Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်း ထောက်လှမ်းရေး အကြီးအကဲနဲ့ ရှေ့နေချုပ်တို့ ရာထူးက ဆိုင်းငံ့ခံရ

အစောပိုင်းမှာ ထောက်လှမ်းရေးဌာန အကြီးအကဲနဲ့ ရှေ့နေချုပ်တို့ ရာထူးက ထုတ်ပယ် ခံရပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဇီလန်စကီးရဲ့ ထိပ်တန်း အကြံပေး အရာရှိ အန်ဒရီ ဆီမာနော့ဗ်ကတော့ အဲဒီ အရာရှိ နှစ်ဦးဟာ စုံစမ်းစစ်ဆေး ခံနေရပြီး လောလောဆယ် ရာထူး တာဝန်တွေကနေ ယာယီ ဆိုင်းငံ့ ခံထားရတာသာ ဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းသွားပါတယ်။

ယူကရိန်း ထောက်လှမ်းရေး အကြီးအကဲနဲ့ ရှေ့နေချုပ်တို့ ရာထူးက ဆိုင်းငံ့ခံရ
ယူကရိန်း ထောက်လှမ်းရေး အကြီးအကဲနဲ့ ရှေ့နေချုပ်တို့ ရာထူးက ဆိုင်းငံ့ခံရ

ယူကရိန်း ထောက်လှမ်းရေးဌာန အကြီးအကဲနဲ့ ရှေ့နေချုပ်တို့ကို သစ္စာဖောက် လုပ်ရပ်တွေနဲ့ ဆက်စပ်နေကြောင်း စွပ်စွဲပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရာထူးကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သူတို့ တာဝန်ယူထားတဲ့ ဌာနနှစ်ခုမှာ အနည်းဆုံး ဝန်ထမ်း ၆၀ လောက်က ယူကရိန်းအပေါ် သစ္စာဖောက်ပြီး ရုရှား အစိုးရအတွက် အလုပ်လုပ်နေတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။ အဲဒီ ဝန်ထမ်း အများစုဟာ ရုရှားက သိမ်းပိုက်ထားတဲ့ ယူကရိန်း နယ်မြေတွေမှာ အခြေစိုက်နေသူတွေပါ။

အခုဆိုရင် ရန်သူနဲ့ ပူးပေါင်း ကြံစည်မှု၊ သစ္စာဖောက်မှုတွေ စွဲချက် စုစုပေါင်း ၆၅၁ ခုကို အမှုဖွင့် စုံစမ်းမှုတွေ စတင်နေပြီလို့လည်း ဇီလန်စကီးက ပြောပါတယ်။ ထောက်လှမ်းရေးဌာန အကြီးအကဲ အိုင်ဗန် ဘာကာနော့ဗ်နဲ့ ရှေ့နေချုပ် အီရီနာ ဗီနီဒစ်တိုဗာတို့ နှစ်ဦးကတော့ ယူကရိန်း သမ္မတရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဇီလန်စကီးက ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ နိုင်ငံရဲ့ လုံခြုံရေး အခြေခံ အုတ်မြစ် အဖွဲ့အစည်းတွေထဲမှာတောင် သစ္စာဖောက်ဖျက်တဲ့ ရာဇဝတ်မှုတွေ ရှိနေခြင်းက နောက်ဆက်တွဲ မေးခွန်းထုတ်စရာ အကျိုးဆက်တွေ အများကြီး ကြုံလာစေနိုင်ကြောင်း မှတ်ချက်ပေး ပြောဆိုသွားခဲ့ပါတယ်။

အစောပိုင်းမှာ ထောက်လှမ်းရေးဌာန အကြီးအကဲနဲ့ ရှေ့နေချုပ်တို့ ရာထူးက ထုတ်ပယ် ခံရပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဇီလန်စကီးရဲ့ ထိပ်တန်း အကြံပေး အရာရှိ အန်ဒရီ ဆီမာနော့ဗ်ကတော့ အဲဒီ အရာရှိ နှစ်ဦးဟာ စုံစမ်းစစ်ဆေး ခံနေရပြီး လောလောဆယ် ရာထူး တာဝန်တွေကနေ ယာယီ ဆိုင်းငံ့ ခံထားရတာသာ ဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းသွားပါတယ်။

ယူကရိန်း ထောက်လှမ်းရေး SBUရဲ့ အကြီးအကဲ ဘာကာနော့ဗ်ဟာ ဇီလန်စကီးရဲ့ ငယ်သူငယ်ချင်းလည်း ဖြစ်ပါတယ်။ အရင်ကလည်း ယူကရိန်း အစိုးရဟာ ရုရှား သိမ်းပိုက်လိုက်တဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ရဲ့ SBU ဌာနခွဲ အကြီးအကဲကို ရာထူးက ထုတ်ပယ်ဖူးပါတယ်။ သမ္မတ ဇီလန်စကီးဟာ ခါဆွန်မြို့ အခြေစိုက် SBU ဌာနခွဲရဲ့ ထိပ်တန်း အရာရှိ တချို့ကိုလည်း သစ္စာဖောက်မှုနဲ့ စွဲချက်တင်ဖို့ အမိန့်ပေးထားပါတယ်။

လေ့လာသူတွေကတော့ ရုရှားရဲ့ ထောက်လှမ်းရေး အေးဂျင့်တွေဟာ ယူကရိန်း အစိုးရရဲ့ အရေးပါတဲ့ ဌာန အသီးသီးမှာ စိမ့်ဝင်လှုပ်ရှားနေတာ မထူးဆန်းတဲ့ ကိစ္စလို့ မှတ်ချက် ပေးထားပါတယ်။ ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ်ပွဲ မစတင်ခင် နှစ်ပေါင်း အတော်ကြာ ကတည်းက သူလျှိုတွေ ဖြန့်ကျက်ထားတာမျိုး ရှိနိုင်တယ်လို့လည်း သုတေသီတွေက သုံးသပ်ထားကြပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံတိုင်းက ပညာရေး အဖွဲ့အစည်းတွေ အနေနဲ့ ရုရှားရဲ့ ကျူးလွန်မှုကို အကြမ်းဖက် လုပ်ရပ် အနေနဲ့ ဝိုင်းဝန်း ရှုတ်ချပေးကြဖို့လည်း မြို့တော်ဝန်က တိုက်တွန်း တောင်းဆိုသွားပါတယ်။

နိုင်ငံတကာ

ပျက်စီးသွားတဲ့ထဲမှာ ၉ ထပ် အဆောက်အအုံ တစ်ခုရဲ့ ကားပါကင် နေရာလည်း ပါဝင်ပါတယ်။ ဒုံးကျည်တွေဟာ လူပေါင်း ၃ သိန်းခွဲကျော် နေထိုင်ရာမြို့ရဲ့ အလယ်တည့်တည့်လောက်ကို ကျရောက်ခဲ့တာပါ။

နိုင်ငံတကာ

သီရိလင်္ကာ သမ္မတ တစ်ဦးဟာ ရာထူးလက်ရှိ အချိန်မှာ တရားစွဲဆိုမှုတွေကနေ ကင်းလွတ်ခွင့် ရပေမယ့် အစိုးရသစ် တက်လာရင် အဖမ်းခံရမှာကို စိုးရိမ်တာကြောင့် ရာဂျာပက်ခ်ဆာက အခုလို ကြိုတင် တိမ်းရှောင်သွားခဲ့တာ ဖြစ်ပါတယ်။

သတင်း

မန္တလေးမှာ စစ်အုပ်စုဟာ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်ပါတယ်။