Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နာကြည်းချက်များကို ခွန်အားအဖြစ်ပြောင်းလဲပြီး တော်လှန်ရေးတွင် လုံ့လစိုက် ကြရန် အောင်ဆန်းPDF တိုက်တွန်း

“နားကျည်းမှုတွေ၊ နာကျည်းချက်တွေကို ခွန်အားအဖြစ် ပြောင်းလဲပြီး တော်လှန်ရေးမှာ သတိရှိရှိနဲ့ လုံ့လစိုက်ကြဖို့ မိဘပြည်သူအပေါင်းကို မေတ္တာရပ်ပါရစေခင်ဗျာ” ဟု Aung San Forceက တိုက်တွန်းထားသည်။

အောင်ဆန်းPDF
အောင်ဆန်းPDF

နာကြည်းချက်များကို ခွန်အားအဖြစ်ပြောင်းလဲပြီး တော်လှန်ရေးတွင် လုံ့လ စိုက်ကြရန် ပြည်သူလူထုအား မုံရွာမြို့ အခြေစိုက်အောင်ဆန်းPDFက တိုက်တွန်းလိုက်သည်။

ဦးဂျင်မီ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ လေးဦးကို အကြမ်းဖက် စစ်ကောင်စီက သေဒဏ်ပြစ်ဒဏ်စီရင်ပြီးကြောင်း ယနေ့(ဇူလိုင် ၂၅ရက်) ထုတ်ပြန်သည့် သတင်းကြောင့် ပြည်သူလူထုက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုတ်ချနေစဥ် မုံရွာခရိုင် အမှတ်(၅)တပ်ရင်း၊ Aung San Force က တိုက်တွန်းချက်ထုတ်ပြန်​ခြင်းဖြစ်သည်။

“နားကျည်းမှုတွေ၊ နာကျည်းချက်တွေကို ခွန်အားအဖြစ် ပြောင်းလဲပြီး တော်လှန်ရေးမှာ သတိရှိရှိနဲ့ လုံ့လစိုက်ကြဖို့ မိဘပြည်သူအပေါင်းကို မေတ္တာရပ်ပါရစေခင်ဗျာ” ဟု Aung San Forceက တိုက်တွန်းထားသည်။

ထို့အပြင် ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင် ဟံသာဝတီဦးဝင်းတင် မကွယ်လွန်မီက လူထုအား တိုက်တွန်းချက်ကိုလည်း Aung San Forceက ထပ်ဆင့် မျှဝေထားသည်။

“ဆရာကြီး ဦးဝင်းတင်မှာတာ သတိရပါ။ စိတ်ဓာတ် မကျိုးပဲ့စေနဲ့။စုဖွဲ့မှု မကျိုးပဲ့စေနဲ့။ကျန်းမာရေး မကျိုးပဲ့စေနဲ့တဲ့”ဟု ရေးသားထားသည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အမတ် ဟောင်း ဦးဖြိုးဇေယျာသော်၊ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို သေဒဏ်ပြစ်ဒဏ် စီရင်ပြီးကြောင်း စစ်ကောင်စီက ယနေ့ နံနက်တွင် ကြေညာထားသည်။ထို့ကြောင့် စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းရေးအတွက် ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်ကြရန် တော်လှန်ရေး အင်အားစုများအား အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု-GSCBက တိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် “တကယ် မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

သတင်း

ယင်းတိုက်ပွဲကို အနိုင်ရ၍ အောင်ပွဲဖြင့် ပြန်လာသော တော်လှန်ရေး ရဲဘော်များကို ဒေသခံ ပြည်သူများက ပန်းစည်း၊ပန်းကုံးများဖြင့်ကြိုဆိုကာ ဆန်အိတ်များ၊ ထောက်ပံ့ငွေများလည်း ထောက်ပံ့ကြကြောင်း သိရသည်။

သတင်း

ထိုနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ပြီး ကနဦးသတင်းအရ ရန်သူဘက်မှ ငါးဦးခန့်သေဆုံးကာ လေးဦးခန့် ဒဏ်ရာရရှိကြောင်း ပါရှိသည်။ စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုများနှင့်ပတ်သပ်၍ People's Spring ကသီးခြားအတည်မပြုနိုင်ပါ။

သတင်း

မိုင်းထိသည့် ကားကို ကူညီရန် ဇူလှိုင် ၂၃ ရက် မနက် ၈နာရီခန့်တွင် ကလေး ဒကစမှ စစ်ကူများရောက်လာပြီး စစ်ဆေးမှုများပြုလုပ်နေစဉ် PDF(ကလေး)က အသင့်တပ်ဆင်ထားသော မိုင်းများကို ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သည်။