Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ ရစ်ချ်တာစကေး ၇.၁ အဆင့် အင်အားပြင်း ငလျင်လှုပ်

ဖိလစ်ပိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲရေးဌာနက ငလျင်နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက် ထုတ်ပြန်တာမျိုး မရှိပေမယ့် ရက်ပိုင်းအတွင်း ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နိုင်သေးတယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်မှာ ရစ်ချ်တာစကေး ၇.၁ အဆင့် အင်အားပြင်း ငလျင်လှုပ်

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၂၇ ရက် မနက်ပိုင်းက ငလျင်ဟာ ဖိလစ်ပိုင်ရဲ့ လူဦးရေ အထူထပ်ဆုံး နေထိုင်ရာ လူဇုန်ကျွန်းကို ဦးတည် လှုပ်ခတ်ခဲ့ပြီး ဆေးရုံတစ်ရုံနဲ့ တခြား အဆောက်အအုံတွေ ထိခိုက် ပျက်စီးခဲ့ကြောင်း ကနဦး သိရှိထားရပါတယ်။ အက်ဘရာ ဒေသက ဆေးရုံဟာ တစိတ်တပိုင်း ပြိုကျသွားတဲ့အတွက် အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

ငလျင်ရဲ့ လှုပ်ခတ်မှုဒဏ်ကို မနီလာမြို့တော်ကလည်း သက်ရောက် ခံစားခဲ့ရပြီး လွှတ်တော်ထဲက ဥပဒေပြု အမတ်တွေကိုလည်း အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် လူအသေအပျောက် သတင်းတွေတော့ မကြားရသေးပါဘူး။

ဖိလစ်ပိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲရေးဌာနက ငလျင်နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက် ထုတ်ပြန်တာမျိုး မရှိပေမယ့် ရက်ပိုင်းအတွင်း ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နိုင်သေးတယ်လို့ ပြောပါတယ်။

ကုန်းပိတ် ဧရိယာ တစ်ခုဖြစ်တဲ့ အက်ဘရာ ဒေသဟာ ငလျင်ဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ နေရာဖြစ်ပြီး Facebookပေါ် မျှဝေထားတဲ့ ဓာတ်ပုံတွေအရ အဆောက်အအုံတွေ ထိခိုက် ပျက်စီးနေတာကို တွေ့မြင်ရပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီကတော့ ငလျင်ရဲ့ ဗဟိုချက်ဟာ ဒိုလိုရက်စ်မြို့ရဲ့ အရှေ့-အရှေ့တောင်ထောင့် ၆ မိုင်လောက်အကွာ မြေအနက် ၆ မိုင်လောက်ကို ဦးတည်နေခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မြေတိမ်ငလျင် ဖြစ်တာကြောင့် မြေမျက်နှာပြင် အထက်ပိုင်းမှာ သက်ရောက် ထိခိုက်မှုတွေ ပိုများပြားခဲ့ပါတယ်။

ငလျင်ဟာ စက္ကန့် ၃၀ လောက်ကြာအောင် ယိမ်းထိုး လှုပ်ရှားနေခဲ့ပြီး ငလျင်ဒဏ် သက်ရောက် ခံစားရတဲ့ ဒေသခံတွေဟာ လမ်းတွေပေါ်ကို အလန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အတိုင်းအတာကို ဆန်းစစ်နေဆဲ ဖြစ်သလို လောလောဆယ် မနီလာမြို့တော် ဧရိယာ တဝိုက်က ရထားပြေးဆွဲမှုတွေကိုပါ ယာယီ ပိတ်ထားပြီး လုံခြုံရေး စံနှုန်းတွေ ပြန်လည် စစ်ဆေးနေကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြန်မာနိုင်ငံတွင်ယခုရက်ပိုင်း အင်အားအသင့်အတင့်ရှိ​သော ​မြေငလျင်များ မကြာခဏ လှုပ်ရှားနေ၍ သတိပြုနေထိုင်ကြရန် ​မြေငလျှင်ပညာရှင်အချို့ကအကြံပြုသည်။

နိုင်ငံတကာ

ဘွန်ဘွန်ဟာ သူ့ဖခင်ရဲ့ ဆိုးယုတ်မှုတွေကို မျက်ဝါးထင်ထင် မကြုံဖူးတဲ့ ခေတ်သစ် ဖိလစ်ပိုင် လူ့အဖွဲ့အစည်းကို ပစ်မှတ်ထား မဲဆွယ်ခဲ့ပြီး ရွေးကောက်ပွဲမှာ အောင်ပွဲ ခံနိုင်ခဲ့ပါတယ်။ လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ် ဖိလစ်ပိုင်တွေကတော့ မားကို့စ် မျိုးဆက်တစ်ယောက် သမ္မတ ဖြစ်လာတာကို အကြီးအကျယ် စိတ်ပျက်နေကြပါတယ်။

သတင်း

ဒီငလျင်လှုပ်ခတ်မှုကို လှိုင်မြို့နယ် ၊ မရမ်းကုန်း ၊ကမာရွတ် ၊ အင်းစိန် စတဲ့ မြို့နယ်တွေက ပြည်သူအများ သိသိသာသာခံစားလိုက်ရတယ်လို့ သိရပါတယ်။

သတင်း

ဒူတာတေးရဲ့ သမီးဖြစ်သူ ဆာရာ ဒူတာတေးကတော့ မကြာသေးခင်ကမှ ဖိလစ်ပိုင် ဒုတိယ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုထားခဲ့ပြီး ဘွန်ဘွန်ရဲ့ အစိုးရ အဖွဲ့မှာ ပညာရေး ဝန်ကြီးအနေနဲ့ တာဝန်ယူသွားမှာပါ။