Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးနယ် တင်းတိမ်ရံရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စျေးဆိုင်ခန်း ၂၀၀ကျော်နှင့် နေအိမ်၅၀ ခန့်အား မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်က တင်းတိမ်ရံရွာ ဈေးတန်းရှိ မီးသတ်ရုံးနေရာ၊ New Light လျှပ်စစ်ပစ္စည်း ဆိုင်နေရာနှင့် အင်းပတ်တန်း နေရာများသို့ (၃)နေရာခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း Local Fighter Squadအဖွဲ့က ပြောသည်။

(တင်းတိမ်ရံရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-Cj)
(တင်းတိမ်ရံရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာရှိ စျေးနှင့် လူနေအိမ်များအား အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ဆိုင်ခန်း၂၀၀ ခန့်နှင့်နေအိမ် ၅၀ကျော် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်အနောက်ခြမ်း၊ နှောကုန်းရွာမှ ဇူလိုင်၂၈ရက် တွင် ထွက်ခွာလာခဲ့ပြီး ဇူလိုင်၂၉ရက်မွန်းလွဲ ၁နာရီခန့်တွင် တင်းတိမ်ရံရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ဆိုင်ခန်း ၂၀၀၊ အိမ် ၅၀ ဝန်းကျင်ခန့် ဆုံးရှုံးခဲ့ကြောင်း Freedom Revolution Forceက ပြောသည်။

စစ်ကောင်စီတပ်က တင်းတိမ်ရံရွာ ဈေးတန်းရှိ မီးသတ်ရုံးနေရာ၊ New Light လျှပ်စစ်ပစ္စည်း ဆိုင်နေရာနှင့် အင်းပတ်တန်း နေရာများသို့ (၃)နေရာခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း Local Fighter Squadအဖွဲ့က ပြောသည်။

တင်းတိမ်ရံစျေးသည် အနီးဝန်းကျင်ရွာများက အမှီပြုလုပ်ကိုင်နေရသော စျေးတစ်ခုဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ရေဦးနှင့်နယ်မြေချင်းဆက်နေသည့် ဒီပဲယင်းနယ်အတွင်းကိုပါ စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် "ရောင်ပြန်စစ်ဆင်ရေး" ဆင်နွှဲကာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်တကွ အပေါင်းအပါ စစ်ခေါင်းဆောင်များ၊ အဆင့်ဆင့် သောစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထောက်တိုင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ပျူဒလန်များနှင့်

သတင်း

စစ်ကာင်စီတပ်အနေဖြင့် မည်သည့်အတွက်ကြောင့် လူငယ်အချို့အား အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးခြင်းကိုမူ သိရှိရခြင်း မရှိသေးပေ။

သတင်း

ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဖမ်းဆီးခံရသူများလည်းရှိ ကြောင်း၊ ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက်ပိုင်း၌ ဖမ်းဆီးခံထားရသူ ၆၀ခန့်မှ လေးဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

သတင်း

ယခုရက်ပိုင်းအတွင်း ခင်ဦးမြို့နယ်၌ အကြမ်းဖက်စစ်တပ်သည် ကျေးရွာများ အား နေ့စဥ်စစ်ကြောင်းထိုးနေပြီး ပြ​ည်သူထောင်ချီထွက်ပြေး တိမ်းရှောင်နေရ ကာ အကူအညီများ လိုအပ်နေသည်။