Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို CDF(ဟွာငိုရမ်) ၂ရက်ဆက်တိုက်ခိုက်

ထိုသို့တိုက်ခိုက်ရခြင်းမှာ စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များ အတွက် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

(ရိဒ်ခေါဒါရ်မြို့တစ်နေရာအား တွေ့ရစဥ်)
(ရိဒ်ခေါဒါရ်မြို့တစ်နေရာအား တွေ့ရစဥ်)

မတရားသေဒဏ်စီရင်မှုအပေါ် တုန့်ပြန်ခြင်းဟု အသိပေး

ချင်းပြည်နယ် တွန်းဇံမြို့နယ် ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၂ရက် ဆက် တိုက်ခိုက် ခဲ့ကြောင်း ဒေသခံချင်းကာကွယ်ရေးတပ်-CDF (ဟွာငိုရမ်)က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၅ရက်နှင့် ၂၆ရက်တို့တွင် မြို့တွင်း စစ်ဆင်ရေးပုံဖော်မှု ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထာသည်။

ထိုသို့တိုက်ခိုက်ရခြင်းမှာ စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များ အတွက် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲ ပထမရက်တွင် မိနစ် ၄၀ကြာပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒုတိယရက်တွင် ၂၀မိနစ်ခန့် ကြာမြင့်ခဲ့ သည်ဟု ဆိုသည်။

CDF (ဟွာငိုရမ်)အနေဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံး အခြေအနေကို အတိအကျမသိရသော်လည်း ထိရောက်သည့် စစ်ဆင်ရေးကို ပြုလုပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း CDF ရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော ရက်စက် ကြမ်းကြုတ် သည့် လုပ်ရပ်များကို ဘယ်သောအခါမှမေ့မည်မဟုတ်ဘဲ မလွဲမသွေ သွေးကြွေးဆပ်သွား မည်ဖြစ်ကြောင်းလည်း Inya Urban Forceက ထုတ်ပြန်ခဲ့သည်။

သတင်း

ယနေ့ (ဇူလိုင်၂၈ ရက်)တွင် တိုက်ပွဲဖြစ်ရာအနီး စစ်ကိုင်း-ရှိမ်းမကား-ကျောက်မြောင်း အမှတ်( ၃ )ခရိုင်ချင်းဆက်လမ်းအား ကျန်းမာရေးကိစ္စမှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် တောကြီးမြွေပွေးအဖွဲ့က သတိပေးထားသည်။

သတင်း

အဆိုပါစခန်းတွင်ယခင်က ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်များသာ ရှိပြီး ယမန်နေ့ညက တိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ရောက်ရှိနေရာယူထားသည်ဟု ဆိုသည်။

သတင်း

ယခု တိုက်ပွဲဖြစ်ပွားရာ မြ၀တီ-ဝေါ်လေလမ်း၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်ဖွဲ့စည်းထားသည့် ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်များ အကြားလည်း မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။