Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ်တွင် ရှေ့တန်းပြန် PDF ရဲဘော်များကို ဒေသခံများက သပြေပန်းများဖြင့်ကြိုဆို

ယင်းတိုက်ပွဲကို အနိုင်ရ၍ အောင်ပွဲဖြင့် ပြန်လာသော တော်လှန်ရေး ရဲဘော်များကို ဒေသခံ ပြည်သူများက ပန်းစည်း၊ပန်းကုံးများဖြင့်ကြိုဆိုကာ ဆန်အိတ်များ၊ ထောက်ပံ့ငွေများလည်း ထောက်ပံ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - MDF
ဓာတ်ပုံ - MDF

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများအား တိုက်ခိုက်ပြီး ပြန်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ရဲဘော်များကို ဒေသခံပြည်သူများက သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း MDF အဖွဲ့က ယနေ့ (ဇူလိုင် ၂၅) တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က စစ်ကောင်စီဝင် အင်အား ၇၀ခန့်ရှိ စစ်ကောင်စီ တပ်စစ်ကြောင်းသည် ကနီမြို့နယ်၊ ငဖျက် ပန်းဆိုင်း ရွာကို ဝင်ရောက် မီးရှို့‌ချိန်တွင် MDF -Special Force ၊ MDF – အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ နှင့် ကနီမြို့နယ် (ပကဖ)တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - MDF
ဓာတ်ပုံ – MDF

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲ ၁နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး MDF- Special Force မှ စနိုက်ပါ၊ 40mm , ရှော့တိုက် Rocketများနှင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးခန့် သေဆုံးခဲ့ပြီး ကျန်စစ်ကောင်စီဝင်များ ထွက်ပြေးခဲ့ကြောင်း MDF အဖွဲ့က ဆိုသည်။

ယင်းတိုက်ပွဲကို အနိုင်ရ၍ အောင်ပွဲဖြင့် ပြန်လာသော တော်လှန်ရေး ရဲဘော်များကို ဒေသခံ ပြည်သူများက ပန်းစည်း၊ပန်းကုံးများဖြင့်ကြိုဆိုကာ ဆန်အိတ်များ၊ ထောက်ပံ့ငွေများလည်း ထောက်ပံ့ကြကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းကို MDF- Special Force၊ MDF – အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ နှင့် ကနီမြို့နယ် (ပကဖ)တပ်ဖွဲ့ များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက် စီးနင်းခံခဲ့ရသည့်ဖြစ်စဥ်တွင် ဒေသခံအမျိုးသားနှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က ဇူလိုင်၂၂ ရက် နေ့လည် ၂နာရီမိနစ်၄၀ခန့်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် အသက် ၃၇ နှစ်ခန့်အရွယ် ကိုဇော်လင်းဆိုသူအား မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ် သုံးလုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊...

သတင်း

ထိုနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ပြီး ကနဦးသတင်းအရ ရန်သူဘက်မှ ငါးဦးခန့်သေဆုံးကာ လေးဦးခန့် ဒဏ်ရာရရှိကြောင်း ပါရှိသည်။ စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုများနှင့်ပတ်သပ်၍ People's Spring ကသီးခြားအတည်မပြုနိုင်ပါ။

သတင်း

မိုင်းထိသည့် ကားကို ကူညီရန် ဇူလှိုင် ၂၃ ရက် မနက် ၈နာရီခန့်တွင် ကလေး ဒကစမှ စစ်ကူများရောက်လာပြီး စစ်ဆေးမှုများပြုလုပ်နေစဉ် PDF(ကလေး)က အသင့်တပ်ဆင်ထားသော မိုင်းများကို ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

သတင်း

အဆိုပါ နေရာသည် ဆောမြို့နယ် PDF တပ်ရင်း တစ်ခုဖြစ်သည့် လောင်းရှည် PDF(YRPA) ၏ ကင်းစခန်းဖြစ်ပြီး PDF တပ်ပေါင်းစုမှ ပြန်လည်ရယူနိူင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။