Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးထက်နည်းသေဟု PDF ပြော

ဝါရီဆူးပလိုင်၊နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရ ထောက်ပို့ နိုင်ရန် မိုးဗြဲ မြို့ကို စစ်ကောင်စီက ရယူလိုခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ် များက သုံးသပ်သည်။

ဓာတ်ပုံ - MBPDF
ဓာတ်ပုံ - MBPDF

ယာဥ်အစီးရေ (၂၁)ဖြင့် အင်အား ၃၀၀ခန့်ပါအကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (ဇူလိုင် ၂၅ ရက်) နေ့လည် ၁နာရီခန့်တွင် မိုးဗြဲမြို့ အတွင်းသို့ စတင်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး ညနေ (၅)နာရီဝန်းကျင်တွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ စတင်ခဲ့သည်ဟု ဆိုသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁ ၊တပ်ရင်း ၂)၊ Loikaw PDF နှင့် URF အဖွဲ့တို့ ပူးပေါင်း ခုခံခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦး အသေးစားဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲမှာ ၃နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး အဆမတန် အသုံးပြုခဲ့ သောကြောင့် အရပ်သားနေ အိမ်များထိခိုက်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင်များရှိရာ ဘုန်းတော်ကြီး ကျောင်းအချို့တွင်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်။

စစ်ကောင်စီ၏ ဖျက်အားပြင်း လက်နက်ကြီးများကြောင့် စစ်ဘေးရှောင် အရပ်သားအမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးထိခိုက်‌ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွား ခဲ့ရသည်။

ထို့ကြောင့် ယနေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး များစွာ အသုံးပြုခဲ့ပြီး အရပ်သားစစ်ဘေးရှောင်နေရာများပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း MBPDF က အသိပေးသည်။

မိုးဗြဲမြို့ပေါ်တွင် စနစ်တကျ အထိုင်ချနိုင်ရန် အကြမ်းဖက်စစ်ကောင်စီက ယခုလ တတိယ ပတ်ကစ၍ ကြိုးပမ်းနေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က အသိပေးထား သည်။

ဝါရီဆူးပလိုင်၊နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရ ထောက်ပို့ နိုင်ရန် မိုးဗြဲ မြို့ကို စစ်ကောင်စီက ရယူလိုခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ် များက သုံးသပ်သည်။

ထို့ကြောင့် ဇူလိုင် ၁၈ ရက်ကစ၍ မိုးဗြဲမြို့ပေါ်ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် မဟာ မိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ ခုခံနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"လက်နက်ကြီးသံတွေကြားလို့အမေကသူ့ကလေးကိုရင်ခွင်ထဲ ပိုက်ပြီး ဝပ်နေတာ။ပေါက်ကွဲတဲ့နေရာကနေ လွင့်လာတဲ့ မိုင်းစက ကလေးနောက်စိကိုသွားထိတာ။ ဆေးကုသခဲ့ပေမယ့် ကလေးသေဆုံးသွားတယ်"ဟု မိုင်းနောင်ရွာဒေသခံတစ်ဦးကပြောသည်။

သတင်း

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့သည် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေအရ ယုံကြည်ရာကို လုပ်ဆောင်နေကြသည့် နိုင်ငံရေးသမားများ ဖြစ်သည်ဟု ANPက ဆိုသည်။

သတင်း

မိုးဗြဲမြို့ပေါ်တွင် စနစ်တကျ အထိုင်ချနိုင်ရန် အကြမ်းဖက်စစ်ကောင်စီက ယခုလ တတိယ ပတ်ကစ၍ ကြိုးပမ်းနေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က အသိပေးထား သည်။

သတင်း

အဆိုပါ စစ်ဆင်ရေးဂွင်သို့ တြိဂံတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများပါ စစ်ဆင်ရေးဂွင်အတွင်း ရောက်ရှိနေသည်ဟု SSPP ဗဟိုအုပ်ချုပ်ရေးကော်မတီနှင့် နီးစပ်သူက ပြောသည်။