Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်တွင် ပြည်သူများအပေါ် အခွန်များဖိနှိပ်ကောက်ခံနေသည့် စည်ပင်နှင့်လျှပ်စစ်ဌာန ရပ်တန့်ကရပ်ရန် KNDF သတိပေး

ယခုလက်ရှိ ကရင်နီ(ကယား)ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားလာခဲ့သည်မှာ တစ်နှစ်ကျော် လာခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ပြည်သူလူထုမှာ စစ်ဘေးဒဏ်များ နေချင်းညချင်းခံစားလာရပြီး အိုးအိမ်များပျက်စီးဆုံးရှုံး စွန့်ခွာလာရသည်ဟု KNDF က ဆိုသည်။

KNDF တပ်ရင်း -၂ မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - KNDF -B-02
KNDF တပ်ရင်း -၂ မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - KNDF -B-02

စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော စည်ပင်နှင့်လျှပ်စစ်ဝန်ကြီးဌာနတို့မှ ပြည်သူလူထုအပေါ် အခွန်အ​ကောက်များဖိနှိပ်ကောက်ခံနေမှုကို ရပ်တန့်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း -၂ က ယနေ့(ဇူလိုင် ၂၉ ရက်) ထုတ်ပြန်သည်။

အဆိုပါ သတိပေးချက်အပေါ် ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ထိုထောက်တိုင်ဌာနများ အတွက် အသက်အာမခံချက်ရှိမည်မဟုတ်ကြောင်း လည်း ဖော်ပြသည်။

ယခုလက်ရှိ ကရင်နီ(ကယား)ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားလာခဲ့သည်မှာ တစ်နှစ်ကျော် လာခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ပြည်သူလူထုမှာ စစ်ဘေးဒဏ်များ နေချင်းညချင်းခံစားလာရပြီး အိုးအိမ်များပျက်စီးဆုံးရှုံး စွန့်ခွာလာရသည်ဟု KNDF က ဆိုသည်။

ကရင်နီပြည်တွင် စစ်ကောင်စီအထိုင်ချထိန်းချုပ်ထားသည့် ပင်မတည်ရှိရာ လွိုင်ကော်မြို့၌ မြို့နေလူထု အနည်းငယ်သာကျန်ရှိတော့၍ ယင်းမြို့နေ ပြည်သူလူထုမှာလည်း ကုန်စျေးနှုန်း အဆမတန်မြင့်မားမှုကြောင့် စားဝတ်နေရေးအတွက် အားစိုက်ရုန်းကန်နေကြရကြောင်း အသိပေးသည်။

ထိုအခြေအနေတွင် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော စည်ပင်ဝန်ကြီးဌာနနှင့် လျှပ်စစ် ဝန်ကြီးဌာနတို့မှ ပြည်သူလူထုအပေါ် အခွန်အကောက်များဖိနှိပ် ကောက်ခံနေသည်ကို ကြားသိရ ကြောင်း KNDFက ပြောသည်။

ထို့ကြောင့် စားဝတ်နေရေးခက်ခဲလျက်ရှိသော ပြည်သူလူထုအပေါ် အခွန်ဖိနှိပ်ကောက်ခံမှုကို ရပ်တန့်ရန် သတိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မန္တလေးမြို့အခြေစိုက် FEA တပ်ပေါင်းစုတွင် နိုင်ငံ ရေးအကျဉ်းသားများကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force(FLA)၊ Emerald Grils Army(EGA) နှင့် Anonymous Force Mandalay (AFM)တို့ပါ၀င်ဖွဲ့စည်းထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်သည် စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုများကို ကျူးလွန်ခြင်း၊ လူ့အခွင့်အရေးနှင့် လူသားမျိုးနွယ်အားလုံးအပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုဖြစ်၍ KRF မှ ပြင်းထန်စွာကန့်ကွက်ရှို့ချသည်ဟု ထုတ်ပြန်သည်။

သတင်း

သတိပေးရခြင်းနှင့်ပတ်သက်၍ ဝက်လက်တော်လှန်ရေးတပ်ဦး၏တာဝန်ရှိသူအား မေးမြန်းရာတွင် "အဲဒါကတော့ ကျွန်တော်တို့ မစ်ရှင်အောင်မြင်တဲ့အချိန်မှ ဖြေလို့ရမှာပါ။ ပြည်သူတွေ မထိခိုက်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါဗျ။"ဟု ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်များ အပါအဝင် ၎င်းတို့၏ဆက်နွှယ်သောနေရာ၊ ဌာနများ ၊ ပျူစောထီးများနှင့် ၎င်းတို့၏ ထောက်တိုင်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွား မည်ဖြစ် ပါသောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့်ပတ်သက်ဆက်သွယ်ခြင်း လုံးဝမပြုလုပ်ကြ ပါရန်လည်း မေတ္တာရပ်ခံထားသည်။