Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်မြို့နယ်တွင် ကျေးရွာများအား ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို ​ဒေသကာကွယ်​ရေးတပ်များက နှစ်ရက်ဆက်တိုက်ခိုက်

အထက်ပါဖြစ်စဥ်နှင့် ပတ်သက်၍ MSPDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်​ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေ အနေနှင့် ပတ်သက်ပြီးထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

(MSPDFအဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MSPDF)
(MSPDFအဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MSPDF)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျေးရွာများအား ဖျက်ဆီးနေသော စစ်ကောင်စီတပ်အား နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးကြောင်း Myaung Special People’ Defense Force-MSPDF က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ရက် နံနက်၈နာရီခန့်က ပရိမ္မကျေး ရွာတွင် အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးမွှေနောက်၍ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများကို ပရိမ္မကျေးရွာနှင့် မြစံကျေးရွာကြားသို့ ရောက်ရှိလာခဲ့သည်။

ထိုနှစ်ရွာကြား အရောက်တွင် အသင့်ချထားသော ခြေလျင်ကုန်းကြောင်းဖျက်မိုင်းများဖြင့် စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်(၄)- MSPDFက ဦးဆောင်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ နောက်ချန်တပ်သား သုံးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သ​ည်ဟု MSPDF၏ ထုတ်ပြန်ချက်တွင်ဖော် ပြသည်။

ဇူလိုင်လ ၁၆ရက်ကလည်း ဇရပ်ကုန်းကျေးရွာတွင် အကြမ်းဖက် ဝင်ရောက်စီးနင်းပြီး ထွက်ခွာလာသော စစ်ကောင်စီတပ်သားများအား ညီနောင်မဟာမိတ်များနှင့်လိုက်လံ၍ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးမှာ နေရာတွင်လဲကျသေဆုံးသွားကြောင်း MSPDFက အသိပေးသည်။

ထိုစစ်ဆင်ရေးများတွင် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄)-MSPDF နှင့်အတူ Natogyi Regional Defence Force-NRDF၊ Burmese Guerrilla Force-BGF၊ ဓာတ်ကြီးလေးပါး-Four Elementes၊ စည်တော်ကြီးဒေသ ကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့၊ Thway Thauk Revolution Force၊ တောင်သာ PDF၊ Chaung U People Defence Force-CHU PDF၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) စသည့် မဟာမိတ်ညီနောင်များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အထက်ပါဖြစ်စဥ်နှင့် ပတ်သက်၍ MSPDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်​ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေ အနေနှင့် ပတ်သက်ပြီးထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါ ခရီးစဉ်အတွင်း၌ ဆွံ့အ နားမကြား မသန်စွမ်းအမျိုးသမီးတစ်ဦးနှင့် မသန်စွမ်းအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း CNOက ထုတ်ပြန်သည်။

သတင်း

စခန်းအားဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်များမှာ ယနေ့(ဇူလိုင် ၂၀)နံနက်ပိုင်းအထိ စခန်းမှထွက်ခွာ ခြင်းမရှိသေးဘဲ ကင်းပုန်းများဝပ်၍ စောင့်ကြည့်နေသည်ကို သိရှိရကြောင်း ထုတ်ပြန်သည်။

သတင်း

“မင်းတပ်ကိုထွက်သွားတာ ၆၈စီး။အခုတော့ မင်းတပ်တော့မရောက်သေးဘူး။လမ်းတစ်ဝက် ကျော်ကျော်လောက်ရောက်နေပြီ”ဟု ကျောက်ထု ဒေသခံက ယနေ့နေ့လည်ပိုင်း၌ ပြောသည်။

သတင်း

ယမန်နေ့ (ဇူလိုင် ၁၉ ရက်)ည ၈ နာရီ ၁၀မိနစ်ခန့်တွင် စနိုက်ပါတပ်ဖွဲ့မှ စမိုးရဲကင်းအား အီနာဂါဗုံး (၄၀) မမ၊ (၇၉) မမများအပါအဝင် ရှေ့ထွက်မိုင်း၊ တာဝေးပစ်ပြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။