Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုးတောင်ဘို့ဒေသတွင် စစ်ကောင်စီတပ် ကျူးကျော်တပ်စွဲထားသည်မှာ (၄)လပြည့်ပြီဖြစ်ပြီး ဒေသခံလူဦးရေသုံးပုံနှစ်ပုံမှာ နေရပ်စွန့်ခွာတိမ်းရှောင် နေရဆဲဟု ပကဖထုတ်ပြန်

လေးလတာကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှု၊ ယုတ်မာမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုများရှိခဲ့သလို ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ နေအိမ်ရာပေါင်းများစွာလည်း မီးရှို့ဖျက်ဆီးခံထားရသည်ဟု ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

(ကိုးတောင်ဘို့ဒေသရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်)
(ကိုးတောင်ဘို့ဒေသရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်)

ကိုးတောင်ဘို့ဒေသတွင် စစ်ကောင်စီတပ် ကျူးကျော်တပ်စွဲထားသည်မှာ (၄)လပြည့်ခဲ့ပြီဖြစ်ပြီး ဒေသခံလူဦးရေ သုံးပုံနှစ်ပုံမှာ နေရပ်စွန့်ခွာတိမ်းရှောင် နေရဆဲဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့အပြင် လူထုတော်လှန်ရေး အရှိန်အဟုန်ကောင်းတစ်ခုကို ရောက်နေပြီဖြစ်၍ ပြည်သူလူထုအနေဖြင့် အားမလျှော့ပဲ စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန် ကြရန် တိုက်တွန်းထားသည်။

စစ်ကိုင်းတိုင်း​သေကြီး ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့​ဒေသသည် စစ်အာဏာ ရှင်တော်လှန်ရေး အားကောင်းပြီး စစ်ကောင်စီက အင်းအားသုံးတိုက်ခိုက်နေ သည့် ဒေသလည်း ဖြစ်သည်။

ယနေ့(ဇူလိုင် ၂၉ရက်)သည် ကိုးတောင်ဘို့ဒေသသို့ စစ်ကောင်စီတပ် လာရောက် တပ်စွဲသည့် လေးလပြည့်နေ့ဖြစ်သည်။ ထို့ကြောင့် ကိုးတောင်ဘို့ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကဒေသတွင်း လက်ရှိအခြေအနေကို လူထုအား အသိပေးချက်ထုတ်ပြန်ထားပြီး တစ်ဆက်တည်းတွင် စစ်အာဏာရှင် တော်လှန်ရေး ဆက်လက်အရှိန်မြှင့်ရန် တိုက်တွန်းထားသည်။

Public Service Announcement
Public Service Announcement

“ကိုးတောင်ဘို့ ကျေးရွာအုပ်စုက စစ်ရှောင်ရတဲ့ ဒေသခံတွေ အခုထိ နေရပ်မပြန်နိုင်ကြသေးဘူး။တချို့ဆို နေရာမရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အားမလျှော့ဘူး။ ပြည်သူတွေလည်း အားမလျှော့ဘဲ တော်လှန်ရေးကို အရှိန်မြှင့်ကြမယ်”ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

လေးလတာကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှု၊ ယုတ်မာမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုများရှိခဲ့သလို ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ နေအိမ်ရာပေါင်းများစွာလည်း မီးရှို့ဖျက်ဆီးခံထားရသည်ဟု ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ရက်က တိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီး လေကြောင်းမှ အင်အား ဖြည့်တိုက်ခိုက်လာရာ ကိုးတောင်ဘို့ဒေသခံပြည်သူ့ ကာကွယ်ရေး(ပကဖ)ရဲဘော် ၁၆ဦး ကျဆုံးခဲ့ရဖူးသည်။

“တော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းတစ်ခုကို ရောက်နေပြီမို့ အားမလျှော့ပဲ မိမိတတ်နိုင် တတ်ဘက်က ပါဝင်ပြီး စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်ကြ ပါလို့ တိုက်တွန်းလိုက်ပါတယ်။အားလုံးပဲအားတင်းထားကြပါ”ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားသည်။

ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (ဇူလိုင် ၂၈ရက်)က ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ခုနှစ်ဦးသေဆုံး ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြောက်ကျားစစ်ဆင်ရေးများသည် တိုက်ပွဲပုံဖော်ရန် ခက်ခဲတတ်သဖြင့် ရန်သူ့တပ်ဖွဲ့ဝင်များကို စစ်ဆင်ရေးတစ်ခုတည်းတွင် ၂ ဆင့်၊ ၃ ဆင့်ထိ ထိခိုက်စေနိုင်ရန် အချိန်ယူပြင်ဆင်ထားလေ့ရှိကြောင်း အသိပေးသည်။

သတင်း

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာသို့ အရေးပေါ်လူနာတင် ယာဥ်များရောက်ရှိလာပြီး စစ်ကောင်စီတပ်များ ခြေရှုပ်လျှက်ရှိကြောင်း သိရသည်။

သတင်း

စစ်ကောင်စီတပ်က ရိုက်နှက်ပြီး စွန့်ပစ်ထားသည့် လူငယ်တစ်ဦးကို မုံရွာမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၂၉ရက်) နေ့လည်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သတင်း

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ စစ်ကောင်စီလက်ပါးစေများနှင့် နီးနီးစပ်စပ်မနေကြရန်တိုက်တွန်းထားသည်။