Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတ​ပ်သုံးကြိမ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

၁၀မိနစ်ခန့်ကြာ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများပြီး PDF ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်၍ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

(တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj)
(တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်အား သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းPDFအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဇူလိုင်၂၇ရက်) နံနက်၁၀နာရီ ၅၀မိနစ်ခန့်က တန့်ဆည်မြို့နယ် ရေဦးကုန်းရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တန့်ဆည်PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်။

၁၀မိနစ်ခန့်ကြာ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများပြီး PDF ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်၍ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

ထို့အပြင် မွန်းတည့်၁၂နာရီခန့်တွင် တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူများသည် ချောင်းဆုံ(တ)ရွာဘက်သို့ စစ်ကြောင်းထိုးစဥ် ဒေသတွင်း PDF အဖွဲ့များနှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်သည် ရွှေဘိုခရိုင် တပ်ရင်း (၆)၊(၇)နှင့် (၈) တန့်ဆည်(ပကဖ) ပူးပေါင်းအဖွဲ့များနှင့် ချောင်းဆုံရွာထဲတွင် အနီးကပ်မီတာ ၁၀၀တွင်းထိတွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သားနှင့်ပျူ လေးဦး သေဆုံးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

ယမန်နေ့ည ၁၀နာရီ ၅၀မိနစ်ခန့်ကလည်း တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းကို တန့်ဆည်PDF တပ်ရင်း(၆)က လက်နက်ကြီးဖြင့် ၅ချက် ပစ်ခတ်တိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စခန်းတွင်းရှိရဲများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်၏ ထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဖြစ်စဥ်များနှင့်ပတ်သက်၍ တန့်ဆည်ဒေသတွင်း PDFများထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံး ထိခိုက်နိုင် ကြောင်း ဖော်ပြထားသည်။

သတင်း

အကြမ်းဖက်စစ်တပ်၏ ထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ People's Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ဖြစ်စဥ်များနှင့်ပတ်သက်၍ Guerrilla Warfare - KPK PDFအဖွဲ့ကထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

သတင်း

အကြမ်းဖက်စစ်ကောင်စီက ပြောကြားနေသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးရေးဆိုသည်မှာ တိုက်မလား၊ လိုက်မလား ဟု စိန်ခေါ်ခြင်းသာဖြစ်ပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းရေးလမ်းကြောင်းကို စစ်ကောင်စီက အဆုံးစွန် ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်ဟုလည်း PNFCက ထုတ်ပြန်ခဲ့သည်။

သတင်း

​သေသွား​သောစစ်သားနှင့်ပျူများကိုကင်မွန်းခြုံရွာတွင် နေအိမ်အချို့ပေါ်တင်၍ မီးရှို့ထားသည့်အလောင်း ၂၀ ​ကျော်​တွေ့ရှိရ​ကြောင်း ပြည်သူ့ကာကွယ်​ရေးရဲဘော်တစ်ဦးက ဇူလိုင် ၂၈ရက်တွင်ပြောသည်။