Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု၏ လူမဆန်သည့်လုပ်ရပ်အပေါ် ပြည်သူအားလုံးတက်နိုင်သည့် ဘက်က ဆန့်ကျင်တော်လှန်ရန် CNO/CNDF တိုက်တွန်း

ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား စစ်ကောင်စီက မတရား သေဒဏ်စီရင်မှုအပေါ်CNO/CNDFက သဘော ထားထုတ်ပြန်ရာ၌ ယင်းသို့ဖော်ပြခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အာဏာကို မတရားလုယူသည့် အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်၊ရက်စက် ကြမ်းကြုတ် သည့်လုပ်ရပ်အပေါ် ပြည်ထောင်စုဖွားတိုင်းရင်းသား လူမျိုးများအားလုံးနှင့် နိုင်ငံတကာရောက် မြန်မာပြည်သူများအနေဖြင့် အရှိန်အဟုန်မြင့်၍ ဖက်စစ်စစ်အုပ်စုအား မိမိတို့တတ်နိုင်သည့်ဘက်မှ ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်ကြရန် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား များကာကွယ်ရေး တပ်(CNO/CNDF)က ယနေ့ ထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ဒီမိုကရေစီစနစ် ထိန်းသိမ်းကာကွယ်နိုင်ရန် မြန်မာပြည်သူလူထုဘက်မှ အားပေး ထောက်ခံပြီးပံ့ပိုးကူညီပေးရန် အလေးအနက် တိုက်တွန်း ကြောင်းလည်း ဖော်ပြထားသည်။

ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား စစ်ကောင်စီက မတရား သေဒဏ်စီရင်မှုအပေါ်CNO/CNDFက သဘော ထားထုတ်ပြန်ရာ၌ ယင်းသို့ဖော်ပြခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စု၏ လူမဆန်သည့်လုပ်ရပ်အပေါ် ပြည်သူအားလုံးတက်နိုင်သည့် ဘက်က ဆန့်ကျင်တော်လှန်ရန် CNO/CNDF တိုက်တွန်း
စစ်အုပ်စု၏ လူမဆန်သည့်လုပ်ရပ်အပေါ် ပြည်သူအားလုံးတက်နိုင်သည့် ဘက်က ဆန့်ကျင်တော်လှန်ရန် CNO/CNDF တိုက်တွန်း

၎င်းတို့လေးဦးအား အကြမ်းဖက်စစ်အုပ်စုက မတရားသေဒဏ်စီရင်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်သည့် သတင်းကြောင့် များစွာတုန်လှုပ်ခြောက်ခြား မိသည့်အပြင် ၎င်းတို့၏မိသားစုများ နှင့်အတူ ဝမ်းနည်းကြေကွဲရပါကြောင်း CNO/CNDFက ထုတ်ပြန်သည်။

ဤကဲ့သို့ မတရားသေဒဏ်ချမှတ်ခံရသည့် ပြစ်ဒဏ်စီရင်ခြင်းအပေါ် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း နှင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အပါအဝင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်သူရဲကောင်းများ အားလုံးဦးညွှတ် အလေးနီပြုကြောင်း ဖော်ပြခဲ့သည်။

“ကျန်ရစ်သူမိသားစုများအပေါ် လူတို့ကြံစည်၍မမှီနိုင်သော ဘုရားသခင် ထံတော်မှ လာသည့် ငြိမ်သက်ခြင်း ရှိပါစေ။”ဟုလည်း CNO/CNDFက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒီနေ့မှာဆိုရင်လည်း စစ်အုပ်စုဟာ မနက်အစောပိုင်းကစတင်ပြီး စစ်ဆေးနေပါတယ်။ ဒီနေ့မှာတော့ တစ်နေရာတည်းမှာ အထိုင်ချပြီး စစ်ဆေးတာမျိုးမဟုတ်ဘဲ ရွှေ့လျားပုံစံမျိုးနဲ့ စစ်ဆေးတာကိုတွေ့ရတယ်လို့ဒေသခံအချို့ကဆိုပါတယ်။

သတင်း

သေဆုံးထိခိုက်သည့် စစ်ကောင်စီတပ်သားများအား နာရေးကားများဖြင့် သယ်သွားကြောင်း၊ ထိုအချိန်တွင် တည်သီးတော၊သီးလုံး၊မြင်းခြင်းရွာများမှပျူများ စစ်ကူလာ၍ ပြန်ဆုတ်ချိန် ပြ​ည်သူ့ကာကွယ်ရေး ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ShweBo Federal Army (S.B.F.A)အဖွဲ့က အသိပေးသည်။

သတင်း

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးကြောင်း ထုတ်ပြန်ချက်မှာ စစ်အုပ်စုသည် လက်နက်အားကိုးပြီး ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းစွာ ပြည်သူအပေါ် အနိုင်ကျင့်ခြင်းဖြစ်သည်ဟု NUCC က ထုတ်ပြန်သည်။

သတင်း

စစ်အုပ်စု တာဝန်ရှိသူများအနေဖြင့် သေဒဏ်ပေးခဲ့သည့် နေ့ရက်၊ အချိန်အတိအကျနှင့် အခုလက်ရှိ ရုပ်အလောင်းကို မည့်သည့်နေရာမှာထားရှိသည်ကို အတည်ပြု ထုတ်ပြန်ရမည်ဟု AAPP က တိုက်တွန်းသည်။