Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင်စစ်​ကောင်စီတပ်ဖမ်းဆီးထား​သော PDF နှစ်ဦးတပ်တွင်းကူညီ​ပေးသူကြောင့်လွတ်​မြောက်လာဟုဆို

“မနေ့ည၈ နာရီဝန်းကျင်မှာ အထဲမှာ ရှိတဲ့ ဖရဲသီးလို့ပဲ ပြောရမှာပေါ့။ နားလည်မှုနဲ့ ကူညီပြီး ထုတ်ပေးခဲ့တာ။ ရဲဘော်နှစ်ယောက်က က တစ်နေရာစီကွဲသွားပေမယ့် အခုတော့ ဘေးကင်းလွတ်မြောက်ရာသို့ ပြန်လည်ရောက်ရှိပြီး ဖရဲသီးလည်း ဘေးကင်းပါတယ်။”ဟု မြေပြင်သတင်းပေး ဗိုလ်ဂျမ်းတုံးက WeLovemyaing အဖွဲ့ထံ ပြောကြားသည်။

(ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်လာသော ရဲဘော်နှစ်ဦး။ ။ဓါတ်ပုံ- We Love Myaing)
(ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်လာသော ရဲဘော်နှစ်ဦး။ ။ဓါတ်ပုံ- We Love Myaing)

မ​ကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်​ကောင်စီတပ်၏ဖမ်းဆီးခြင်းခံထားရသည့် ​ဒေသခံPDFနှစ်ဦးအားတပ်တွင်းအကူအညီပေးသူကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မြိုင်မြို့နယ်အနောက်ပိုင်းနှင့် ပေါက်မြို့နယ်စပ်ရေနံမှော်ဘက်တွင် စစ်စခန်းချထားသော အကြမ်းဖက်စစ်တပ်သည် မြိုင်နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။

ပြည်သူ့ရဲဘော်နှစ်ဦးအား ဝက်ပုတ်ရွာ၌ ဖမ်းချုပ်နှောင်ထားခဲ့ရာ ယမန်နေ့( ဇူလိုင်လ၁၄ရက်) ည ၈နာရီဝန်းကျင်တွင် ဝက်ပုတ်ရွာ စစ်စခန်းရှိ အတွင်းဖရဲသီးမှ ထိပ်တုံး လက်ထိပ်များကို ဖြုတ်ပေးပြီး လွတ်မြောက်ရာသို့ ပို့ဆောင်ပေးခဲ့၍ ဖမ်းဆီးခံရဲဘော်နှစ်ဦးဘေးကင်းရာသို့လွတ်မြောက် ရောက်ရှိပြီးဖြစ်ကြောင်း ဗိုလ်ဂျမ်းတုံး၏ ပြောဆိုမှုကို We Love Myaing အဖွဲ့က အသိပေးထားသည်။

ဇူလိုင်လ ၁၂ရက်နေ့က မြိုင်နယ် ပတ္တမြားတောင်ပေါ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်သည် ပြည်သူအယောက် ၂၀ ခန့်နှင့် ပြည်သူ့ရဲဘော်နှစ််ဦးကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ပြည်သူများကို ပြန်လွှတ်ပြီး ရဲဘော်နှစ်ဦးကိုမူ ဝက်ပုတ်ရွာ စာသင်ကျောင်းထဲတွင် လက်ထိပ်ခတ် ထိပ်တုံးခတ်ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်အချို့က ပြောသည်။

“မနေ့ည၈ နာရီဝန်းကျင်မှာ အထဲမှာ ရှိတဲ့ ဖရဲသီးလို့ပဲ ပြောရမှာပေါ့။ နားလည်မှုနဲ့ ကူညီပြီး ထုတ်ပေးခဲ့တာ။ ရဲဘော်နှစ်ယောက်က က တစ်နေရာစီကွဲသွားပေမယ့် အခုတော့ ဘေးကင်းလွတ်မြောက်ရာသို့ ပြန်လည်ရောက်ရှိပြီး ဖရဲသီးလည်း ဘေးကင်းပါတယ်။”ဟု မြေပြင်သတင်းပေး ဗိုလ်ဂျမ်းတုံးက WeLovemyaing အဖွဲ့ထံ ပြောကြားသည်။

ဖမ်းဆီးခံရသည့် ရဲဘော်နှစ်ဦး လုံခြုံရေးအရ မည်သည့် အဖွဲ့က ဖြစ်ကြောင်း ပြောပြခြင်း မရှိခဲ့ပါ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစောင့်ဂိတ်တဲကိုလည်း မနေ့ကညပိုင်းမှာ ဗုံးပစ်ခံရပြီး ပစ်ခတ်တာတွေရှိခဲ့ပေမယ့် မည်သည့်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

သတင်း

ဇူလိုင် ၁၄ရက် နေ့ခင်းပိုင်းတွင် ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာ မှ စစ်ကောင်စီတပ်များသည် ပေါက်တောင်ပိုင်း တောင်ချိုကျေးရွာသို့ ရောက်ရှိကာ စာသင်ကျောင်း ပစ္စည်းများအား ဖျက်ဆီးမီးရှို့ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

တိုက်ပွဲအတွင်းကျဆုံးခဲ့သောရဲဘော်အား KNDFက အာဇာနည်သူရဲကောင်း အဖြစ် အလေးပြု သမိုင်းမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

ထီရိစခန်း သိမ်းပိုက်ခံရမှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်အပါအဝင် တပ်သား ၁၅ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးနှင့် PNO တပ်သား သုံးဦး လက်နက်ချဖမ်းမိခဲ့သည်။