Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးမြို့နယ်တွင် စစ်​ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာသုံးရွာရှိ ​နေအိမ် ၁၂၀ ကျော်ကို မီးရှို့ဖျက်ဆီး

ထို့အပြင် စစ်ကြောင်းထိုးရာရွာများရှိ ​ဒေသခံပြည်သူအချို့အား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ မီးမောင်းကုန်းရွာ တစ်ဦး၊ လိန်တောရွာ နှစ်ဦး၊ကန်ပေါက်ရွာ သုံးဦး၊ စည်သာမြေရွာ နှစ်ဦး၊ ကူဖြူရွာနှစ်ဦးသေဆုံးခဲ့ကြောင်း ပကဖ(ရေဦး)က အသိပေးသည်။

(ရေဦးနယ် မီးမောင်းကုန်းရွာ မီးလောင်ပျက်ဆီးခဲ့သော နေအိမ်အချို့အား ​တွေ့ရစဥ်၊ ဓာတ်ပုံ-ဒေသခံ)
(ရေဦးနယ် မီးမောင်းကုန်းရွာ မီးလောင်ပျက်ဆီးခဲ့သော နေအိမ်အချို့အား ​တွေ့ရစဥ်၊ ဓာတ်ပုံ-ဒေသခံ)

▪️ဒေသခံပြည်သူ ၁၀ဦးထက်မနည်း သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာ သုံးရွာရှိ ​နေအိမ် ၁၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားပြီး ​ဒေသခံပြည်သူ ၁၀ဦးထက်မနည်း သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်​ကောင်စီတပ်သည် ဇူလိုင် ၈ရက်မှ ၁၄ရက်အတွင်း ရေဦးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ စည်သာမြေရွာ မှ ​နေအိမ် ၂၃အိမ်၊ ကူဖြူရွာမှ ၃၁ အိမ်၊ မီးမောင်းကုန်းရွာမှ ၇၂အိမ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပကဖ (ရေဦး)က သတင်းထုတ်ပြန်သည်။

ထို့အပြင် စစ်ကြောင်းထိုးရာရွာများရှိ ​ဒေသခံပြည်သူအချို့အား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ မီးမောင်းကုန်းရွာ တစ်ဦး၊ လိန်တောရွာ နှစ်ဦး၊ကန်ပေါက်ရွာ သုံးဦး၊ စည်သာမြေရွာ နှစ်ဦး၊ ကူဖြူရွာနှစ်ဦးသေဆုံးခဲ့ကြောင်း ပကဖ(ရေဦး)က အသိပေးသည်။

ရေဦးနယ်အနောက်ခြမ်း၊ ဒီပဲယင်းနယ်အရှေ့ခြမ်း နများရွာတွင်လည်း ဇူလိုင်၁၄ရက်က ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ​ဒေသခံပြည်သူ သုံးဦးထိမှန်ခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ စစ်ကြောင်းကို ကော်ဘရာ စစ်ကြောင်းက ဇူလိုင် ၁၃ရက်တွင် ထပ်မံ စောင့်ကြို တိုက်ခိုက်သကဲ့သို့ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် စစ်ကြောင်း ထွက်ပြေးရာနောက်သို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များ၌ စစ်ကောင်စီတပ်၏ လက်နက်ကြီး ၊ လက်နက်ငယ် ကျည်များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

သတင်း

ဗိုလ်မှုးအဆင့် အသတ်ခံရပြီးနောက် စစ်ကောင်စီက မတူပီမြို့ပေါ်တွင် အင်းအားအများအပြားတိုးချနေသည်။

သတင်း

"လူမဆန်စွာကနေပြီးတော့ ဘယ်လောက်အထိမိုက်ရိုင်းပြီး ရိုင်းစိုင်းတဲ့ အပြုအမှုတွေ ၊ လုံးဝလက်ခံလို့မရတဲ့ အနေအထား က ပိုပြီးတော့ ပြင်းထန်များလာတယ်ဆိုတာ ပြောလို့ရတယ်" လို့ပဒိုစောတောနီးက ဆိုပါတယ်။

သတင်း

ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီယာဉ်၏ လုံခြုံရေးယူပေးသည့် ရှေ့ပြေးကင်းပုန်းမှ စစ်ကောင်စီဗိုလ်တစ်ဦးတိုက်ခိုက်မှုဖြစ်ပွားစဉ်ထွက်ပြေးရာ ကားတိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။