Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးဆက်လက်ကန့်ကွက်ရှုတ်ချကြောင်း G7 ပူးတွဲကြေညာ

ဂျာမနီ၌ ကျင်းပခဲ့သော G7 ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံအပြီး ဇွန်လ ၂၈ ရက်က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် မြန်မာ့နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့် အရေးအခြေအနေများအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - Kishida/twitter
ဓာတ်ပုံ - Kishida/twitter

မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ဆက်လက်ကန့်ကွက်ရှုတ်ချကြောင်း ကမ္ဘာ့ ထိပ်သီးခုနှစ်နိုင်ငံအဖွဲ့(G7)ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

ဂျာမနီ၌ ကျင်းပခဲ့သော G7 ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံအပြီး ဇွန်လ ၂၈ ရက်က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် မြန်မာ့နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့် အရေးအခြေအနေများအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ဖော်ပြသည်။

“အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားများနဲ့ တရားလက်လွတ်ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့၊ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ စစ်ကောင်စီကို ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု G7 ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

ဇွန်လ၂၆ မှ ၂၈ ရက်အထိ ကျင်းပခဲ့သော (၄၈)ကြိမ်မြောက် G7 ထိပ်သီးညီလာခံအပြီး ပူးတွဲကြေညာချက်၌ ပါရှိသည့် မြန်မာ့အရေး တောင်းဆိုချက်များသည် ယခင်နှစ်တောင်းဆိုချက်များနှင့် ထပ်တူနီးပါးဖြစ်ကြောင်းတွေ့ရသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ G7 သည် အာဆီယံ၏ ကြိုးပမ်းမှုအားလုံးနှင့် ဘုံဆုံးဖြတ်ချက် ၅ ရပ်အကောင် အထည်ဖော်ရေးကို ဆက်လက်အားပေးထောက်ခံကြောင်း၊ ကုလသမဂ္ဂ၏ ကြိုးပမ်း အားထုတ်မှုများ၊ အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလအထူးကိုယ်စားလှယ်တို့အကြား ခိုင်မာအားကောင်းသည့်ပူးပေါင်းဆောင်ရွက်မှုများကို အားပေးထောက်ခံတိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါ G7 ထိပ်သီးအစည်းအဝေး စတင်ကျင်းပသည့်ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် ယမန်နှစ်က G7 အဖွဲ့ဝင်နိုင်ငံများ မြန်မာပြည်သူများအပေါ် ပေးအပ်ခဲ့သည့် ကတိကဝတ်များအား အကောင်အထည်ဖော်ပေးရန်နှင့် အကြမ်းဖက်စစ်ကောင်စီကို ထပ်တိုးဒဏ်ခတ် အရေးယူမှုများလုပ်ဆောင်ရန် တိုက်တွန်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ထိပ်သီး ခုနှစ်နိုင်ငံအဖွဲ့ G7တွင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ပါဝင်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နှစ်တွင် ဗြိတိန်၌ ကျင်းပခဲ့သော G7အဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးပြီးဆုံးပြီး တစ်နှစ်ကျော်ကြာသည့်တိုင် အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များမှာ ဆက်လက်ဖြစ်ပွားနေကြောင်း NUGက ထောက်ပြသည်။

သတင်း

ပြည်သူများအနေဖြင့်လည်း စစ်အုပ်စု၏ တရားမဲ့ ပြုကျင့်မှုများကို တုန့်ပြန်သည့်အနေဖြင့် စစ်အုပ်စု၊ ၎င်းတို့၏အဆက်အနွယ်နှင့် အစေအပါးများကို စီးပွားရေးအရ ပြစ်ဒဏ်ခတ်ခြင်း၊ လူမှုရေးအရ ပြစ်ဒဏ်ခတ်ခြင်းနှင့် နိုင်ငံရေးအရ ပြစ်ဒဏ်ခတ်ခြင်းတို့ဖြင့် ဒဏ်ခတ် တုန့်ပြန်ပါရန် တိုက်တွန်းခဲ့သည်။

News

၁၅ မိနစ်ကျော်ကြာဆန္ဒပြပြီးနောက် လူစုခွဲရာမှာ ကျောင်းသား ၄ ဦးဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။

News

တရားမဝင်အာဏာသိမ်းသည့်အချိန်မှ စတင်၍ မြန်မာပြည်သူများသည် ဆိုးဝါးပြင်းထန်သည့် စစ်တပ်၏ သတ်ဖြတ်မှု၊ နှိပ်စက်မှုတို့အပါအဝင် နေရပ်အိုးအိမ်စွန့်ခွာရမှု အစရှိသည့် ကြီးမားသည့် ဒုက္ခများနှင့် ရင်ဆိုင်ခံစားနေရကြောင်း သံအမတ်ကြီးက ရှင်းပြသည်။