Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့ စီးပွားရေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား PDFတပ်ပေါင်းစု ပစ်ခတ်တိုက်ခိုက်

ယနေ့ (ဇူလိုင်၁၉ရက်) နံနက် ၁နာရီခွဲက မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်​ကောင်စီတပ်၏ စစ်သားနှင့်ရဲများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မုံရွာမြို့ စီးပွားရေးတက္ကသိုလ်
မုံရွာမြို့ စီးပွားရေးတက္ကသိုလ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စီးပွားရေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား PDFတပ်ပေါင်းစုက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ​ခြောက်ဦးသေဆုံးကြောင်း အနောက် မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်၁၉ရက်) နံနက် ၁နာရီခွဲက မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်​ကောင်စီတပ်၏ စစ်သားနှင့်ရဲများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အုပ်စုဘက်က ​ခြောက်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ အပြားရှိနိုင်ကြောင်း၊ မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း PDF တပ်ပေါင်းစုက အသိပေးသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု၏ တာဝန်ရှိသူက “သူတို့ဘက်ကလည်း RPG ၊ (၆၀) မမတွေရယ်၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပါတယ်ဗျ။ ထိတာပြုတာတော့မရှိဘူး။ အကြမ်းဖက်စစ်တပ်ဘက်ကတော့ ညနေကထိ သတင်း ရတာတော့ ​ခြောက်ကောင်သေပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့သိရပါတယ်ဗျ။”ဟု ပြောသည်။

သို့​သော် စစ်​ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အထက်ပါစစ်ဆင်ရေးအား အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု၏တပ်ရင်း(၁)၊ တပ်ခွဲ(၁) People’s Defence Force – South Monywa၊ တပ်ရင်း(၁)၊ တပ်ခွဲ(၂) Black Dragon – Special Task Force၊ တပ်ရင်း(၁)၊ တပ်ခွဲ(၂)၊ တပ်စု(၁) Anyar Defence Force (A.D.F)၊ တပ်ရင်း(၁)၊ တပ်ခွဲ(၃) God of Monywa People’s Defence Force & Red Eagle People’s Defence Force၊ တပ်ရင်း(၁)၊ တပ်ခွဲ(၄) Monywa Fighter Group & Golden Eagle Force – Monywa၊ တပ်ရင်း(၃)၊ တပ်ခွဲ(၁) Monywa Ranger Group – Truth Army၊ တပ်ရင်း(၃)၊ တပ်ခွဲ(၂) Monywa Red Peacock၊ တပ်ရင်း(၃)၊ တပ်ခွဲ(၃) People’s Defence Force – Yar Za Than၊ တပ်ရင်း(၃)၊ တပ်ခွဲ(၄) Springs Dove တို့ စုပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့ကအသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ရုပ်သံဖိုင်တွင် အရပ်ဝတ်လက်နက်ကိုင်အဖွဲ့မှလူငယ်အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ယောက်ချင်းစီအား အမည်နေရပ်လိပ်စာပြောခိုင်းကာတုတ်ဖြင့်တင်ပါးကိုတစ်ဦးလျှင်သုံးချက်စီရိုက်ကာ ဒဏ်ပေးနေခြင်းဖြစ်သည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိမရှိကို ဖော်ပြမထားပေ။ စစ်ကောင်စီ သတင်း ပေးဖြစ်သူ အောင်ညွန့်မှာမူ လွတ်မြောက်သွားသည်ဟု ဆိုသည်။

သတင်း

"တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်"ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

သတင်း

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကျော်ကြာမြင့်ခဲ့ပြီး Auto Gun၊ 40 MM၊ Sniper တို့ကို အသုံးပြုကာ နေရာခွဲ၍ တပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု Young Force (UG)က ထုတ်ပြန်ထားသည်။