Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့တွင် စစ်ကောင်စီတပ်ကထုတ်ပြန်သည့် အမျိုးသားနှစ်ဦး ဆိုင်ကယ် မစီးရ ကြေညာချက်ကို မီးရှို့

ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာအတွင်းကစတင်ကာ အကြမ်းဖက် စစ်ကောင်စီက မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်တစ်စီး၌ အမျိုးသား နှစ်ဦးမစီးရဟုဆိုကာ ကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ် သာစည်လမ်းမပေါ်တနေရာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ထုတ်ပြန်သည့် အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရ ကြေညာချက်စာရွက်ကို တော်လှန်လူငယ်များက ယနေ့ (ဇူလိုင် ၂၈) ညနေပိုင်း၌ မီးရှို့၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာအတွင်းကစတင်ကာ အကြမ်းဖက် စစ်ကောင်စီက မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်တစ်စီး၌ အမျိုးသား နှစ်ဦးမစီးရဟုဆိုကာ ကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လူငယ်များက အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည်အနေဖြင့် စစ်​ကောင်စီ၏ အမိန့်ကြေညာစာရွက် ဗီနိုင်းအား မီးရှို့ရှင်းလင်း၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တို့က ယနေ့ထုတ်ပြန်လိုက်သော ကြေညာချက်၌ မြန် မာစစ်တပ်၏ အာဏာသိမ်းမှုကို ဆက်လက်၍ အပြင်းထန်ဆုံးကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြ သည်။

သတင်း

ဆန္ဒပြပွဲအပြီး ညနေ ၅နာရီခွဲ၌ အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိ လာကာ အနောက်ပေ ၅၀ လမ်းနှင့် ပါရမ်ီလမ်းကိုပိတ်ပြီး မာလာမြိုင်(၆) လမ်းထိပ်၌ ရပ်ကွက်နေပြည်သူများနှင့် စျေးသည်များကို ဒူးထောက်ခိုင်း၍ အော်ဟစ်ဆဲဆို ကန်ကြောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောသည်။

သတင်း

"ပစ်တာက ၄ ချက်ပါ။ တစ်ချက်က ပစ်တဲ့အချိန်မှာ‌ ထွက်ပြေးတော့ နဘေးမှာရပ်ထားတဲ့ ကားမှာထိတယ်လို့သိရတယ်။ နှစ်ချက်ကကိုယ်မှာပေါ့။ ကျန်တစ်ချက်ကခါးမှာထိတာပါ"ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ပူးပေါင်းတပ်ဖွဲ့သည်ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ နှစ်ဦးကို လည်းသုတ်သင်နိုင်ခဲ့ပြီး တစ်ဦးမှာထိခိုက်ဒဏ်ရာ ရရှိအောင်ပြုလုပ်နိုင်ခဲ့ကြောင်း မြေပြင်သတင်း အရ DMO-Local PDFက အတည်ပြုသည်။