Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်းတယမြို့နယ်မှ စစ်ကောင်စီလက်ဝေခံ ပျူစောထီးတစ်ဦးကို ချိုးဖြူ ပြောက်ကျားတပ် ရှင်းလင်း

အထက်ပါ ပျူစောထီးအဖွဲ့ဝင်အား ပစ်ခတ်ရှင်းလင်းခဲ့သည့် ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခန့်ကလည်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ပင်းတယမြို့ ထွေအုပ်ရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့သော်လည်း Error ဖြစ်ပြီး ပေါက်ကွဲခြင်း မရှိခဲ့ပေ။

ချိုးဖြူ ပြောက်ကျားတပ်
ချိုးဖြူ ပြောက်ကျားတပ်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ စစ်ကောင်စီလက်ဝေခံ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ချိုးဖြူပြောက်ကျား တပ်ဖွဲ့ (JPGF)မှ ယနေ့(ဇူလိုင် ၂၇)တွင် ထုတ်ပြန်သည်။

ယမန်နေ့နံနက် ၆ နာရီ ၂၀ ခန့်က ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာမှ စစ်ကောင်စီလက်ဝေခံ ပျူဆောထီးအဖွဲ့ဝင် ဦးစိုးလှဆိုသူ၏ ဦးခေါင်းအားပစ်ခတ်၍ ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

ပျူစောထီးအဖွဲ့ဝင် ဦးစိုးလှသည် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပေါင်းကာ ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီး စေခိုင်းခြင်းများ ကျူးလွန်နေသူဖြစ်ကြောင်း ထောက်ပြသည်။

ထို့အပြင် ဦးစိုးလှသည် ကိုယ်ပိုင်သေနတ်အတိုတစ်လက်ကိုင်ဆောင်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စိန်ခေါ်ခဲ့သူဖြစ်ကြောင်း ဖော်ပြသည်။

အထက်ပါ ပျူစောထီးအဖွဲ့ဝင်အား ပစ်ခတ်ရှင်းလင်းခဲ့သည့် ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခန့်ကလည်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ပင်းတယမြို့ ထွေအုပ်ရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့သော်လည်း Error ဖြစ်ပြီး ပေါက်ကွဲခြင်း မရှိခဲ့ပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကွတ်ခိုင်မြို့နယ်၊လွိုင်ဆမ်ဆစ်တောင်ခြေအနီးမန်နောင်ကျေးရွာတွင် ဇူလိုင် ၂၅ရက်က ကေအိုင်အေနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်ကပစ်သောလက်နက်ကြီးကျည်ထိမှန်ကာ အသက် ၃ နှစ်အရွယ် ​​ကောင်က​လေးတစ်ဦးသေဆုံးခဲ့သည်။

သတင်း

ထို့အပြင်မြိုင်မြို့နယ်မြောက်ပိုင်းတွင်လည်းယနေ့စစ်ကောင်စီတပ်ကိုပြောက်ကျားနည်းဖြင့်တိုက်ခိုက်ရာစစ်ကောင်စီတပ်မှ ၃ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်ဟုသိရသည်။

သတင်း

စစ်ကောင်စီ အဆိုပြုထားသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လမ်းစဉ်နှင့် လည်းလုံး၀ ဆန့်ကျင်နေသောကြောင့် စစ်ကောင်စီ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း MNDAA၊ AAနှင့် TNLA တို့က ထုတ်ပြန်သည်။

သတင်း

ယခုတကြိမ်တွင် ယာဥ်နှင့် ယာဥ်မောင်းသမားကို လွှတ်ပေးခဲ့သော်လည်း နောက်နောင်တွင် စစ်ကောင်စီနှင့်တန်းတူ အရေးယူသွားမည်ဟု ဇိုမီး PDFက ဖော်ပြထားသည်။