Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝိုင်းမော်အနီးရှိ စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်စခန်းကို KIAတိုက်ခိုက်

အဆိုပါစခန်းတွင်ယခင်က ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်များသာ ရှိပြီး ယမန်နေ့ညက တိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ရောက်ရှိနေရာယူထားသည်ဟု ဆိုသည်။

(လီဆူ ပြည်သူ့စစ်များအား တွေ့ရစဥ်)
(လီဆူ ပြည်သူ့စစ်များအား တွေ့ရစဥ်)

ကချင်ပြည်နယ် ဝိုင်းမော်မြို့အနီးရှိ ၀ူယန်ပြည်သူ့စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့(ဇူလိုင် ၂၈ရက်) နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေများ ထိခိုက်သေဆုံးရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက် ၂နာရီလောက်မှာ တော်တော်တော့ ပစ်ကြတယ်။ ၁နာရီလောက် ကြာမယ်ထင်တယ်။ ဝူယန်က ဝါးရှောင်မရောက်ခင်မှာရှိတာ”ဟု ဒေသခံက ပြောသည်။

အဆိုပါစခန်းတွင်ယခင်က ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်များသာ ရှိပြီး ယမန်နေ့ညက တိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ရောက်ရှိနေရာယူထားသည်ဟု ဆိုသည်။

ထိခိုက်သေဆုံးမှု အခြေအနေကိုမသိရသေးကြောင်း၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိနိုင် ကြောင်း ၎င်းက ပြောသည်။

“လာပစ်တဲ့သဘောပဲဖြစ်မယ်။ သူတို့က မီးမရှို့သွားဘူး။ နေအိမ်တွေနဲ့နီးလို့လေ အဲဒီစခန်းက။ အဲဒီတကြောလုံးက အားလုံးအိမ်တွေချည်းပဲ”ဟု ကချင်ဒေသခံက ပြောသည်။

အဆိုပါ ဝိုင်းမော်မြို့နယ် ဝါးရှောင်ဒေသသည် KIAတပ်မဟာ(၅)၊ တပ်ရင်း (၃)နယ်မြေဖြစ်ပြီး ယခုဇူလိုင် ၁၀ရက်မှစ၍ တိုက်ပွဲများမကြာခဏ ဖြစ်ပွားခဲ့ သည်။ ယင်းဒေသရှိ KIA တပ်စခန်းရှိရာသို့ စစ်ကောင်စီတပ်နှင့် ဦးရွှေမင်း ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်လာ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့တိုက်ခိုက်ရခြင်းမှာ စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များ အတွက် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော ရက်စက် ကြမ်းကြုတ် သည့် လုပ်ရပ်များကို ဘယ်သောအခါမှမေ့မည်မဟုတ်ဘဲ မလွဲမသွေ သွေးကြွေးဆပ်သွား မည်ဖြစ်ကြောင်းလည်း Inya Urban Forceက ထုတ်ပြန်ခဲ့သည်။

သတင်း

ယနေ့ (ဇူလိုင်၂၈ ရက်)တွင် တိုက်ပွဲဖြစ်ရာအနီး စစ်ကိုင်း-ရှိမ်းမကား-ကျောက်မြောင်း အမှတ်( ၃ )ခရိုင်ချင်းဆက်လမ်းအား ကျန်းမာရေးကိစ္စမှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် တောကြီးမြွေပွေးအဖွဲ့က သတိပေးထားသည်။

သတင်း

ယခု တိုက်ပွဲဖြစ်ပွားရာ မြ၀တီ-ဝေါ်လေလမ်း၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်ဖွဲ့စည်းထားသည့် ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်များ အကြားလည်း မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။