Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်၏ ကွပ်မျက်မှုကို ပြင်းထန်စွာရှုတ်ချပြီး ထပ်မံမလုပ်ဆောင်ရန် G7 နိုင်ငံခြားရေးဝန်ကြီးများတောင်းဆို

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တို့က ယနေ့ထုတ်ပြန်လိုက်သော ကြေညာချက်၌ မြန် မာစစ်တပ်၏ အာဏာသိမ်းမှုကို ဆက်လက်၍ အပြင်းထန်ဆုံးကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြ သည်။

စစ်ကောင်စီ၏ သေဒဏ်ပေးကွပ်မျက်မှုကို ကမ္ဘာ့ထိပ်သီးခုနှစ်နိုင်ငံအဖွဲ့(G7)က ပြင်းထန်စွာရှုတ်ချလိုက်ပြီး ထပ်မံ၍ ထင်တိုင်းကြဲကွပ်မျက်မှုများကို ရှောင်ကြဉ်ရန် တောင်းဆိုလိုက်သည်။

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တို့က ယနေ့ထုတ်ပြန်လိုက်သော ကြေညာချက်၌ မြန် မာစစ်တပ်၏ အာဏာသိမ်းမှုကို ဆက်လက်၍ အပြင်းထန်ဆုံးကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြ သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးအောင်သူရဇော်၊ ဦးလှမျိုးအောင်တို့၏ မိသားစုဝင်များ၊ ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုအပြီးကတည်းက သတ်ဖြတ်ခံရသူ၊ ဖမ်းဆီးခံရသူ သို့မဟုတ် နှိပ်စက်ခံရသူအားလုံး၏ မိသားစုဝင်များနှင့် အတူခံစားရကြောင်း G7 နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်သည်။

ထို့နောက် နိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး အခြေအနေများအပေါ် အထက်ပါ G7 နိုင်ငံခြားရေးဝန်ကြီးများက လွန်စွာစိုးရိမ်ကြောင်းဖော်ပြသည်။

မြန်မာစစ်တပ်သည် အကြမ်းဖက်မှုများလုပ်ဆောင်နေမှုကို ချက်ချင်းရပ်တန့်ရန်၊ ထပ်မံ၍ ထင်တိုင်းကြဲကွပ်မျက်မှုများကို ရှောင်ကြဉ်ရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံးနှင့် တရားလက်လွတ်ထိန်းသိမ်းဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်၊ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန်စသည့် အချက်များကို ဆက်လက်တောင်းဆိုသည်။

G7 နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံနှင့် ကုလသမဂ္ဂ၏ မြန်မာ့အရေးကြိုးပမ်းအားထုတ်မှုများကို ဆက်လက်အားပေးထောက်ခံပြီး မြန်မာစစ်တပ်အနေဖြင့် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကိုအကောင်အထည်ဖော်ရန် တောင်းဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံး ထိခိုက်နိုင် ကြောင်း ဖော်ပြထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီက ပြောကြားနေသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးရေးဆိုသည်မှာ တိုက်မလား၊ လိုက်မလား ဟု စိန်ခေါ်ခြင်းသာဖြစ်ပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းရေးလမ်းကြောင်းကို စစ်ကောင်စီက အဆုံးစွန် ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်ဟုလည်း PNFCက ထုတ်ပြန်ခဲ့သည်။

သတင်း

၁၀မိနစ်ခန့်ကြာ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများပြီး PDF ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်၍ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

သတင်း

ဆန္ဒပြပွဲအပြီး ညနေ ၅နာရီခွဲ၌ အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိ လာကာ အနောက်ပေ ၅၀ လမ်းနှင့် ပါရမ်ီလမ်းကိုပိတ်ပြီး မာလာမြိုင်(၆) လမ်းထိပ်၌ ရပ်ကွက်နေပြည်သူများနှင့် စျေးသည်များကို ဒူးထောက်ခိုင်း၍ အော်ဟစ်ဆဲဆို ကန်ကြောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောသည်။