Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ် တိုက်ပွဲစစ်ကောင်စီတပ်မှ၄ ဦးသေ၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ၂ဦးကျဆုံး

ထို့အပြင်မြိုင်မြို့နယ်မြောက်ပိုင်းတွင်လည်းယနေ့စစ်ကောင်စီတပ်ကိုပြောက်ကျားနည်းဖြင့်တိုက်ခိုက်ရာစစ်ကောင်စီတပ်မှ ၃ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်ဟုသိရသည်။

(မြိုင် ပကဖ တပ်ဖွဲ့ဝင်အချို့ )
(မြိုင် ပကဖ တပ်ဖွဲ့ဝင်အချို့ )

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ယနေ့တိုက်ပွဲ များဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ​လေးဦးသေဆုံးပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲဘော်၂ဦးလည်း ကျဆုံးခဲ့ ကြောင်း မြိုင်ပကဖ ကသတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၂၇ရက်)တွင်မြိုင်နယ်အရှေ့ဘက် မြိုင်ပကဖ ရဲဘော်များသည် စဘေရွာအနီးရှိရှေ့ကင်းထောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးအား ပစ်ခတ်ခဲ့ကြောင်း၊ ဆိုင်ကယ်အသင့်စောင့်၍ မိုင်းပွိုင့်ခွဲ၍ ခြောက်လှန်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင်မြိုင်မြို့နယ်မြောက်ပိုင်းတွင်လည်းယနေ့စစ်ကောင်စီတပ်ကိုပြောက်ကျားနည်းဖြင့်တိုက်ခိုက်ရာစစ်ကောင်စီတပ်မှ ၃ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်ဟုသိရသည်။

အဆိုပါ တိုက်ပွဲများ၌ ပကဖ ရဲဘော် ၂ဦး ကျဆုံးခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။

တိုက်ပွဲများနေရာအများအပြားတွင်ဖြစ်လာ၍ ပြည်သူများ အနေဖြင့် တက်နိုင်သမျှ ကူညီကြရန်လည်း မြိုင်ပကဖက မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ အဆိုပြုထားသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လမ်းစဉ်နှင့် လည်းလုံး၀ ဆန့်ကျင်နေသောကြောင့် စစ်ကောင်စီ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း MNDAA၊ AAနှင့် TNLA တို့က ထုတ်ပြန်သည်။

သတင်း

အထက်ပါ ပျူစောထီးအဖွဲ့ဝင်အား ပစ်ခတ်ရှင်းလင်းခဲ့သည့် ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခန့်ကလည်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ပင်းတယမြို့ ထွေအုပ်ရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့သော်လည်း Error ဖြစ်ပြီး ပေါက်ကွဲခြင်း မရှိခဲ့ပေ။

သတင်း

ယခုတကြိမ်တွင် ယာဥ်နှင့် ယာဥ်မောင်းသမားကို လွှတ်ပေးခဲ့သော်လည်း နောက်နောင်တွင် စစ်ကောင်စီနှင့်တန်းတူ အရေးယူသွားမည်ဟု ဇိုမီး PDFက ဖော်ပြထားသည်။

သတင်း

လတ်တလော စစ်ရေးအခြေအနေများကြောင့် ပခုက္ကူ-မြိုင်လမ်းမကြီးအား ယာယီပိတ်ထား ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်က ယနေ့တွင် အသိပေးထားသည်။