Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းအောင်လှိုင်ကို တရားစီရင်မပြီးမချင်းတော်လှန်ရေးမပြီး၊​ ပြေးစရာ​မြေမရှိ​စေရဟု NUG ကာကွယ်ရေးဝန်ကြီး အသိပေး

ထို့အပြင် “တကယ် မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

မင်းအောင်လှိုင်ကို တရားစီရင်မပြီးမချင်းတော်လှန်ရေး မပြီး၊​ပြေးစရာ​မြေမရှိ​စေရဟု NUG ကာကွယ်ရေးဝန်ကြီး အသိပေး
မင်းအောင်လှိုင်ကို တရားစီရင်မပြီးမချင်းတော်လှန်ရေး မပြီး၊​ပြေးစရာ​မြေမရှိ​စေရဟု NUG ကာကွယ်ရေးဝန်ကြီး အသိပေး

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစီရင် မပြီးမချင်း လက်ရှိတော်လှန်ရေးပြီးဆုံးမည်မဟုတ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက သေဒဏ်ကွပ်မျက်ပြီးကြောင်း သတင်း ထုတ်ပြန်အပြီးတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက ယင်းသို့ ရေးသား ဖော်ပြလာခြင်းဖြစ်သည်။

“မင်း​အောင်လှိုင်ကို တရားစီရင်လို့ မပြီးမချင်းဒီ​တော်လှန်​ရေး မပြီး။ ပြေးစရာ​မြေ တစ်လက်မမှ မရှိ​စေရ ကမ္ဘာဆုံး​အောင် လိုက်မယ်” ဟု ဝန်ကြီးဦးရည်မွန်က ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်ကလည်း ကွပ်မျက်သည့် သတင်း မှန်ခဲ့မည်ဆိုပါက ‘သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်’ ဟု ၎င်း၏ လူမှုကွန်ရက်၌ ရေးသားသည်။

ထို့အပြင် “တကယ် မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

ဦးဖြိုးဇေယျာသော်၏ ဇနီးဖြစ်သူကလည်း “ပြန်ပေးဆပ်ရမယ်” ဟု ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

​သေဒဏ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကလည်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်ဟုစစ်ကောင်စီအလိုကျရေးသားသည့် သတင်းဌာနအချို့ကိုအတည်ပြုထားသည်။

သတင်း

တာဝန်ခံမှုနှင့် နစ်နာဆုံးရှုံးမှုများကို အစားလျော်ပေးခြင်းတို့သည် ဆက်လက်၍ တွန်းအားပေးသော မရှိမဖြစ် အချက်များဖြစ်ရန်လိုအပ်ကြောင်းလည်း NUG က တိုက်တွန်းသည်။

သတင်း

ဂျပန်အစိုး၏ မြန်မာပြည်အပေါ်ထားရှိသည့် သဘောထားမှာ ယနေ့အချိန်အထိ ပြတ်သားမှုမရှိဘဲ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနှင့် ပိုမိုပတ်သက်လာနေ ကြောင်းကို စိတ်မကောင်းစွာမြင်တွေ့ နေရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆောင်းပါး

အငြိမ်းစား သမိုင်းဆရာ တစ်ယောက်ဖြစ်တဲ့ ဦးစိန်လင်းဟာ သူ့ဘဝ တလျှောက်လုံး တစ်ခါမှ ဂိမ်းမကစားခဲ့ဖူးပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်လလောက်ကစလို့ သူဟာ Facebookကနေ ရှာတွေ့လာတဲ့ War of Heroes – The PDF ဂိမ်းကို စကစားဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ...