Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ညွန့်ပေါင်း အစိုးရ အကွဲအပြဲတွေကြောင့် အီတလီ ဝန်ကြီးချုပ် နုတ်ထွက်စာတင်

ဒရာဂီဟာ လာမယ့် သီတင်းပတ်ထဲမှာ လွှတ်တော် မိန့်ခွန်း ပြောမှာဖြစ်ပြီး လက်ရှိ ရာထူးမှာ မြဲမြံနေအောင် သူ့အတွက် လုံလောက်တဲ့ ထောက်ခံမှု အင်အားစု ရှိမရှိ ဆန်းစစ်ရမှာပါ။

အီတလီ ဝန်ကြီးချုပ်
အီတလီ ဝန်ကြီးချုပ်

ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲမှာ အကွဲအပြဲတွေ ဖြစ်လာတဲ့နောက် ဝန်ကြီးချုပ် မာရီယို ဒရာဂီဟာ ရာထူးကနေ နုတ်ထွက်စာ တင်သွင်းလိုက်ပြီး အီတလီရဲ့ နိုင်ငံရေး အခြေအနေတွေ ရှုပ်ထွေးလာဖွယ် ရှိနေပါတယ်။

ဥရောပ ဗဟိုဘဏ်ရဲ့ အကြီးအကဲဟောင်းလည်းဖြစ်တဲ့ ဒရာဂီဟာ ညွန့်ပေါင်း အစိုးရ တစ်ရပ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ဦးဆောင်လာခဲ့တာပါ။ အီတလီရဲ့ ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲက မဟာမိတ်တွေကြား ရယူထားတဲ့ ယုံကြည် သဘောတူညီမှုတွေဟာ အခုတော့ ပျက်ပြယ်သွားပြီလို့ ဝန်ကြီးချုပ်က ပြောပါတယ်။ လောလောဆယ်မှာတော့ အီတလီ သမ္မတက ဝန်ကြီးချုပ်ရဲ့ နုတ်ထွက်စာကို လက်မခံသေးဘဲ ပိုမို ကောင်းမွန်တဲ့ ညှိနှိုင်း ဖြေရှင်းမှုမျိုးကို တိုက်တွန်း တောင်းဆိုထားပါတယ်။

လွှတ်တော်ထဲက မူဝါဒအဆို တင်သွင်းမှု တစ်ခုမှာ မဟာမိတ် Five Star ပါတီက သူ့ကို မထောက်ခံဘဲ ကျောခိုင်းသွားတဲ့နောက် ဒရာဂီက ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ဖို့ စီစဉ်လာခဲ့တာပါ။ သမ္မတ ဆာဂျီယို မက်တာရယ်လာက ကိုဗစ်ကာလအလွန် အီတလီရဲ့ နာလန်ပြန်ထမှုတွေကို ဦးဆောင်ဖို့၊ နိုင်ငံအနေနဲ့ ကပ်ရောဂါအလွန် မတည်မငြိမ် ဖြစ်နိုင်ခြေတွေကို ရှောင်လွှဲဖို့အတွက် ဒရာဂီကို ယုံယုံကြည်ကြည် တာဝန်ပေးထားခဲ့တာ ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် အနေနဲ့ နုတ်ထွက်စာ မတင်ခင်မှာ လက်ရှိ နိုင်ငံရေး အခြေအနေတွေအပေါ် သူ့ရဲ့ ခံယူ ယုံကြည်ချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ရှင်းရှင်းလင်းလင်း မိန့်ခွန်းပြောစေလိုကြောင်း တိုက်တွန်းထားပါတယ်။

သမ္မတရဲ့ ကြားဝင်မှုဟာ လက်ရှိ အခြေအနေတွေအပေါ် သက်ရောက်မှု ဘယ်လောက် ရှိနိုင်မလဲ ဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ ဒရာဂီဟာ လာမယ့် သီတင်းပတ်ထဲမှာ လွှတ်တော် မိန့်ခွန်း ပြောမှာဖြစ်ပြီး လက်ရှိ ရာထူးမှာ မြဲမြံနေအောင် သူ့အတွက် လုံလောက်တဲ့ ထောက်ခံမှု အင်အားစု ရှိမရှိ ဆန်းစစ်ရမှာပါ။

