Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ် အင်္ကုက္ကားရွာရှိ အကြမ်းဖက်စစ်အုပ်စုအား နှစ်ကြိမ်တိုက်ခိုက်ရာ ပျူနှစ်ဦးသေဟုဆို

အကြမ်းဖက်စစ်တပ်၏ ထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ဖြစ်စဥ်များနှင့်ပတ်သက်၍ Guerrilla Warfare – KPK PDFအဖွဲ့ကထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj
တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အင်္ကုက္ကားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်အား ယမန်နေ့ညက နှစ်ကြိမ်တိုင်သွားရောက်တိုက်ခိုက်ရာ ပျူစောထီး နှစ်ဦးသေဆုံးကြောင်း Guerrilla Warfare – KPK PDFအဖွဲ့က ထုတ်ပြန်သည်။

ည၉နာရီ ၁၅မိနစ်တွင်တစ်ကြိမ်၊ ည ၁၁ နာရီခန့်တွင်တစ်ကြိမ် စုစုပေါင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပျူစောထီးနှစ်ဦးသေဆုံးကာ အကြမ်းဖက် စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Guerrilla Warfare – KPK PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါစစ်ဆင်ရေးအား ရွှေဘိုခရိုင်တပ်ရင်း (၈) တပ်ခွဲ -၁ဖြစ်သော Guerrilla Warfare – KPK PDF နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ရဲဘော်များ အထိခိုက်မရှိဟု Guerrilla Warfare – KPK PDF က အသိပေးသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက် ည ၁၁နာရီခွဲခန့်ကလည်း အင်္ကုက္ကားရွာရှိ စစ်ကောင်စီ တပ်အား တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – KPK PDFအဖွဲ့က အသိပေးထားသည်။

အကြမ်းဖက်စစ်တပ်၏ ထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ဖြစ်စဥ်များနှင့်ပတ်သက်၍ Guerrilla Warfare – KPK PDFအဖွဲ့ကထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဇူလိုင် ၂၇ရက်ကလည်း တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်အား ရေဦးကုန်းရွာ၊ ချောင်းဆုံ ကျေးရွာ နှင့် ကံထူးမရဲစခန်းတို့တွင် သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံး မှုများရှိကြောင်း ဒေသတွင်းPDFအဖွဲ့များက ပြောထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

၁၀မိနစ်ခန့်ကြာ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများပြီး PDF ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်၍ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

သတင်း

​သေသွား​သောစစ်သားနှင့်ပျူများကိုကင်မွန်းခြုံရွာတွင် နေအိမ်အချို့ပေါ်တင်၍ မီးရှို့ထားသည့်အလောင်း ၂၀ ​ကျော်​တွေ့ရှိရ​ကြောင်း ပြည်သူ့ကာကွယ်​ရေးရဲဘော်တစ်ဦးက ဇူလိုင် ၂၈ရက်တွင်ပြောသည်။

သတင်း

ပူးပေါင်းတပ်ဖွဲ့သည်ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ နှစ်ဦးကို လည်းသုတ်သင်နိုင်ခဲ့ပြီး တစ်ဦးမှာထိခိုက်ဒဏ်ရာ ရရှိအောင်ပြုလုပ်နိုင်ခဲ့ကြောင်း မြေပြင်သတင်း အရ DMO-Local PDFက အတည်ပြုသည်။

သတင်း

ဇူလိုင်၂၇ရက်တွင် မြိုင်နယ်အရှေ့ဘက် စဘေရွာအနီး၌ ကင်းထောက်နေသည့် သေနတ် တစ်လက်သာပါသော စစ်ကောင်စီတပ်သား သုံးဦးအား တိုက်ခိုက်ရာ တစ်ဦးသေဆုံးခဲ့သည်။