Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ထုမှ မင်းတပ်မြို့သို့ စစ်ကောင်စီယာဉ် ၆၈စီးထွက်ခွာသွား

“မင်းတပ်ကိုထွက်သွားတာ ၆၈စီး။အခုတော့ မင်းတပ်တော့မရောက်သေးဘူး။လမ်းတစ်ဝက် ကျော်ကျော်လောက်ရောက်နေပြီ”ဟု ကျောက်ထု ဒေသခံက ယနေ့နေ့လည်ပိုင်း၌ ပြောသည်။

(ချင်းပြည်နယ်သို့လာ​သော စစ်​ကောင်စီယာဥ်တန်းကို ပြီးခဲ့သည့် ​မေလက​ တွေ့ရစဥ်)
(ချင်းပြည်နယ်သို့လာ​သော စစ်​ကောင်စီယာဥ်တန်းကို ပြီးခဲ့သည့် ​မေလက​ တွေ့ရစဥ်)

မကွေးတိုင်း ကျောက်ထုမြို့မှ ချင်းပြည်နယ် မင်းတပ်မြို့သို့ ယာဉ် ၆၈ စီးပါ စစ်ကောင်စီယာဉ်တန်းထွက်ခွာသွားကြောင်း ကျောက်ထု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ယာဉ်အစီးရေ ၁၀၀ ကျော်ပါ ယာဉ်တန်းသည် ပခုက္ကူမှ ထွက်ခွာလာရာ ဇူလိုင် ၁၈ရက်တွင် ကျောက်ထုသို့ ၉၅ စီးရောက်ရှိခဲ့ပြီး ယနေ့တွင် ကျောက်ထုမှ မင်းတပ်မြို့သို့ ၆၈စီး ဆက်လက်ထွက်ခွာသွားခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ယာဉ်တန်းသည် မင်းတပ်မှ မတူပီမြို့သို့ လက်နက်ရိက္ခာသွားရောက်ဖြည့် တင်းခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

“မင်းတပ်ကိုထွက်သွားတာ ၆၈စီး။အခုတော့ မင်းတပ်တော့မရောက်သေးဘူး။လမ်းတစ်ဝက် ကျော်ကျော်လောက်ရောက်နေပြီ”ဟု ကျောက်ထု ဒေသခံက ယနေ့နေ့လည်ပိုင်း၌ ပြောသည်။

ယခု ယာဉ်တန်းမထွက်မီ ဇူလိုင် ၁၉ရက်က အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ကျောက်ထုမှ မင်းတပ်သို့ ခြေလျင်ထွက်ခွာသွားသည်ဟု ဆိုသည်။

“မင်းတပ်နားတွေမှာတော့ မိုင်းတွေပေါက်တော့ရှေ့မတိုးရဲဘူးထင်တယ်။မနေ့က ၁၀၀ ကျော်တက်သွားကြတာ မိုင်းရှင်းက။ မင်းတပ်နားမှာတော့ ဖြစ်ပုံတူတယ်။ ဒီဘက်(ကျောက်ထုဒေသ၊ ဆောမြို့နယ်)ကတော့ လက်နက်ကလည်း မပြည့်စုံ၊ ယမ်းတွေကလည်း မပြည့်စုံတော့ အသာလေးပဲမှိန်းနေကြတော့တာ။ ပခုက္ကူကလာတုန်းက ၁၀၃စီးလို့ ဆိုတယ်။ ကျောက်ထုနား ရောက်တဲ့အခါ ၉၅ စီးကျောက်ထုကို ဝင်တယ်။ ဒီနေ့တော့ ၆၈စီးထွက်သွားတယ်”ဟု ကျောက်ထု ဒေသခံက ပြောသည်။

မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းဟာအွမ်ကမူ ၎င်းတို့ အနေဖြင့် စစ်ကောင်စီတပ်ယာဉ်တန်း မင်းတပ် – မတူပီလမ်းအတိုင်း ဆက် လက်ချီတက်ပါက ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမည်ဟု ပြောကြားထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ ခရီးသွားယာဉ်လိုင်းများကို ငွေကြေးတောင်းခံပြီးမှသာ ဖြတ်သန်းခွင့်ပြုနေပြီး အနည်းဆုံး ငွေကျပ်ငါးထောင်မှ သောင်းဂဏန်းအထိ ပေးနေရသည်ဟုလည်း သိရသည်။

သတင်း

"တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်"ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

သတင်း

ယနေ့ (ဇူလိုင်၁၉ရက်) နံနက် ၁နာရီခွဲက မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်​ကောင်စီတပ်၏ စစ်သားနှင့်ရဲများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိမရှိကို ဖော်ပြမထားပေ။ စစ်ကောင်စီ သတင်း ပေးဖြစ်သူ အောင်ညွန့်မှာမူ လွတ်မြောက်သွားသည်ဟု ဆိုသည်။