အီတလီ မိသားစုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ထောက်ပံ့ကြေး ရန်ပုံငွေ ယူရို ၂၃ ဘီလီယံ အသုံးပြုဖို့ အစိုးရရဲ့ လွှတ်တော် အဆိုပြုချက်ကို Five Starပါတီ အကြီးအကဲ ဂူဆက်ပီ ကွန်တီက ငြင်းဆိုခဲ့တဲ့နောက် အခုလို အကွဲအပြဲ ကိစ္စတွေ ပေါ်လာခဲ့တာပါ။ ကွန်တီက ဒရာဂီ အနေနဲ့ အီတလီရဲ့ လက်ရှိ လူနေမှု အကျပ်အတည်းတွေကို ဖြေရှင်းဖို့ လုံလောက်တဲ့ စွမ်းဆောင်နိုင်မှု မရှိဘူးလို့ ဝေဖန်ထားပါတယ်။

ဥရောပ သမဂ္ဂရဲ့ တတိယမြောက် စီးပွားရေး အင်အား အတောင့်တင်းဆုံး နိုင်ငံကြီးမှာ နိုင်ငံရေး အရှုပ်အထွေးတွေ ဖြစ်လာနိုင်ခြေကြောင့် စျေးကွက်ထဲမှာ အထိတ်တလန့် ဖြစ်ပြီး ရှယ်ယာတန်ဖိုးတွေပါ ကျဆင်းနေပါတယ်။ ဥရောပ သမဂ္ဂရဲ့ စီးပွားရေး ကော်မရှင်နာလည်းဖြစ်၊ ကိုယ်တိုင်ကလည်း အီတလီ ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ ပေါ်လို ဂန်တီလိုနီက ရောမမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ ဥရောပ သမဂ္ဂအပေါ် သက်ရောက်မှုတွေ ရှိနေကြောင်း ဝန်ခံခဲ့ပါတယ်။

Five Starဟာ မူလက ညွန့်ပေါင်း အစိုးရထဲမှာ အားအကောင်းဆုံး နိုင်ငံရေး အစုအဖွဲ့အဖြစ် ရှိခဲ့ပေမယ့်လည်း ဘက်ပြောင်းမှုတွေ၊ ထောက်ခံမှု လျော့ကျတာတွေ ဖြစ်လာခဲ့ပါတယ်။ Five Starရဲ့ အရင် ခေါင်းဆောင်ဟောင်း လူဂီဒီ မိုင်အိုက ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ဒရာဂီကိုယ်တိုင် ရှိနေပြီး သူ့ပါတီအပေါ် ထောက်ခံမှု မြင့်တက်စေဖို့အတွက် Five Starကို မကောင်းကြံစည်နေတာလို့ လူသိရှင်ကြား စွပ်စွဲခဲ့ဖူးပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဆက်လက်ပြီး “ဒီမိုကရေစီတိုင်းပြည်တစ်ခု၊ ဒါ့အပြင် မြန်မာ့အိမ်နီးချင်းတစ်ရပ်လည်းဖြစ်တဲ့ အိန္ဒိယအစိုးရအနေနဲ့ စစ်ရာဇဝတ်ကောင်တွေ၊ တရားမဝင်စစ်ကောင်စီတွေနဲ့ မရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာ

သီရိလင်္ကာ သမ္မတ တစ်ဦးဟာ ရာထူးလက်ရှိ အချိန်မှာ တရားစွဲဆိုမှုတွေကနေ ကင်းလွတ်ခွင့် ရပေမယ့် အစိုးရသစ် တက်လာရင် အဖမ်းခံရမှာကို စိုးရိမ်တာကြောင့် ရာဂျာပက်ခ်ဆာက အခုလို ကြိုတင် တိမ်းရှောင်သွားခဲ့တာ ဖြစ်ပါတယ်။

သတင်း

မင်းအောင်လှိုင်သည် တရားမဝင်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ရုရှားသို့ ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ်ပြီး ပထမအကြိမ်က ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံခွင့်မရခဲ့ပေ။

သတင်း

အကြမ်းဖက် စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ရန်ဆိုသည်မှာ စစ်ရေးကိုအရှိန်အဟုန်နှင့် ဖိဖိစီးစီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။