Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်ဘရာစစ်ကြောင်းနဲ့ စစ်တပ်ကြား နှစ်ရက်အတွင်းတိုက်ပွဲတွေမှာ ဗိုလ်ကြီးတစ်ဦးအပါအဝင်နှစ်ဦးသေဆုံး

ဒီကနေ့တိုက်ပွဲမှာ ကော်ဘရာဘက်က ထိခိုက်မှုမရှိပဲ စစ်ကောင်စီဘက်က ခမရ(၂) ဗိုလ်ကြီးတစ်ဦးနဲ့အခြားအဆင့်တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြန်လည်ဆုတ်ခွါသွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

(စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ မြဝတီ-​ဝေါ​လေ လမ်းတစ်​နေရာပျက်စီး​နေမှု ။ ။ဓါတ်ပုံ-Cobra Column)
(စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ မြဝတီ-​ဝေါ​လေ လမ်းတစ်​နေရာပျက်စီး​နေမှု ။ ။ဓါတ်ပုံ-Cobra Column)

မြဝတီ-ဝေါ်လေကားလမ်းမပေါ်မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်(၂၈)ရက်နေ့ မြဝတီ-ဝေါ်လေ ကားလမ်းမ သုံးထပ်ကွေ့အနီးရှိ တောင်ကြောများပေါ်ကို နေ့စဉ်ရက်ဆက် ကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ကော်ဘရာဘက်က စစ်သည်တော်တစ်ဦး ကျဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီကနေ့ဇူလိုင်(၂၉)ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး သုံးထပ်ကွေ့အနီး သောင်ရင်းမြစ်ဘက်အခြမ်းမှာ နယ်မြေကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ကော်ဘရာစစ်ကြောင်းတို့အကြား နှစ်ဖက် တိုက်ပွဲ ဖြစ်ပွါးခဲ့တာပါ။

ဒီကနေ့တိုက်ပွဲမှာ ကော်ဘရာဘက်က ထိခိုက်မှုမရှိပဲ စစ်ကောင်စီဘက်က ခမရ(၂) ဗိုလ်ကြီးတစ်ဦးနဲ့အခြားအဆင့်တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြန်လည်ဆုတ်ခွါသွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါတိုက်ပွဲမှာ VENOM စစ်ကြောင်းကို လာရောက်အားဖြည့်ပေးတဲ့ စစ်ကြောင်းတစ်ခုက ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး VENOM စစ်ကြောင်းဘက်က ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုင်ငံတကာ

အိန္ဒိယမှာ ဇွန်လကနေ စက်တင်ဘာလထိ မုတ်သုံမိုး ရွာသွန်းလေ့ ရှိပါတယ်။ အိန္ဒိယ မိုးလေဝသ ဌာနရဲ့ ထုတ်ပြန်ချက်အရ ဧပြီလစလို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မိုးကြိုး ပစ်ခံရပြီး သေဆုံးသူ ၇၅၀ နီးပါးထိ များပြားလာပြီလို့လည်း သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်များသည် ကော်ဘရာစစ်ကြောင်းများ ရှိရာသို့ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့သည်။

သတင်း

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ စစ်ကောင်စီလက်ပါးစေများနှင့် နီးနီးစပ်စပ်မနေကြရန်တိုက်တွန်းထားသည်။