Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်အပေါ် အရေးယူဆောင်ရွက်ချက်များကို ဖေ့စ်ဘုတ်၏ ပထမဆုံးလူ့အခွင့်အရေး အစီရင်ခံစာ၌ ဖော်ပြ

ဖေ့စ်ဘုတ်သည် ၂၀၁၈ ကတည်းက စစ်တပ်၏ များပြားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်အပါအဝင် စစ်တပ်နှင့်ဆက်စပ်သော ပုဂ္ဂလိကအကောင့်များနှင့် အဖွဲ့အစည်းများ၏စာမျက်နှာ ၂၀ ကို စတင်ပိတ်ပင်ခဲ့သည်။

(၂၀၂၂ ​မေလ ၁၀ ရက်က​ရေဦးမြို့နယ်​မောင်တိုင်ပင် ​ကျေးရွာတွင် စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူများကို အစုလိုက်အပြုံလိုက်မသတ်ဖြတ်ခင်ဖမ်းဆီးထားမှုနှင့်ပြည်သူများကိုသတ်ဖြတ်ရသည်ကို ဝမ်းသာအားရ​​ပြောဆို၍ ဆဲဖီးလ်ဓါတ်ပုံရိုင်​နေ​သောစစ်​ကောင်စီတပ်သားသုံးဦး။ ဓါတ်ပုံ-RFA)

အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ကြောင့် အရေးယူဆောင်ရွက်ခဲ့မှုများကို ဖေ့စ်ဘုတ်ကုမ္ပဏီ Meta ၏ လူ့အခွင့်အရေးဆိုင်ရာအစီ ရင်ခံစာ၌ ဖော်ပြသည်။

Meta သည် ၎င်းတို့၏ ပထမဆုံးလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာကို ယခုလတွင် ထုတ်ပြန် လိုက်ခြင်းဖြစ်ပြီး မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် တုံ့ပြန်ဆောင်ရွက်အရေး ယူမှုများကို သီးခြားဖော်ပြထားခြင်းဖြစ်သည်။

(၂၀၂၂ ​မေလ ၁၀ ရက်က​ရေဦးမြို့နယ်​မောင်တိုင်ပင် ​ကျေးရွာတွင် စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူများကို အစုလိုက်အပြုံလိုက်မသတ်ဖြတ်ခင်ဖမ်းဆီးထားမှုနှင့်ပြည်သူများကိုသတ်ဖြတ်ရသည်ကို ဝမ်းသာအားရ​​ပြောဆို၍ ဆဲဖီးလ်ဓါတ်ပုံရိုင်​နေ​သောစစ်​ကောင်စီတပ်သားသုံးဦး။ ဓါတ်ပုံ-RFA)
(၂၀၂၂ ​မေလ ၁၀ ရက်က​ရေဦးမြို့နယ်​မောင်တိုင်ပင် ​ကျေးရွာတွင် စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူများကို အစုလိုက်အပြုံလိုက်မသတ်ဖြတ်ခင်ဖမ်းဆီးထားမှုနှင့်ပြည်သူများကိုသတ်ဖြတ်ရသည်ကို ဝမ်းသာအားရ​​ပြောဆို၍ ဆဲဖီးလ်ဓါတ်ပုံရိုင်​နေ​သောစစ်​ကောင်စီတပ်သားသုံးဦး။ ဓါတ်ပုံ-RFA)

ဖေ့စ်ဘုတ်သည် ၂၀၁၈ ကတည်းက စစ်တပ်၏ များပြားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်အပါအဝင် စစ်တပ်နှင့်ဆက်စပ်သော ပုဂ္ဂလိကအကောင့်များနှင့် အဖွဲ့အစည်းများ၏စာမျက်နှာ ၂၀ ကို စတင်ပိတ်ပင်ခဲ့သည်။

