Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီထံမှရုန်းထွက်လာသည့် CDMတပ်သား ၄ဦးကျောက်ထု PDF ၌ တာဝန်ထမ်းဆောင်နေ

ယင်းတပ်ဖွဲ့ဝင် ၄ဦး အနက် ၂ဦးသည် PDF တပ်ရင်း(၂) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေပြီး ကျန် ၂ဦးသည် PDF တပ်ရင်း(၁) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေသည်။

(ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သားများ။ ဓါတ်ပုံ-PDF​ကျောက်ထု)
(ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သားများ။ ဓါတ်ပုံ-PDF​ကျောက်ထု)

မကွေးတိုင်း ဆောမြို့နယ်ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်(PDF)သို့ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၄ဦး ရှိကြောင်း ကျောက်ထု PDFနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၄ဦးအနက်၁ဦးသည်လက်နက်နှင့်အတူ CDM ပြုလုပ်လာခြင်းဖြစ်သည်။

ယင်းတပ်ဖွဲ့ဝင် ၄ဦး အနက် ၂ဦးသည် PDF တပ်ရင်း(၂) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေပြီး ကျန် ၂ဦးသည် PDF တပ်ရင်း(၁) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေသည်။

စစ်ကောင်စီ၏ တပ်မ(၅၅) လက်အောက်ခံ (၅၁၂) တပ်ရင်းမှ တပ်သား ဖြိုးကိုကို၊ တပ်သား အောင်ကျော်ဇင်နှင့် တပ်သား ဝေဠုကျော် တို့သည် မေလကုန်ပိုင်းတွင် CDM ပြုလုပ်လာခြင်းဖြစ်ပြီး မင်းတပ်မြို့နယ် ခလရ(၂၇၄) တပ်မှ တပ်သား ဟိန်းမင်းလှိုင်သည် လက်နက်နှင့်တူ ယခု ဇူလိုင် ၁၈ရက်တွင် CDM ပြုလုပ်လာခြင်းဖြစ်သည်။ လက်နက်နှင့် CDM ပြုလုပ်လာသည့် တပ်သားကို ဂုဏ်ပြုငွေ ကျပ် သိန်း ၈၀ ပေးအပ်ခဲ့သည်။

အဆိုပါ CDM စစ်သားများကိုကောင်းမွန်စွာထားရှိပြီး၎င်းတို့ ၄ဦးစလုံး ကျောက်ထု PDF ၌ ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဒေသခံက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကယ်၍ မတက်သာ၍ ခရီးသွားလာရမည်ဆိုပါက ကွန်ပျူတာ၊ ဖုန်း၊ Tablet စသည့် ဆက်သွယ်ရေး ကိရိယာများကို စနစ်တကျရှင်းလင်းပြီးမှ သွားလာ ကြရန် နှင့် ညဉ့်အချိန်များ၌ လုံခြုံရေးသတိဖြင့် အိပ်စက်ကြရန် အသိပေး ထားသည်။

သတင်း

ညောင်ရွှေမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအနေဖြင့် လူထုကိုဖိနှိပ် အုပ်ချုပ်နေသည့် စစ်ကောင်စီထောက်တိုင်အဖြစ် ဆက်လက်မလုပ်ကိုင်ရန်နှင့် လောင်းကစားပြုလုပ်၍ စစ်ကောင်စီထံ ငွေကြေးထောက် ပံ့နေသောလောင်းကစားဒိုင်များကိုလည်း ပြင်းထန်းစွာ သတိပေးကြောင်း ဖော်ပြသည်။

သတင်း

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုများကြောင့် အိုင်ကြီး၊ ဖလံမ၊ စိုက်ခင်း၊ သုံးလံပြည့် စသည့်ကျေးရွာလေးရွာမှ ဒေသခံပြည်သူ ၇၀၀ ကျော် ဘေးလွတ်ရာရှောင်တိမ်းနေကြရသည်။

သတင်း

ပြီးခဲ့သည့် ဇူလိုင်လ ၃ရက်နေ့ကလည်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)ထောင်ထားသော မိုင်းမိကာ အကြမ်းဖက်စစ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။