက်စ်က တိုက်တွန်းခဲ့ပါတယ်။

ကိုဗစ်ရောဂါဟာ နေရာအနှံ့မှာ အဆီးအတားမရှိ ကူးစက်နေနိုင်ပြီလို့ WHOပြော
ကိုဗစ်ရောဂါဟာ နေရာအနှံ့မှာ အဆီးအတားမရှိ ကူးစက်နေနိုင်ပြီလို့ WHOပြော

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာအနှံ့မှာ အတားအဆီး အနှောင့်အယှက်မရှိ လွတ်လွတ်လပ်လပ်ကြီး ပျံ့နှံ့ ကူးစက်နေပြီလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးခဲ့ပါတယ်။

ကိုဗစ်ရောဂါ ကူးစက်မှုတွေ အစပြုပြီး ၂ နှစ်ကျော်လောက် အကြာမှာတော့ ကမ္ဘာ့နိုင်ငံ အားလုံးလိုလိုဟာ အသွားအလာ ကန့်သတ်မှုတွေ၊ Lockdownတွေကို ဖြေလျှော့ပြီး ပုံမှန် အခြေအနေဆီ ပြန်သွားဖို့ အားယူနေကြပါပြီ။ ကပ်ရောဂါ ကာလအတွင်းမှာ ကမ္ဘာ့နိုင်ငံ အသီးသီးဟာ စီးပွားရေး ကျပ်တည်းမှုတွေ ကြုံခဲ့ပြီး နွမ်းနယ် ချိနဲ့နေပြီ ဖြစ်တာကြောင့် ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့ အစိုးရ အသီးသီးအပေါ် ဖိအားတွေ တပုံတပင် ကျရောက်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ အခြေအနေတွေကြောင့်ပဲ ကပ်ရောဂါ ဗိုင်းရပ်စ်ပိုးဟာ အတားအဆီး မရှိတော့ဘဲ လွတ်လွတ်လပ်လပ် ပျံ့နှံ့ ကူးစက်လာနေနိုင်ကြောင်း WHOရဲ့ အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က ပြောပါတယ်။

အစိုးရတွေ အနေနဲ့ အရင်လို တင်းကျပ်တဲ့ Lockdown အစီအမံတွေ ပြန်မသုံးနိုင်သေးဘူး ဆိုရင်တောင် ဆေးစစ်နိုင်စွမ်းနဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေ အရှိန်မြှင့်နိုင်အောင် ကြိုးစားပေးဖို့တော့ ဒေါက်တာ ဂျီဘရီယီးဆက်စ်က တိုက်တွန်းခဲ့ပါတယ်။

WHOရဲ့ ကြေညာချက် မတိုင်ခင် ရက်ပိုင်းအလိုမှာ အမေရိကန် ရောဂါ တိုက်ဖျက်ရေးဌာန (CDC)ကလည်း အသစ်တွေ့ရှိတဲ့ Omicronမျိုးကွဲ ဗိုင်းရပ်စ်တွေရဲ့ ကူးစက်နှုန်း မြန်ဆန်မှုနဲ့ ပြင်းထန်တဲ့ ဖျားနာနိုင်ခြေတွေအတွက် စိုးရိမ်သင့်ကြောင်း သတိပေးခဲ့ပါတယ်။ အခုဆိုရင် အမေရိကန်မှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှု အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ BA.4နဲ့ BA.5ဆိုတဲ့ Omicron မျိုးကွဲတွေကြောင့် ဖြစ်တယ်လို့ အတည်ပြုထားပြီး ကူးစက်လူနာ အားလုံးရဲ့ ၆၇ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားသူတွေပါ။

တစ်နည်းအားဖြင့် ဒီမျိုးကွဲသစ် ဗိုင်းရပ်စ်တွေဟာ ကာကွယ်ဆေးရဲ့ အာနိသင်ကို ကျော်လွှားနိုင်တဲ့ သဘောပါပဲ။ ဒါပေမဲ့ ကာကွယ်ဆေး ထိုးနှံထားခြင်းဟာ ရောဂါလက္ခဏာတွေ ပြင်းထန်နိုင်ခြေကိုတော့ သိသိသာသာ လျှော့ချပေးနိုင်တဲ့ အားသာချက် ရှိနေဆဲလို့ ပညာရှင်တွေက ထောက်ခံထားပါတယ်။

အခုဆိုရင် ဥရောပမှာလည်း ကိုဗစ် ကူးစက်မှုတွေ တကျော့ပြန် ခေါင်းထောင်လာနေတာကြောင့် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ၄ လုံးမြောက် ကာကွယ်ဆေး Booster ထပ်ထိုးကြဖို့ အကြံပြု နှိုးဆော်နေပါတယ်။ တရုတ်မှာတော့ BA.5 မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် စတင် ရောက်ရှိလာခြင်းကြောင့် ရှန်ဟိုင်းမြို့ ဖြစ်စဉ်လိုမျိုး တင်းကျပ်တဲ့ Lockdown သတ်မှတ်ချက်တွေနဲ့ ပြန်ကြုံလာမှာကို စိုးရိမ်နေကြပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

တရုတ် လက်အောက်ခံ မြို့ပြနိုင်ငံ မကာအိုဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး လောင်းကစား မြို့တော်ကြီး တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ မကာအိုရဲ့ စီးပွားရေး ကဏ္ဍ ရာခိုင်နှုန်း အများစုဟာ တရားဝင် ဖွင့်လှစ်ထားတဲ့ ကာစီနို လောင်းကစား လုပ်ငန်းတွေအပေါ် မှီခိုထားရပါတယ်။

သတင်း

စစ်ကောင်စီကနေတဆင့်ဖြတ်သန်းသွားမယ့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာနဲ့ စစ်ကောင်စီနယ်မြေစိုးမိုးမှု ပိုရအောင် အားပေးရာရောက်တယ်လို့ဝေဖန်တာတွေလည်းရှိနေပါတယ်။

နိုင်ငံတကာ

လောလောဆယ် တီထွင်နေတဲ့ ဖျန်းဆေးဟာ နှာခေါင်းကနေတဆင့် ဗိုင်းရပ်စ် ဝင်ရောက်မှုကို တားဆီးပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ နှာခေါင်းပေါက်ဟာ အသက်ရှူ လမ်းကြောင်းထဲ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိမှုမှာ အဓိက အကျဆုံး ဝင်ပေါက်လည်း ဖြစ်ပါတယ်။

နိုင်ငံတကာ

စစ်တမ်းကို ပြုစုရာမှာ နိုင်ငံအလိုက် အစိုးရနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို အသုံးပြုပြီး တရားဝင် ထုတ်ပြန်ချက် မရနိုင်တဲ့ နေရာတွေမှာတော့ ခန့်မှန်း အရေအတွက်ကို အသုံးပြုခဲ့ပါတယ်။