Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကင်မွန်းခြုံရွာတိုက်ပွဲစစ်ကူသွားပြီး ပြန်လာသည့် PDF များကို ဒေသခံများက သပြေပန်းဖြင့် ကြိုဆို

စစ်ကောင်စီတပ်သားများသည် ကင်မွန်ခြုံကျေးရွာအနီး၌ နင်းမိုင်းများ ထောင်ထားခဲ့ပြီး ၂၂ ရက် နံနက်တွင် အဆိုပါကျေးရွာမှ စွန့်ခွာသွားကြကြောင်း PDF Kalay က ဖော်ပြခဲ့သည်။

ဓာတ်ပုံ - Voice of Kalay
ဓာတ်ပုံ - Voice of Kalay

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ကင်မွန်းခြုံကျေးရွာ တိုက်ပွဲသို့ စစ်ကူသွား ရောက်ပြီး ပြန်လာသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (PDF)များကို ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် ယမန်နေ့ (ဇူလိုင် ၂၃) ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ရက်က ကလေးမြို့နယ် မြစ်သာမြစ် အရှေ့ဘက်ခြမ်းရှိ ကင်းမွန်းခြုံ ကျေးရွာတွင် နံနက်၁၀ နာရီမှ ညနေ ၆ နာရီအထိ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း PDF Kalay က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားရာ ကင်မွန်းခြုံကျေးရွာမှ နေအိမ် ၉ လုံးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်သားများသည် ကင်မွန်ခြုံကျေးရွာအနီး၌ နင်းမိုင်းများ ထောင်ထားခဲ့ပြီး ၂၂ ရက် နံနက်တွင် အဆိုပါကျေးရွာမှ စွန့်ခွာသွားကြကြောင်း PDF Kalay က ဖော်ပြခဲ့သည်။

ဓာတ်ပုံ - Voice of Kalay
ဓာတ်ပုံ – Voice of Kalay

ကင်မွန်းခြုံကျေးရွာတိုက်ပွဲကို PDF (Kalay) တပ်ရင်း(၁) ၊ (၂) ၊ (၅) ၊ (၆) ၊ (၇) ၊ ပ.က.ဖ (ကလေး) ၊ CNDF-Vakok ၊ CDF – KKG နှင့် RKDF တို့ ညီနောင်တပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင်များ ကင်မွန်းခြုံ ကျေးရွာမှ ထွက်ခွာပြီးနောက် နယ်မြေရှင်းလင်းရာ တပ်ရင်း (၂)မှ ရဲဘော်တစ်ဦး နင်းမိုင်းမိ၍ ညာဘက်ခြေတစ်ချောင်း ထိခိုက်ခဲ့ရသည်။

အဆိုပါ ကင်မွန်းခြုံကျေးရွာတိုက်ပွဲတွင် စစ်ကူအဖြစ် ပါဝင်တိုက်ခိုက်ခဲ့သော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ယမန်နေ့ (ဇူလိုင် ၂၃) ၌ ပြည်သူများက ဝမ်းသာအားရ ကြိုဆိုဂုဏ်ပြုကြခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ နေရာသည် ဆောမြို့နယ် PDF တပ်ရင်း တစ်ခုဖြစ်သည့် လောင်းရှည် PDF(YRPA) ၏ ကင်းစခန်းဖြစ်ပြီး PDF တပ်ပေါင်းစုမှ ပြန်လည်ရယူနိူင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

"ခုသတိပေးစာထုတ်တာကို သူတို့ကြားသိရမှာပါ။ ရှေ့ ဆက်တိုးပြီး မရပ်ရင်တော့ ဘာမှမလုပ်နိုင်ဘူးလို့ထင်နေတဲ့ ပြည်သူတစ်ချို့နဲ့ ဒလန်၊ ပျူအုပ်စုကို လက်တွေ့ပြလုပ်ဆောင်သွားပါမယ်"ဟု တကောင်း PDF မှ တော် လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်မှ ရဲဘော်၂ဦး ကျဆုံးခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်အင်အားမမျှ၍ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် အသိပေးသည်။

သတင်း

လက်ရှိတွင် ခင်ဦးနယ်၌ စစ်ဘေးရှောင် ၄,၀၀၀ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။