Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်နှင့်ပျူများ၏ပူး​ပေါင်းစစ်​ကြောင်းကိုမင်းကင်းPDF ​က​စောင့်၍တိုက်ခိုက်ရာပြန်လည်ဆုတ်ခွာ

ပြီးခဲ့သည့် ဇူလိုင်လ ၃ရက်နေ့ကလည်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)ထောင်ထားသော မိုင်းမိကာ အကြမ်းဖက်စစ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။

(မင်းကင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-မင်းကင်းPDF)
(မင်းကင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-မင်းကင်းPDF)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ပေါ်မှ စစ်ကြောင်းထိုးဆင်းလာသော အကြမ်းဖက်စစ်တပ်နှင့်ပျူပူးပေါင်းစစ်ကြောင်းအား ​စောင့်၍တိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာသွားကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်၊ နံနက် ၉နာရီခွဲအချိန်ခန့်က မင်းကင်းမြို့တွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့်ပျူ အင်အား(၅၀)ခန့်သည် မင်းကင်းမြို့နယ် နိဗ္ဗိန္ဒတောဘက်မှတဆင့် စစ်ကြောင်းထိုးလာရာ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၃) နှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း MK PDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါတိူက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိအခိုက်မရှိခဲ့ဟုဆိုသည်။

ပြည်သူ့ကာကွယ်ရေးဘက်မှအပြင်းအထန်ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်သားများပြန်လည်ဆုတ်ခွာသွားပြီး လမ်းရှိပြည်သူ ၂ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကာငွေများလုယက်၍ လူကိုပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်တပ်ဘက်က တပ်သားအချို့သည် တိုက်ပွဲအတွင်း နားနှင့် ပါးစပ်များအတွင်းမှ သွေးများထွက်ကာ သေဆုံးမှုများရှိနိုင်ကြောင်း MKPDFက အသိပေးသည်။

“အဲဒီနေ့ကတည်းက ဗိုလ်တစ်ကောင်ကြွတယ်လို့ ကြားတယ်။”ဟု မင်းကင်းဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ​ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၃ရက်နေ့ကလည်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)ထောင်ထားသော မိုင်းမိကာ အကြမ်းဖက်စစ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲဖြစ်စဥ်တွင် နားဟီးကျေးရွာနှင့် ဗန့်ခူးကျေးရွာတို့၌ ပါလက်နက်ကြီးကျ ရောက် ပေါက်ကွဲမှု များကြောင့် ပြည်သူများစစ်ရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော လုံခြုံရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

သတင်း

အကယ်၍ မတက်သာ၍ ခရီးသွားလာရမည်ဆိုပါက ကွန်ပျူတာ၊ ဖုန်း၊ Tablet စသည့် ဆက်သွယ်ရေး ကိရိယာများကို စနစ်တကျရှင်းလင်းပြီးမှ သွားလာ ကြရန် နှင့် ညဉ့်အချိန်များ၌ လုံခြုံရေးသတိဖြင့် အိပ်စက်ကြရန် အသိပေး ထားသည်။

သတင်း

ညောင်ရွှေမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအနေဖြင့် လူထုကိုဖိနှိပ် အုပ်ချုပ်နေသည့် စစ်ကောင်စီထောက်တိုင်အဖြစ် ဆက်လက်မလုပ်ကိုင်ရန်နှင့် လောင်းကစားပြုလုပ်၍ စစ်ကောင်စီထံ ငွေကြေးထောက် ပံ့နေသောလောင်းကစားဒိုင်များကိုလည်း ပြင်းထန်းစွာ သတိပေးကြောင်း ဖော်ပြသည်။