Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနှင့်ဝက်လက်ကြား ဧရာဝတီမြစ်ဘေးတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူ

ယနေ့ (ဇူလိုင်၂၈ ရက်)တွင် တိုက်ပွဲဖြစ်ရာအနီး စစ်ကိုင်း-ရှိမ်းမကား-ကျောက်မြောင်း အမှတ်( ၃ )ခရိုင်ချင်းဆက်လမ်းအား ကျန်းမာရေးကိစ္စမှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် တောကြီးမြွေပွေးအဖွဲ့က သတိပေးထားသည်။

(ဝက်လက်မြို့နယ်တစ်နေရာတွင် တွေ့ရသည့် ဒေသတွင်း PDF ရဲဘော်များအား ဇွန်လအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-CJ)
(ဝက်လက်မြို့နယ်တစ်နေရာတွင် တွေ့ရသည့် ဒေသတွင်း PDF ရဲဘော်များအား ဇွန်လအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

▪️တိုက်ပွဲအနီး ခရိုင်ချင်းဆက်လမ်းအား အသုံးမပြုရန် တောကြီးမြွေပွေးအဖွဲ့ သတိပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က RPG​ဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူသွားကြောင်း ဒေသခံများက ပြော သည်။

ယမန်နေ့(ဇူလိုင် ၂၇ရက်) ညနေပိုင်းက ဧရာဝတီမြစ်ကမ်းဘေး စစ်ကိုင်းမြို့နယ်၊ စဥ်ကိုင်ရွာသို့

စစ်ကောင်စီတပ်ဘက်က RPGဖြင့်သုံးချက် ပစ်ခတ်ရာ ထိုရွာရှိ သံဃာတော်တစ်ပါးနှင့် ပြည်သူတစ်ဦး ထိမှန်ကာ ညပိုင်း ၇နာရီခန့်တွင် သံဃာတော်မှာ ပျံလွန်တော်မူသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလ​ည်း ထိခိုက်မှုရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင်၂၈ ရက်)တွင် တိုက်ပွဲဖြစ်ရာအနီး စစ်ကိုင်း-ရှိမ်းမကား-ကျောက်မြောင်း အမှတ်( ၃ )ခရိုင်ချင်းဆက်လမ်းအား ကျန်းမာရေးကိစ္စမှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် တောကြီးမြွေပွေးအဖွဲ့က သတိပေးထားသည်။

ဇူလိုင်၂၆ ရက်ကလည်း မြစ်တစ်ဖက်ရှိဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ရွာတစ်ရွာဖြစ်သော မတ္တရာမြို့နယ်၊ ပျဥ်ကာရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအား ဒေသတွင်း PDFများက လာရောက်ရှင်းလင်းစဥ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဇူလိုင်၂၇ ရက်တွင်လည်း ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်း PDFများ ဆက်လက်တိုက်ပွဲဖြစ်ပွားရာ မြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်း ဝက်လက်နယ်အခြေစိုက် PDFအဖွဲ့များကပါ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သ​ည်။ ထိုတိုက်ပွဲ၌ အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများရှိကြောင်း နယ်ခံများက ပြောသည်။

ညနေပိုင်းတွင် တိုက်ပွဲဖြစ်ရာနယ်နှင့်ဆက်နေသော စစ်ကိုင်းမြို့နယ် စဉ့်ကိုင် တောင်ရွာနှင့် ဝက်လက်မြို့နယ်၊ စဉ့်ကိုင် မြောက်ရွာကြားတွင်အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထပ်မံ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့တိုက်ခိုက်ရခြင်းမှာ စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များ အတွက် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော ရက်စက် ကြမ်းကြုတ် သည့် လုပ်ရပ်များကို ဘယ်သောအခါမှမေ့မည်မဟုတ်ဘဲ မလွဲမသွေ သွေးကြွေးဆပ်သွား မည်ဖြစ်ကြောင်းလည်း Inya Urban Forceက ထုတ်ပြန်ခဲ့သည်။

သတင်း

ပြီးခဲ့သည့် ဇူလိုင် ၂၅ရက်နှင့် ၂၇ ရက်များက ချောင်းဦးမြို့နယ်ရှိကျေးရွာ​​တွင် မပေါက်ကွဲသေးဘဲ လယ်ယာမြေကွက်များ၌စိုက်ဝင်နေသော (၆၀)မမ ဗုံးသီးသုံးလုံးကို ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရသွားရောက် ဖောက်ခွဲရှင်းလင်းပေးခဲ့ကြောင်း CHUPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

အဆိုပါစခန်းတွင်ယခင်က ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်များသာ ရှိပြီး ယမန်နေ့ညက တိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ရောက်ရှိနေရာယူထားသည်ဟု ဆိုသည်။