Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီရဲ့ လုံခြုံရေးကင်းစခန်း ၂ ခုကို မန္တလေးမြို့ပြပြောက်ကြားအဖွဲ့ ၃ ဖွဲ့တိုက်ခိုက်

မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစောင့်ဂိတ်တဲကိုလည်း မနေ့ကညပိုင်းမှာ ဗုံးပစ်ခံရပြီး ပစ်ခတ်တာတွေရှိခဲ့ပေမယ့် မည်သည့်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဓာတ်ပုံ − GETTY IMAGES
ဓာတ်ပုံ − GETTY IMAGES

မန္တလေးမြို့က အိန္ဒိယကောင်စစ်ဝန်ရုံးရှေ့ စစ်ကောင်စီလုံခြုံရေးကင်း နဲ့ အောင်မြေသာစံမြို့နယ် တရားရုံး ရှေ့ တပ်စွဲထားတဲ့ စစ်ကောင်စီလုံခြုံရေးအဖွဲ့ကို ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ မန္တလေးအခြေစိုက် မြို့ပြပြောက်ကြားအဖွဲ့ ၃ ဖွဲ့က ထုတ်ပြန်အသိပေးပါတယ်။

မနေ့က ညပိုင်း ၈ နာရီလောက်မှာ အိန္ဒိယကောင်စစ်ဝန်ရုံးရှေ့လုံခြုံရေးယူထားတဲ့ စစ်ကောင်စီဂိတ်ကို ဗုံးနဲ့တိုက်ခိုက်ရာ ရဲလေးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောင်မြေသာစံမြို့နယ် တရားရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကိုလည်း ည၈နာရီခန့်ဗုံးထုတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၂ ဦးထိခိုက်ပြီးသေဆုံးနိုင်ခြေရှိတယ်လို့ မန္တလေးအခြေစိုက် မြို့ပြပြောက်ကြားအဖွဲ့ ၃ ဖွဲ့ကထုတ်ပြန်ထားပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေကို ကို မန္တလေးနန်းတွင်းကိုသယ်ဆောင်ပြီး စစ်ကောင်စီဘက်ကဆေးကုပေးနေတယ်လို့သတင်းတွေထွက်နေပါတယ်။

ဗုံးနဲ့ထုခံရတဲ့အတွက် စစ်အုပ်စုဘက်က ပြန်ပစ်ခတ်ပေမယ့် မြို့ပြပြောက်ကြားအဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

မနေ့က ညပိုင်း တိုက်ခိုက်မှုကို Mother Son Mandalay Force၊ Myanmar Revolution Ranger force နဲ့ Kings Cobra Guerilla Force- MDY စတဲ့ မဟာမိတ်သုံးဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစောင့်ဂိတ်တဲကိုလည်း မနေ့ကညပိုင်းမှာ ဗုံးပစ်ခံရပြီး ပစ်ခတ်တာတွေရှိခဲ့ပေမယ့် မည်သည့်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"မနေ့ည၈ နာရီဝန်းကျင်မှာ အထဲမှာ ရှိတဲ့ ဖရဲသီးလို့ပဲ ပြောရမှာပေါ့။ နားလည်မှုနဲ့ ကူညီပြီး ထုတ်ပေးခဲ့တာ။ ရဲဘော်နှစ်ယောက်က က တစ်နေရာစီကွဲသွားပေမယ့် အခုတော့ ဘေးကင်းလွတ်မြောက်ရာသို့ ပြန်လည်ရောက်ရှိပြီး ဖရဲသီးလည်း ဘေးကင်းပါတယ်။"ဟု မြေပြင်သတင်းပေး ဗိုလ်ဂျမ်းတုံးက WeLovemyaing အဖွဲ့ထံ ပြောကြားသည်။

သတင်း

တိုက်ပွဲအတွင်းကျဆုံးခဲ့သောရဲဘော်အား KNDFက အာဇာနည်သူရဲကောင်း အဖြစ် အလေးပြု သမိုင်းမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

ထီရိစခန်း သိမ်းပိုက်ခံရမှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်အပါအဝင် တပ်သား ၁၅ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးနှင့် PNO တပ်သား သုံးဦး လက်နက်ချဖမ်းမိခဲ့သည်။

သတင်း

ဖမ်းဆီးခေါ်ဆောင်လာစဥ် ခုခံထွက်ပြေးသဖြင့် ရှင်းလင်းလိုက်ရကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ် ရေးအဖွဲ့၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Tigyaing Revolution က ယမန်နေ့(ဇူလိုင် ၁၄ရက်) ညတွင် ထုတ်ပြန် ထားသည်။