Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်၊ ရဲတစ်ဦးသေဆုံးပြီး ပျူခေါင်းဆောင်အပါအဝင် ၁၅ဦး ဖမ်းဆီးခံရဟုဆို

ဆုံရွာသည် မဘသ အင်အားကောင်းသည့် ရွာတစ်ရွာဖြစ်ပြီး လွန်ခဲ့သည့် တစ်လကျော်က ကွေ့ကြီးရွာစာသင်ကျောင်းတွင် ပျူသင်တန်းဖွင့်ခဲ့ကြောင်း၊ ဆုံရွာသား စံမောင်ဆိုသူက ပျူခေါင်းဆောင်အဖြစ်တာဝန်ယူကာ ၎င်းအား သေနတ်၁၅လက်ချပေးထားကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

(နယ်ဒေသတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပျူစောထီး သင်တန်းပေးနေစဥ်)
(နယ်ဒေသတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပျူစောထီး သင်တန်းပေးနေစဥ်)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ ရဲတစ်ဦးသေဆုံးပြီး ပျူခေါင်းဆောင်အပါအဝင် ၁၅ဦး ဖမ်းဆီးခံရကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်လ ၂၀ရက်)နေ့ညပိုင်းက မြင်းခြံမြို့နယ် မြောက်ဘက် အခြမ်းတွင် ကင်းလှည့်လာ သော စစ်ကောင်စီတပ်နှင့် ဆုံ‌ရွာမှ ပျူစောထီးအဖွဲ့များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့​​ခြင်းဖြစ်ပြီး မြို့သာမှရဲတစ်ဦး သေဆုံး၍ ရဲတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက ထုတ်ပြန်သည်။

ဆုံရွာသည် မဘသ အင်အားကောင်းသည့် ရွာတစ်ရွာဖြစ်ပြီး လွန်ခဲ့သည့် တစ်လကျော်က ကွေ့ကြီးရွာစာသင်ကျောင်းတွင် ပျူသင်တန်းဖွင့်ခဲ့ကြောင်း၊ ဆုံရွာသား စံမောင်ဆိုသူက ပျူခေါင်းဆောင်အဖြစ်တာဝန်ယူကာ ၎င်းအား သေနတ်၁၅လက်ချပေးထားကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

“ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ ပျူခေါင်းဆောင်စံမောင်အပါအဝင် သေနတ်ကိုင်တဲ့၁၅ဦးကို ဖမ်းဆီး ထားတယ်လို့ သိရပါတယ်။ ရခတွေက ညကင်းလာပတ်မဲ့အကြောင်းကို စံမောင်ဆီကြိုပြော ခဲ့တယ်လို့ သိရသလို လွန်ခဲ့တဲ့တစ်လခန့်က ကွေ့ကြီးရွာမှပျူတစ်ဦးရဲ့ နာရေးမှာ မြင်းခြံမြို့နယ် ပျူခေါင်းဆောင် သီတာယုမွန်က ဖြူတာမဲတာတွေတွေး မနေနဲ့။ ကိုယ်ကသာဦးအောင်သတ်၊ကိုယ်မသတ်ရင် သူတို့ကသတ်သွားလိမ့်မယ်လို့ ပျူတွေကို ပြောကြားခဲ့သေးတယ်လို့ သိရပါတယ်”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးထားသည်။ အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍
People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီအား ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက် ညပိုင်းကလည်း မြောင်တော်လှန်ရေးတပ်MRA ရဲဘော်များက ယူနီဖောင်း ဝတ်စုံဖြင့် မြင်းခြံမြို့နယ်၊ ကွေ့ကြီးကျေးရွာရှိ ပျူစောထီးခေါင်းဆောင် အုန်းမြင့်ကို တိုက်ခိုက်ရန် သွားရောက်ချိန် ယူနီဖောင်းဝတ် PDF များကို စစ်တပ် စစ် ကြောင်း လာသည်ဟု ထင်၍ ခယကြိုဆိုသော ပျူစောထီး ခြောက်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြီးခဲ့သည့် ဇူလိုင်လ ၃ရက်နေ့ကလည်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)ထောင်ထားသော မိုင်းမိကာ အကြမ်းဖက်စစ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။

သတင်း

ယင်းတပ်ဖွဲ့ဝင် ၄ဦး အနက် ၂ဦးသည် PDF တပ်ရင်း(၂) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေပြီး ကျန် ၂ဦးသည် PDF တပ်ရင်း(၁) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေသည်။

သတင်း

ဇူလိုင် ၁၉ ရက်တွင်ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မန္တ​လေး-မုံရွာကားလမ်း​ပေါ်တွင် ပြည်သူ့ကားများဖြတ်သန်းသွားလာခြင်းမပြုရန် အရး​ပေါ်သတိ​ပေးချက်ထုတ်ပြန်ပြီး စစ်​ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်များသေဆုံးမှု၊ ဒေသခံများထွက်ပြေး တိမ်းရှောင်ရမှု အားလုံး သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းလိုက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် များဖြစ်သည်ဟု တပ်မဟာ(၂)တာဝန်ရှိသူက ပြောသည်။