Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကမ်းပြိုတိုက်ပွဲတွင် စစ်​ကောင်စီတပ်​ရေယာဥ်အုပ်စု၏ ပျက်စီးခဲ့​သော​ ရေယာဥ်​ပေါ်မှ ခဲယမ်းနှင့် စစ်အသုံးအ​ဆောင်ပစ္စည်းများကို PDFများ သိမ်းဆည်းရရှိ

“တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

(စစ်​ကောင်စီတပ်​ရေယာဥ်အုပ်စု​ပေါ်မှ သိမ်းဆည်းရရှိ​သောခဲယမ်းမီး​ကျောက်နှင့်စစ်တပ်သုံးပစ္စည်းများ။ဓါတ်ပုံ-KPDF)
(စစ်​ကောင်စီတပ်​ရေယာဥ်အုပ်စု​ပေါ်မှ သိမ်းဆည်းရရှိ​သောခဲယမ်းမီး​ကျောက်နှင့်စစ်တပ်သုံးပစ္စည်းများ။ဓါတ်ပုံ-KPDF)

ချင်းတွင်းမြစ်ကြောင်း အထက်ပိုင်းသို့ ဆန်တက်လာသောစစ်​ကောင်စီရေယာဉ်အုပ်စုကို ​ဒေသတွင်း PDF များက​စောင့်ကြို တိုက်ခိုက်​နေရာ ကမ်းပြိုတိုက်ပွဲအတွင်းထိ့ခိုက်ပျက်စီးသွား​သော စစ်​ကောင်စီ​ရေယာဥ်တစ်စီး​ပေါ်မှ​​မျောပါလာ​သောခဲယမ်းများနှင့်စစ်အသုံးအ​​ဆောင်ပစ္စည်းများစွာကိုသိမ်းဆည်းနိုင်ခဲ့​ကြောင်းဗိုလ်နုတ်ခမ်းမွှေးနှင့်ရဲဘော်များKPDFက သတင်းထုတ်ပြန်သည်။

၆၀ မမ (၂)လုံး၊ 5.56 ကျည် 280 တောင့်၊ ၆၀ မမ နောက်ရိုက်ဒန်ကတ်သီး(၁၀)လုံး၊ ( 76th Anniversary Fire-Services Department) စာတန်းပါသော မိုးကာအင်္ကျီ အထည် ၁၅၀ ခန့်၊ တပ်မ(၅၅)တံဆိပ်ပါ စစ်အင်္ကျီများ၊ စစ်ဖိနပ်များ၊ စားသုံးဆီ (၃)ပုံး၊ အမျိုးအမည်မသိရသေးသော ပေပါ (၅)လုံး၊စစ်တပ်သုံး ကျောပိုးခြင်းကျားများ၊စစ်တပ်ထုတ် ရွှေဖီဦးလ္ဘက်ရည်ထုတ်များ၊စစ်​ကောင်စီတပ်သားများအတွက်သာ စာတန်းပါ‌ဝင်သောဆေးဝါးပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့်အခြားစစ်တပ်အသုံးဆောင်ပစ္စည်း အများအပြားအား ယ​နေ့ (ဇူလိုင် ၁၉)ဆယ်ယူသိမ်းဆည်းရရှိခဲ့​ကြောင်း​ဖော်ပြထားသည်။

ဇူလိုင် ၁၈ ရက် ​မွန်းလွဲ ၁ နာရီခန့်တွင် ဗိုလ်နုတ်ခမ်းမွှေးနှင့်ရဲဘော်များအဖွဲ့ကကမ်းပြိုတွင်နာရီဝက်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲတွင်စစ်​ကောင်စီ​ရေယာဥ်အုပ်စုအတွင်းထိခိုက်ပျက်စီးမှုများသော ရေယာဉ်တစ်စီးပေါ်မှ ပစ္စည်းများမျောပါလာခဲ့ခြင်းဖြစ်ပြီး ဗိုလ်နှုတ်ခမ်းမွှေးနှင့်ရဲဘော်များကင်းထောက်အဖွဲ့မှ သတင်းပေးပို့မှုအရ ရဲဘော်များဝိုင်းဝန်းဆယ်ယူရရှိခဲ့​ကြောင်းသတင်းထုတ်ပြန်ထားသည်။


