Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်တွင် တပ်စွဲထားသောစစ်အုပ်စုနှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား သုံးဦးသေ

သေဆုံးထိခိုက်သည့် စစ်ကောင်စီတပ်သားများအား နာရေးကားများဖြင့် သယ်သွားကြောင်း၊ ထိုအချိန်တွင် တည်သီးတော၊သီးလုံး၊မြင်းခြင်းရွာများမှပျူများ စစ်ကူလာ၍ ပြန်ဆုတ်ချိန် ပြ​ည်သူ့ကာကွယ်ရေး ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ShweBo Federal Army (S.B.F.A)အဖွဲ့က အသိပေးသည်။

(SNAKE EYES PDFအဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - SNAKE EYES PDF)
(SNAKE EYES PDFအဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - SNAKE EYES PDF)

▪️ပြည်သူ့ရဲဘော် သုံးဦးလည်း ကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုနှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ပြည်သူ့ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်း PDFအဖွဲ့များက ပြောသည်။

ဇူလိုင် ၂၄ ရက် နံနက် ၉နာရီ၁၅မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ သုံးဦးသေဆုံးပြီး ငါးဦးအပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်း SNAKE EYES PDFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သေဆုံးထိခိုက်သည့် စစ်ကောင်စီတပ်သားများအား နာရေးကားများဖြင့် သယ်သွားကြောင်း၊ ထိုအချိန်တွင် တည်သီးတော၊သီးလုံး၊မြင်းခြင်းရွာများမှပျူများ စစ်ကူလာ၍ ပြန်ဆုတ်ချိန် ပြ​ည်သူ့ကာကွယ်ရေး ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ShweBo Federal Army (S.B.F.A)အဖွဲ့က အသိပေးသည်။

ထို့အပြင် ၁နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်၍ စစ်အုပ်စုဘက်က တပ်ကူအင်အား ရောက်ရှိလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း SNAKE EYES PDF အဖွဲ့၏ ထုတ်ပြန်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်သား သုံးဦး​၏ရုပ်အလောင်းကို ယမန်နေ့ညပိုင်းက ဇီးဖြူကုန်းရွာ တောင်ဘက်၊ ကွက်သစ် ပြည်သူ့နေအိမ်များထဲသို့ ထည့်သွင်းမီးရှို့ဖျက်​ဆီးခဲ့ရာ ပြည်သူ့နေအိမ် လေးလုံးပါသွားကြောင်း S.B.F.Aအဖွဲ့က ပြောသည်။

အဆိုပါစစ်ဆင်ရေးအား တိုက်နယ်(၂) ပ.က.ဖ အဖွဲ့စည်းနှင့် C&T SHWEBO (LDF)၊ Snake Eyes (LPDF)၊ ShweBo Federal Army (S.B.F.A)၊ ဒေါင်းမာန်-SHWEBO (LDF)၊ Alpha-7 (LDF)၊ ဗိုလ်ကျားရိုင်း ရွှေဘို(LDF)၊ ရွှေဘို စွန်ရဲ(LDF)၊ MDF-SHWEBO၊ မတစ်ထောင်(တစ်ကောင်ဖွား)-ဒီပဲယင်း၊ ဇာမဏီဒေါင်း(ဒီပဲယင်း)၊ ကျားရိုင်း(ဇေယျာသွေး) စသည့်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

ကျဆုံးခဲ့ရသူ ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦးသည် အသက် ၂၂မှ ၂၄အရွယ်ကြား လူငယ်များဖြစ်ကြောင်း SNAKE EYES PDFအဖွဲ့က​ ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ SNAKE EYES PDFအဖွဲ့ တာဝန်ရှိသူက “အခုကျဆုံးခဲ့ရတာက တပ်ပြန်အဆုတ်မှာ အပြန်အလှန်ပစ်ခတ်ရင်း ကျဆုံးခဲ့ရတာပါ။ ကျည်ကွယ်မျက်ကွယ် အရမ်းနည်းပြီး အန္တရာယ်အရမ်းများခဲ့တဲ့ ဆုတ်လမ်းမို့ အခုလို ဖြစ်ခဲ့ရတာပါ။ ပထမတော့ သူတို့နဲ့ လက်နက် အင်အားညီမျှပါတယ်။ နောက်ပိုင်း သူတို့တပ်ကူရောက်လာတော့မှ လက်နက်ကြီးတွေ တရစပ်ထုပြီး သူတို့ဘက်က အင်အားသာသွားတာပါ။ သူတို့ဘက်က သေဆုံးမှုကို အတွင်းသတင်းပေးအရ အတည်ပြုထားတာပါ။”ဟု ဖြေကြားသည်။

အကြမ်းဖက်စစ်ကာင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေအား People’s Springက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုနေ့ကပင် ရွှေဘိုမြို့နယ် ကူးတို့ဆိပ်ကျေးရွာရှိ ပျူအဖွဲ့နှင့် စစ်ကောင်စီတပ်များ စုပေါင်းနေထိုင်ရာ နေအိမ်များအား မဟာမိတ်ငါးဖွဲ့ပူးပေါင်းကာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြသေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်နှင့် အကျိုးဆက်များကို သတိပြုစေလိုကြောင်းလည်း ဖော်ပြထားသည်။

သတင်း

KNLAတပ်ဖွဲ့ တစ်ဖက်ကမ်းကို မကူးနိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ကူးတို့ဆိပ်တွေမှာ မြေမြုပ်မိုင်းတွေ ထောင်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လ(၁၁)ရက်နေ့စတင်ကာ ကူးတို့ဆိပ်တွေအားလုံးကို စစ်ကောင်စီက ပိတ်ပစ်ခဲ့တာဖြစ်တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးကြောင်း ထုတ်ပြန်ချက်မှာ စစ်အုပ်စုသည် လက်နက်အားကိုးပြီး ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းစွာ ပြည်သူအပေါ် အနိုင်ကျင့်ခြင်းဖြစ်သည်ဟု NUCC က ထုတ်ပြန်သည်။

သတင်း

ဝါရီဆူးပလိုင်၊နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရ ထောက်ပို့ နိုင်ရန် မိုးဗြဲ မြို့ကို စစ်ကောင်စီက ရယူလိုခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ် များက သုံးသပ်သည်။