Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်း​ခေါင်​ဆောင်၏ ရန်ကုန်အိမ်တစ်လုံးထပ်မံ​ရောင်းမည်ဟု NUG ​ပြော

ထိုပြင် ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာရှိစစ်တပ်ပိုင်မြေများကို နွေဦးတော်လှန်ရေး အထိမ်းအမှတ် ပန်းခြံပါဝင်သည့် စိမ်းလန်းဧရိယာ(Green Area) တစ်ခုအဖြစ်ဖော်ဆောင်သွားမည်ဖြစ်ပြီး ၎င်းအတွက် စီမံကိန်းအဆိုပြုလွှားများဖိတ်ခေါ်သွားမည်ဟုထုတ်ပြန်ထားသည်။

(​အစုရှယ်ယာ ဒေါ်လာ ၈သန်းဖိုး​ရောင်းချပြီးဖြစ်​သော အာဏာသိမ်း​ခေါင်း​ဆောင်သိမ်းယူထားသည့် အင်လျားလမ်းအိမ်နံမှတ် ၁၄ ​နေအိမ် ။ ။ဓါတ်ပုံ-Google Map)
(​အစုရှယ်ယာ ဒေါ်လာ ၈သန်းဖိုး​ရောင်းချပြီးဖြစ်​သော အာဏာသိမ်း​ခေါင်း​ဆောင်သိမ်းယူထားသည့် အင်လျားလမ်းအိမ်နံမှတ် ၁၄ ​နေအိမ် ။ ။ဓါတ်ပုံ-Google Map)

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပိုင်ဆိုင်သည့် ရန်ကုန်မြို့မှ နေအိမ်တစ်လုံးကို ထပ်မံရောင်းချသွားမည်ဟုအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးကယနေ့ထုတ်ပြန်
သည်။

အာဏာရှင် အဆုံးသတ်နိဂုံး(EOD)အစီအစဉ်ဖြင့် NUGက စစ်ခေါင်းဆောင်ပိုင်ဆိုင်သည့် အင်းလျားလမ်းရှိ အိမ်နံပတ် ၁၄ကို ဒေါ်လာ ၁၀ သန်းဖြင့်ရောင်းချပြီးနောက် ဒုတိယမြောက် အိမ်တစ်လုံးကို ထပ်မံရောင်းချရန် NUGကစီစဥ်​နေခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်၏ အင်လျားလမ်း အိမ်နံပတ် ၁၄ကို ရောင်းချရာတွင် လက်ရှိတွင် ဒေါ်လာ ၈ သန်းကျော်ရရှိထားပြီး ရောင်းချရန် ရှယ်ယာ ၁၇၀၀၀ကျော် (ဒေါ်လာ ၁ ဒသမ ၇ သန်း)သာကျန်ရှိတော့သည်ဟု ရှယ်ယာရောင်းချပေးနေသူများထံမှသိရသည်။

ထိုအိမ်အတွက် Final Call(နောက်ဆုံးရှယ်ယာရောင်းချမှု) ရောက်ရှိလာတော့မည်ဟု NUGကအသိ​ပေးထားသည်။

နှစ်ဧကခန့်ကျယ်ဝန်းသောအာဏာသိမ်း စစ်ခေါင်းဆောင် ပိုင်ဆိုင်သည့် အင်လျားလမ်းမှ အိမ်နံပတ် ၁၄ ကို NUGက ဒေါ်လာ ၁၀သန်းတန်ဖိုးရှိသည့် အစုရှယ်ယာ တစ်သိန်းကို မေ ၅ ရက်တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ ထိုအိမ်နှင်ခြံသည် ကာလတန်ဖိုးဒေါ်လာ ၃၆ သန်းတန်​သော်လည်းကာလတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းဖြင့် NUGက ရောင်းချခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အမည်ဖြင့် အဓမ္မသိမ်းယူထားသည့် အိမ်လေးလုံးရှိပြီးစစ်အုပ်စုက သိမ်းယူထားသည့် မြေကွက်ပေါင်း ၆၀ ကျော်အထိရှိသည်ဟု NUG၊စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောထားသည်။

ထိုပြင် ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာရှိစစ်တပ်ပိုင်မြေများကို နွေဦးတော်လှန်ရေး အထိမ်းအမှတ် ပန်းခြံပါဝင်သည့် စိမ်းလန်းဧရိယာ(Green Area) တစ်ခုအဖြစ်ဖော်ဆောင်သွားမည်ဖြစ်ပြီး ၎င်းအတွက် စီမံကိန်းအဆိုပြုလွှားများဖိတ်ခေါ်သွားမည်ဟုထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် အာဇာနည်နေ့အကြို ပြိုင်ပွဲများအဖြစ် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြော ပြိုင်ပွဲနှင့် အာဇာနည်နေ့အ​ကြောင်း ကဗျာရွတ်ဆို ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပသွားမည်​ ဖြစ်သည်။

သတင်း

အဆိုပါတွေ့ဆုံမှုတွင် NUG ယာယီသမ္မတက နိုင်ငံ တကာအသိုင်းအဝန်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ရေးတိုက်တွန်းပေးရန် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။

သတင်း

Kaung For You Education ပညာရေးကျောင်းမှ ကျောင်း သား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၏ ကိုယ်ရေးအချက်အလက်အချို့ ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းကျောင်းမှ ဆရာ၊ ဆရာမငါးဦးနှင့် ကျောင်းသူတစ်ဦးတို့ ယမန်နေ့(ဇူလိုင် ၁၃)က စစ်ကောင် စီ၏ဖမ်းဆီးခြင်းခံခဲ့ရသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးဌာနများ၏ ဆေးရုံ။ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် လစ်လပ်နေရာ ၁၅၀နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ကြောင်း ကြေညာခြင်းဖြစ်သည်။