ဇူလိုင် ၁၈ ရက်မှစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ်ကမ်းမှစတင်ထွက်ခွာလာသည့် စစ်ကောင်စီ၏ရေယာဥ်အုပ်စုတွင်အမြန်ယဥ်စစ်သဘော်ကင်းထောက်ဘုတ်နှစ်စီးအပါအဝင်ရေယာဥ် ၁၃ စီး နှင့် စစ်သားအင်အား ၁၀၀ ကျော်ပါဝင်​ပြီးချင်းတွင်းမြစ်အ​ထက်ပိုင်းသို့ ဆက်တက်လာ​နေ​ကြောင်း ​ဒေသတွင်းPDFများကသတိ​ပေးထားသည်။ထို ရေယာဥ်အုပ်စုသည် စစ်ကိုင်းအထက်ပိုင်းရှိခန္တီးနှင့် ဟုမ္မလင်း မြို့ သို့ စစ်ကောင်စီက လက်နက်ခဲယမ်း ရိက္ခာ များကိုပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သ င်္ဘောတစ်စီးနှင့်ပြောက်ကျားစစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်း ၌ဇူလိုင် ပထမ ပတ်တည်းက တပ်စွဲ ခဲ့ခြင်းဖြစ်သည်။

အဆိုပါရေယာဥ်အုပ်စုကို ယမန်နေ့(ဇူလိုင်၁၈) နံနက် ၅နာရီ ခန့်က မိနစ် ၃၀ ကြာ တိုက်ခိုက်မှု၌ ချိုင်ရွာအနီးရောက်မော်တော်တစ်စီးမှာ PDF များကလက်လုပ်၉၀မမဖြင့်ပစ်ခန်တိုက်ခိုက်ရာထိမှန်ရာနစ်မြုပ်သွားပြီး ခဲယမ်းကျည်အချို့ ရရှိကြောင်းလည်းသိရသည်။

အလားတူယနေ့(ဇူလိုင် ၁၉ ရက်)နေ့လည် ၂နာရီခန့်ကစ၍ကနီမြို့နယ်အပိုင် နတ်ကြီး နှင့် ငါးဖျက် ရွာ တို့ အကြားPDF များကသုံးကြိမ်တိုင်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ​သေဆုံးထိခိုက်မှုများရှိခဲ့​ကြောင်းကျောက်လုံးကြီး PDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

“တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ချင်းတွင်းမြစ်အထက်ဆန်တက်လာ​သောစစ်​ကောင်စီ​တပ်ရေယာဥ်အုပ်စုကို ​ဒေသခံPDFများက​စောင့်ကြိုတိုက်ခိုက်​နေခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဒေသတွင်းအခြေစိုက်မီဒီယာများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အချက်အလက်များအရ ဇူလိုင် ၁ မှ ၉ ရက်အတွင်း မြေမြှပ်မိုင်းကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ် (၃)ခုတွင် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား (၂) ဦးသေဆုံးပြီး နောက်ထပ် (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

“မင်းတပ်ကိုထွက်သွားတာ ၆၈စီး။အခုတော့ မင်းတပ်တော့မရောက်သေးဘူး။လမ်းတစ်ဝက် ကျော်ကျော်လောက်ရောက်နေပြီ”ဟု ကျောက်ထု ဒေသခံက ယနေ့နေ့လည်ပိုင်း၌ ပြောသည်။

သတင်း

ယမန်နေ့ (ဇူလိုင် ၁၉ ရက်)ည ၈ နာရီ ၁၀မိနစ်ခန့်တွင် စနိုက်ပါတပ်ဖွဲ့မှ စမိုးရဲကင်းအား အီနာဂါဗုံး (၄၀) မမ၊ (၇၉) မမများအပါအဝင် ရှေ့ထွက်မိုင်း၊ တာဝေးပစ်ပြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ ခရီးသွားယာဉ်လိုင်းများကို ငွေကြေးတောင်းခံပြီးမှသာ ဖြတ်သန်းခွင့်ပြုနေပြီး အနည်းဆုံး ငွေကျပ်ငါးထောင်မှ သောင်းဂဏန်းအထိ ပေးနေရသည်ဟုလည်း သိရသည်။