Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကွတ်ခိုင်မြို့နယ်တွင်KIA နှင့်စစ်​ကောင်စီတပ်တိုက်ပွဲတစ်​နေကုန်ဖြစ်​နေ

“လက်နက်ကြီးသံတွေကြားလို့အမေကသူ့ကလေးကိုရင်ခွင်ထဲ ပိုက်ပြီး ဝပ်နေတာ။ပေါက်ကွဲတဲ့နေရာကနေ လွင့်လာတဲ့ မိုင်းစက ကလေးနောက်စိကိုသွားထိတာ။ ဆေးကုသခဲ့ပေမယ့် ကလေးသေဆုံးသွားတယ်”ဟု မိုင်းနောင်ရွာဒေသခံတစ်ဦးကပြောသည်။

(တိုက်ပွဲဖြစ်၍ ​နေရပ်စွန့်ခွာထွက်​ပြေးလာ​သောစစ်​ဘေးဒုက္ခသည်များ။ ။ဓါတ်ပုံ-CJ)
(တိုက်ပွဲဖြစ်၍ ​နေရပ်စွန့်ခွာထွက်​ပြေးလာ​သောစစ်​ဘေးဒုက္ခသည်များ။ ။ဓါတ်ပုံ-CJ)

●စစ်တပ်ပစ်​သောလက်နက်ကြီးကျည်ထိ​သောက​လေးငယ်​ဆေးရုံတွင်ကွယ်လွန်

ကွတ်ခိုင်မြို့နယ်လွိုင်ဆမ်ဆစ်တောင်ခြေအနီးဝန်းကျင်တွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ် တို့ယ​နေ့နံနက်အ​စောပိုင်းမှယနေ့ ညအထိတစ်​နေကုန်တိုက်ပွဲဖြစ်ပွား​နေသည်။

ထိုအပြင်ယ​နေ့နံနက်ပိုင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်က ပစ်သော လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် အသကွ ၃ နှစ်အရွယ်ကလေးငယ် ဆေးရုံ၌သေဆုံးသွားခဲ့သည်။

လွိုင်ဆမ်ဆစ်တောင်ခြေအနီးမန်နောင်ကျေးရွာတွင် ယနေ့(ဇူလိုင် ၂၅ရက်) နံနက် ငါးနာရီခန့်ကစ၍တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီဘက်ကပစ်သောဘက်နက်ကြီးကျည်သည် နေအိမ်ခြံဝင်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၃)နှစ်အရွယ်ကလေးငယ်မှာမိုင်းစထိမှန်ခဲ့ပြီးဒဏ်ရာအပြင်းအထန်ရခဲ့​ကြောင်းဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

“လက်နက်ကြီးသံတွေကြားလို့အမေကသူ့ကလေးကိုရင်ခွင်ထဲ ပိုက်ပြီး ဝပ်နေတာ။ပေါက်ကွဲတဲ့နေရာကနေ လွင့်လာတဲ့ မိုင်းစက ကလေးနောက်စိကိုသွားထိတာ။ ဆေးကုသခဲ့ပေမယ့် ကလေးသေဆုံးသွားတယ်”ဟု မိုင်းနောင်ရွာဒေသခံတစ်ဦးကပြောသည်။

သေဆုံးသွားသော ကလေးငယ်သည် အသက်သုံးနှစ်အရွယ် တအာင်းတိုင်းရင်းသား ကလေးငယ်တစ်ဦးဖြစ်သည်။ မနက်ဖြန်(ဇူလိုင်လ ၂၆ရက်)နေ့လည်တွင်နာရေးပြုလုပ်မည်ဖြစ်သည်။

တိုက်ပွဲသည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ရင်း(၃၉) နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေခြင်းဖြစ်သည်။ ယနေ့ ညအထိ သေနတ်ပစ်ခတ်သံရော လက်နက်ကြီးသံများပါ ကြားနေရပြီး မန်နောင်ရွာ ဒေသခံများ​နေရပ်စွန့်ခွာထွက်​ပြေးတိမ်းရှောင်နေကြသည်။

မန်နောင်ကျေးရွာသည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းဘေးမှ ကျေးရွာဖြစ်၍ လမ်းပိုင်းအသုံးပြုမည့်ကားများ သတိပြုမောင်းနှင်ကြရန် ကွတ်ခိုင်မြို့ခံများက သတိပေး ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဝါရီဆူးပလိုင်၊နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရ ထောက်ပို့ နိုင်ရန် မိုးဗြဲ မြို့ကို စစ်ကောင်စီက ရယူလိုခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ် များက သုံးသပ်သည်။

သတင်း

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့သည် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေအရ ယုံကြည်ရာကို လုပ်ဆောင်နေကြသည့် နိုင်ငံရေးသမားများ ဖြစ်သည်ဟု ANPက ဆိုသည်။

သတင်း

မိုးဗြဲမြို့ပေါ်တွင် စနစ်တကျ အထိုင်ချနိုင်ရန် အကြမ်းဖက်စစ်ကောင်စီက ယခုလ တတိယ ပတ်ကစ၍ ကြိုးပမ်းနေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က အသိပေးထား သည်။

သတင်း

အဆိုပါ စစ်ဆင်ရေးဂွင်သို့ တြိဂံတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများပါ စစ်ဆင်ရေးဂွင်အတွင်း ရောက်ရှိနေသည်ဟု SSPP ဗဟိုအုပ်ချုပ်ရေးကော်မတီနှင့် နီးစပ်သူက ပြောသည်။