Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂျပန်အစိုးရကိုဆန္ဒပြတောင်းဆိုမည့် ဇူလိုင် ၂၄ တွင် ပြည်တွင်း၊ ပြည်ပ တော်လှန်ပြည်သူများ ပူးပေါင်းပါဝင်ရန် တောင်းဆို

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နာရေးသို့ လူမျိုးတုန်းသတ်ဖြတ်သည့်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားခြင်းမပြုရန်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်ခြင်းမပြု ရန် ဂျပန်ရောက်မြန်မာအင်အားစုများက မြို့အသီးသီး၌ ဆန္ဒပြတောင်းဆိုကြမည်ဖြစ်သည်။

ဂျပန်အစိုးရကို ဂျပန်ရောက်မြန်မာအင်အားစုများက ဇူလိုင် ၂၄ ရက်တွင် ဆန္ဒပြ တောင်းဆိုမည် ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ တော်လှန်ပြည်သူများကလည်း ပူးပေါင်းပါဝင်ရန် တက်ကြွ လှုပ်ရှားသူများက တောင်းဆိုထားသည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နာရေးသို့ လူမျိုးတုန်းသတ်ဖြတ်သည့်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားခြင်းမပြုရန်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်ခြင်းမပြု ရန် ဂျပန်ရောက်မြန်မာအင်အားစုများက မြို့အသီးသီး၌ ဆန္ဒပြတောင်းဆိုကြမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုအား လုံးဝအသိအမှတ်မပြုရန် ဂျပန်အစိုးရကို တောင်းဆိုမည့် လှုပ်ရှားမှုတွင် ပြည်သူတစ်ဦးချင်းစီ၏ ပါဝင်မှု အသံများ လိုအပ်နေပြီး ဖေ့စ်ဘုတ် ပရိုဖိုင်ချိန်းခြင်းနှင့် အွန် လိုင်း ဓာတ်ပုံကမ်ပိန်းများ၌ ပါဝင်ရန် တိုက်တွန်းထားသည်။

ဂျပန်အစိုးရကိုဆန္ဒပြတောင်းဆိုမည့် ဇူလိုင် ၂၄ တွင် ပြည်တွင်း၊ ပြည်ပ တော်လှန်ပြည်သူများ ပူးပေါင်းပါဝင်ရန် တောင်းဆို
ဂျပန်အစိုးရကိုဆန္ဒပြတောင်းဆိုမည့် ဇူလိုင် ၂၄ တွင် ပြည်တွင်း၊ ပြည်ပ တော်လှန်ပြည်သူများ ပူးပေါင်းပါဝင်ရန် တောင်းဆို

လာမည့် ဇူလိုင် ၂၄ရက်တွင် မိမိတို့၏ ဆိုရှယ်မီဒီယာ(FB, Twitter, Instagram) အကောင့်မှ
‘Japanese Government – Stop complicity with criminal junta!’၊ ‘Japanese Government – Don’t let the genocidal junta attend Abe’s funeral!’၊ ‘Japanese Government – Stop ODA!’၊ ‘Japanese Government – Respect the wishes of Myanmar people!’၊ ‘ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလေးစားပါ’ စသည့်စာသားများကို ရေးသားရန် တိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဂျပန်အစိုး၏ မြန်မာပြည်အပေါ်ထားရှိသည့် သဘောထားမှာ ယနေ့အချိန်အထိ ပြတ်သားမှုမရှိဘဲ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနှင့် ပိုမိုပတ်သက်လာနေ ကြောင်းကို စိတ်မကောင်းစွာမြင်တွေ့ နေရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

နိုင်ငံတကာ

ဗီဒီယိုကို ဖြန့်ဝေသူတွေက အဲဒီ တင့်ကားတွေဟာ ဆန္ဒပြမှုတွေ ကြုံတွေ့နေတဲ့ ဘဏ်တွေကို ကာကွယ်ပေးပြီး ဆန္ဒပြ ပြည်သူတွေကို ခြိမ်းခြောက်ဖို့ မြို့ထဲ ဝင်လာတာလို့ ရေးသားထားကြပါတယ်။

သတင်း

ရန်ကုန်မြို့ ရှိပုဂ္ဂလိက​ဆေးရုံတစ်ခုဖြစ်သာပင်လုံဆေးရုံကလည်း လတ်တလော အခြေအနေများကြောင့် ဆေးရုံတက်လူနာများ ဆေးလုံလောက်စွာရရှိစေရန်အတွက် ပြင်ပလူနာများကို ၂ ပတ်စာသာ ဆေးဝါးများရောင်းချပေးမည်ဟုမကြာ​သေးခင်ကထုတ်ပြန်ထားသည်။

သတင်း

ယနေ့တွင် ရန်ကုန်မြို့၌ အကြမ်းဖက် စစ်ကောင်စီဝင်များက လှည့်ကင်းကားများ တင်းကြပ်စွာ လှည့်လည်နေသော်လည်း လူငယ်များက ပုံစံမျိုးစုံဖြင့် အာဇာနည်နေ့ ဂုဏ်ပြုအထိမ်းအမှတ် ဆန္ဒပြခဲ့ကြသည်။