Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်အား ၁၀၀ခန့်ရှိ စစ်ကြောင်းကို ကလေး PDF တိုက်ခိုက်ရာစစ်ကောင်စီတပ်မှဗိုလ်ကြီးအပါအဝင် သေဆုံးထိခိုက်မှုရှိ

ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော လုံခြုံရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

(က​လေးPDF တပ်ရင်း၆ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG)
(က​လေးPDF တပ်ရင်း၆ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့်စစ်ကောင်စီတပ်တို့ ယနေ့ မနက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး(ဗိုလ်မှူး​ကော်မရှင်စား)အပါအဝင် သေဆုံးထိခိုက်ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့( ဇူလိုင် ၂၁ရက်) နံနက် ၁၀နာရီခွဲခန့်တွင် ကလေးမြို့နယ် ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော် ဘက်မှသွားသော အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ် နှင့် ကလေး PDF တပ်ရင်း(၆) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ခဲ့သည်ဟု​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူး ဖြစ်သူ ဗိုလ်ကြီး တစ်ဦး၊စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး တပ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲအတွင်းရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဘေးလွတ်ရာပို့ဆောင်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော လုံခြုံရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပင်းတယတွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန် ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။ပင်းတယမြို့အထွက် စစ်ကောင်စီ ကင်းစခန်းတစ်ခုကိုလည်း ဇွန် ၂၉ရက်တွင်JPGF တိုက်ခိုက်ခဲ့သည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ BLACK ARMY DPY PDFအဖွဲ့ထံ ဆ​က်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ထို့အပြင် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်း

တိုက်ပွဲဖြစ်စဥ်တွင် နားဟီးကျေးရွာနှင့် ဗန့်ခူးကျေးရွာတို့၌ ပါလက်နက်ကြီးကျ ရောက် ပေါက်ကွဲမှု များကြောင့် ပြည်သူများစစ်ရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

အကယ်၍ မတက်သာ၍ ခရီးသွားလာရမည်ဆိုပါက ကွန်ပျူတာ၊ ဖုန်း၊ Tablet စသည့် ဆက်သွယ်ရေး ကိရိယာများကို စနစ်တကျရှင်းလင်းပြီးမှ သွားလာ ကြရန် နှင့် ညဉ့်အချိန်များ၌ လုံခြုံရေးသတိဖြင့် အိပ်စက်ကြရန် အသိပေး ထားသည်။