အာဏာသိမ်းပြီးနောက်တွင်လည်း မြန်မာစစ်တပ်၏ ကျူးလွန်နေဆဲအကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စစ်တပ်၊ စစ်တပ်ထိန်းချုပ်သော နိုင်ငံပိုင်မီဒီယာများ၊ စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ၏ စာမျက်နှာများ၊ ဂရုများ၊ အကောင့်များ၊ အင်စတာဂရမ် အကောင့်များကို ဖေ့စ်ဘုတ်က တားမြစ်ပိတ်ပင်ခဲ့သည်။

(၂၀၂၂ ​မေလ ၁၀ ရက်က​ရေဦးမြို့နယ်​မောင်တိုင်ပင် ​ကျေးရွာတွင် စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူများကို အစုလိုက်အပြုံလိုက်မသတ်ဖြတ်ခင်ဖမ်းဆီးထားမှုနှင့်ပြည်သူများကိုသတ်ဖြတ်ရသည်ကို ဝမ်းသာအားရ​​ပြောဆို၍ ဆဲဖီးလ်ဓါတ်ပုံရိုင်​နေ​သောစစ်​ကောင်စီတပ်သားသုံးဦး။ ဓါတ်ပုံ-RFA)
(၂၀၂၂ ​မေလ ၁၀ ရက်က​ရေဦးမြို့နယ်​မောင်တိုင်ပင် ​ကျေးရွာတွင် စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူများကို အစုလိုက်အပြုံလိုက်မသတ်ဖြတ်ခင်ဖမ်းဆီးထားမှုနှင့်ပြည်သူများကိုသတ်ဖြတ်ရသည်ကို ဝမ်းသာအားရ​​ပြောဆို၍ ဆဲဖီးလ်ဓါတ်ပုံရိုင်​နေ​သောစစ်​ကောင်စီတပ်သားသုံးဦး။ ဓါတ်ပုံ-RFA)

ထိုသို့တားမြစ်ပိတ်ပင်ရန် ဆုံးဖြတ်ချက်များကို အမေရိကန်၊ အီးယူနှင့် အခြားသောအစိုးရများ၏ အရေးယူပိတ်ဆို့မှုများ၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ တွေ့ရှိချက်အစီရင်ခံစာများအပေါ် အခြေခံလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Meta ကုမ္ပဏီက ဆိုသည်။

ဖေ့စ်ဘုတ်က အကြမ်းဖက်မြန်မာစစ်တပ်အပေါ် အထက်ပါအရေးယူဆောင်ရွက်မှုများလုပ်ဆောင်နေချိန်တွင် ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီများဖြစ်သည့် Apple နှင့် Google တို့အနေဖြင့် လည်း စစ်တပ်နှင့်ဆက်နွှယ်သောအက်ပလီကေးရှင်းများကို ချက်ချင်းဖယ်ရှားရန် Justice For Myanmar က တောင်းဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါဆွီဒင်နိုင်ငံခြားရေးဝန်ကြီးသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူသို့ ဆွီဒင်နိုင်ငံက ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုပေးခဲ့ခြင်းအပေါ် ဝမ်း မြောက်ကြောင်းကြေညာစဉ် ၎င်း၏တွစ်တာမှတဆင့် တိုက်တွန်းခြင်းဖြစ်သည်။

သတင်း

ဆက်လက်ပြီး “ဒီမိုကရေစီတိုင်းပြည်တစ်ခု၊ ဒါ့အပြင် မြန်မာ့အိမ်နီးချင်းတစ်ရပ်လည်းဖြစ်တဲ့ အိန္ဒိယအစိုးရအနေနဲ့ စစ်ရာဇဝတ်ကောင်တွေ၊ တရားမဝင်စစ်ကောင်စီတွေနဲ့ မရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

သတင်း

အဆိုပါတွေ့ဆုံမှုတွင် NUG ယာယီသမ္မတက နိုင်ငံ တကာအသိုင်းအဝန်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ရေးတိုက်တွန်းပေးရန် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။

သတင်း

အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း မြန်မာပြည်သူများနှင့် ယူကရိန်းပြည်သူများနှင့် အတူ ရပ်တည်၍ ထိုအစည်းအဝေးကို သပိတ်မှောက်ရန် တောင်းဆိုထားခြင်းဖြစ်သည်။