Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အလယ်ခုံ​ရွာအနီးတိုက်ပွဲ စစ်ကောင်စီ​သေဆုံးမှုများဟု ကန့်ဘလူခရိုင်တပ်ရင်း(၂)​ပြော

ကန့်ဘလူမြို့နယ်မြောက်ခြမ်းဒေသရှိ ရွာများအားနေ့စဥ်မီးပတ်ရှို့နေသော စစ်ကောင်စီတပ် သည်ချပ်သင်းဒေသရှိအောက်တဲရွာအား ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

(ကန့်ဘလူတပ်ရင်း - ၂ မှ ရှေ့တန်းထွက်နေသည့် ရဲဘော်များအား ​တွေ့ရစဥ်)
(ကန့်ဘလူတပ်ရင်း - ၂ မှ ရှေ့တန်းထွက်နေသည့် ရဲဘော်များအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသ၊အလယ်ခုံ​ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိပြီး စစ်ကူလာသည့် ယာဥ်တန်းကို ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်​မှထိခိုက်သေဆုံးသူများပြားကြောင်း ကန့်ဘလူခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်ရင်း(၂) က ထုတ်ပြန်သည်။

ယခုလ ၈ ရက် ​နေ့လည်ကစ၍ စစ်ကောင်စီစစ်ကြောင်းသည် လက်နက်ကြီးဖြင့် စတင်ပစ် ခတ်တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရရှိသူများအားကူညီရန်ထွက်လာသော စစ်တပ်နှင့်ပျူစောထီးအဖွဲ့ဝင်များကို ယမန်နေ့ နံနက် ၈ နာရီခန့်က တပ်ကုန်းရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဆိုသည်။

(ကန့်ဘလူတပ်ရင်း - ၂ မှ ရှေ့တန်းထွက်နေသည့် ရဲဘော်များအား ​တွေ့ရစဥ်)
(ကန့်ဘလူတပ်ရင်း – ၂ မှ ရှေ့တန်းထွက်နေသည့် ရဲဘော်များအား ​တွေ့ရစဥ်)

ထိုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးပြီး​လေး ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ​ဖော်ပြသည်။

ထပ်မံ၍ နေ့လည် ၁၂ နာရီခွဲခန့်တွင် ကျွန်းလှမှချပ်သင်း​ကျေးရွာသို့ စစ်ကူထွက်လာသောစစ်ကောင်စီယာဥ်တန်း​ခြောက်စီးအား ဖလားရကျေးရ ကျေးရွာအနီးတွင်မဟာမိတ်တပ်ပေါင်းစုများမှစောင့် ကြိုတိုက်ခိုက်ရာနှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီးစစ်ကောင်စီဘက်မှသေဆုံး၊ဒဏ်ရာရများပြား (အတည်ပြုနေဆဲ)ဟု အသိပေးသည်။

ထိုတိုက်ပွဲအတွင်း ၎င်းတို့တပ်ရင်းမှ ရဲဘော် နှစ်ဦးတိုင်းပြည်အတွက်အသက်ပေးလှူခဲ့ပြီး တိုက်ပွဲ၌ ရဲရင့်စွာအသက်ပေးလှူသွားသောပြည်သူ့ရဲဘော်နှစ်ဦးအားအလေးနီပြုကြောင်း ကန့်ဘလူခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်ရင်း(၂)က ပြောသည်။

ကန့်ဘလူမြို့နယ်မြောက်ခြမ်းဒေသရှိ ရွာများအားနေ့စဥ်မီးပတ်ရှို့နေသော စစ်ကောင်စီတပ် သည်ချပ်သင်းဒေသရှိအောက်တဲရွာအား ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

ကန့်ဘလူမြို့နယ်တွင်ရှိ ကိုးတောင်ဘို့၊ချပ်သင်း၊ချပ်ကြီး၊ပင့်သာဒေသရှိ ကျေးရွာပေါင်း၂၀ကျော်မှဒေသခံ နှစ်သောင်းကျော်မှာ စစ်ဘေးသင့်နေပြီး ဆေးဝါးရိက္ခာအကူအညီအလုံးစုံလိုအပ်လျှက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရွှေဘိုမြို့ တရားစီရင်ရေးဌာနသိစေရန်ဟုဆိုကာ ဇွန်လ ၈ ရက်ကစ၍ ဌာနနှင့် တာဝန်မှထွက်ခွာရန် ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့က ​ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲမှာ နံနက် ၁၀ နာရီ မှ ၁၁နာရီအထိတစ်ကြိမ် ညနေ ၅ နာရီ မှ ၆ နာရီတွင် တစ်ကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အသိပေးသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်၏ အထက်ပါယာဥ်တန်းသည် ပုလဲ-ဂန့်ဂေါလမ်းအတိုင်းမောင်းနှင်၍ ပုံတောင်ပုံညာအနီး မိုင်တိုင် (၅၅)နှင့် (၅၆)ကြားတွင် ရပ်တန့်နေကြောင်း သိရသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။