Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူကိုငဲ့ပြီး စစ်ရေးတိုက်ခိုက်မှုအစီအစဥ် ဖျက်သိမ်းခဲ့ရဟု မန္တလေး UG တပ်ပေါင်းစုအသိပေး

မန္တလေးမြို့အခြေစိုက် FEA တပ်ပေါင်းစုတွင် နိုင်ငံ ရေးအကျဉ်းသားများကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force(FLA)၊ Emerald Grils Army(EGA) နှင့် Anonymous Force Mandalay (AFM)တို့ပါ၀င်ဖွဲ့စည်းထားသည်။

ပြည်သူကိုငဲ့ပြီး စစ်ရေးတိုက်ခိုက်မှုအစီအစဥ် ဖျက်သိမ်းခဲ့ရဟု မန္တလေး UG တပ်ပေါင်းစုအသိပေး
ပြည်သူကိုငဲ့ပြီး စစ်ရေးတိုက်ခိုက်မှုအစီအစဥ် ဖျက်သိမ်းခဲ့ရဟု မန္တလေး UG တပ်ပေါင်းစုအသိပေး

▪️စစ်ရေးအစီအစဥ်ဖျက်သိမ်းရမှု လေးကြိမ်ရှိပြီဟုဆို

အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များအားတိုက်ခိုက်မည့် စစ်ရေးတိုက်ခိုက်မည့်အစီအစဥ်အား ပြည်သူကိုငဲ့ပြီး ဖျက်သိမ်းလိုက်ရကြောင်း မန္တလေးမြို့အခြေစိုက် UG မဟာမိတ်တပ်ပေါင်းစု FEA က ယနေ့(ဇူလိုင် ၂၇)တွင် အသိပေးထုတ်ပြန်သည်။

ယနေ့တွင် မန္တလေးမြို့တစ်နေရာ၌ စစ်ရေး Mission စီစဥ်ခဲ့ရာ သတိမမူသော ပြည်သူအချို့ကြောင့် အစီအစဥ်ဖျက်ခဲ့ရပြီး စစ်ရေးအသုံးစရိတ်များ ဆုံးရှုံးမှုရှိခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ Mission အပါအဝင် ဖျက်သိမ်းခဲ့ရသော တိုက်ခိုက်ရေးအစီအစဥ် လေးကြိမ်ရှိလာပြီဖြစ်ပြီး နောက်နောင်တွင် အတတ်နိုင်ဆုံး ပြည်သူကိုရှောင်ရှားပြီးပြုလုပ်မည်ဖြစ်သော်လည်း အစီအစဥ်ဖျက်သိမ်းတော့မည်မဟုတ်ကြောင်း အသိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီအပါအဝင် ၎င်း၏လက်အောက်ခံ လူဝါးဝနေသူများ၊ ၎င်းတို့လုပ်ငန်းများ၊ နေအိမ်များအပါအဝင် စစ်ကောင်စီလက်ပါးစေများနှင့် ဝေးဝေးနေကြရန် သတိပေးထားသည်။

“ပြည်သူတွေအနေနဲ့ ပျောက်ကျားအဖွဲ့တွေက အရှိန်မြင့်လာကြပြီလေ အဖွဲ့တိုင်းလိုလို။ ရှောင်တခင်ထုတ်ပြန်တာလေးတွေကို လိုက်နာပေးကြပါလို့။ မစ်ရှင်တစ်ခု ဖျတ်သိမ်းရရင် ဆုံးရှုံးမှုက အစားပြန်မရနိင်ဘူးလေ။ အဓိက က အချိန်ပေါ့”ဟု FEA တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

မန္တလေးမြို့အခြေစိုက် FEA တပ်ပေါင်းစုတွင် နိုင်ငံ ရေးအကျဉ်းသားများကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force(FLA)၊ Emerald Grils Army(EGA) နှင့် Anonymous Force Mandalay (AFM)တို့ပါ၀င်ဖွဲ့စည်းထားသည်။

၎င်း FEA တပ်ပေါင်းစုသည် ဇူလိုင် ၂၅ ရက်ညပိုင်းက တောင်သမန်အင်းဘေးရှိ အကြမ်းဖက်စစ်ကောင်စီတပ်အား ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်မှုရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လတ်တလော စစ်ရေးအခြေအနေများကြောင့် ပခုက္ကူ-မြိုင်လမ်းမကြီးအား ယာယီပိတ်ထား ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်က ယနေ့တွင် အသိပေးထားသည်။

သတင်း

ပြည်သူလူထုအား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အနေဖြင့် အကြိမ်ကြိမ်သတိပေးတားမြစ်ထားပြီးဖြစ်သော်လည်း ပြည်သူ့လူထုမှ လိုက်နာခြင်းမရှိခြင်းသည့်အပေါ် များစွာစိတ်မကောင်းဂရုဏာဒေါသလည်းဖြစ်ခဲ့ရပါသည်ဟု ဆိုသည်။

သတင်း

"ကျမအတွက် ကူငွေမလိုဘူး လုံး၀ လုံး၀ လက်မခံပါ။ တော်လှန်ရေးအတွက်ဘဲ ကူပါ လှူပါ။ ပြိုင်တူတွန်းကြပါ၊။ ရုန်းကြပါ” ဟု မနီလာသိန်းက တိုက်တွန်းလိုက်သည်။

သတင်း

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့နှင့် အရှေ့တောင်ပိုင်း ဖြစ်သည့် ပေခုနှစ်ပင် -ပုသိမ် မုံရွာလမ်း၊ ယာကြီးပြင်ကျေး ပုသိမ်-မုံရွာ ဆိပ်ဖြူလမ်းပိုင်းအား မည်သည့်ယာဥ်အမျိုးအစားမှ ဖြတ်သန်းသွားလာ​ခြင်း မပြုရန် ​ဒေသတွင်းPDFအဖွဲ့များက သတိပေးသည်။