Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ခဲယမ်းထပ်ယူပြီး ပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကောင်စီတပ်သည် တင်းတိမ်ရံရွာကို ဇူလိုင် ၂၉ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကမီးရှို့ဖျက်ဆီးခဲ့ရာ ဆိုင်ခန်း ၂၀၀၊ အိမ် ၅၀ ဝန်းကျင်ခန့် ဆုံးရှုံးခဲ့ကြောင်း Freedom Revolution Force အဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့က တင်းတိမ်ရံရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို အဝေးကမြင်တွေ့ရစဥ်။ ဓာတ်ပုံ-Local Fighters Squad
ယမန်နေ့က တင်းတိမ်ရံရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို အဝေးကမြင်တွေ့ရစဥ်။ ဓာတ်ပုံ-Local Fighters Squad

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် လက်နက်ခဲယမ်း ​ယူပြီးပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်မှုများကြောင်း Local Fighters Squad အဖွဲ့က သတင်းထုတ်ပြန်သည်။

ရေဦးမြို့နယ် တင်းတိမ်ရံရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် ယနေ့(ဇူလိုင် ၃၀ ရက်)၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဒီပဲယင်းရှိ စစ်တပ်ထံမှ လက်နက်ခဲယမ်းများ ယူဆောင်ပြီး တင်းတိမ်ရံရွာသို့ ခြေလျင်စစ်ကြောင်းဖြင့် ပြန်ထွက်လာချိန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဒီပဲယင်းမှ တင်းတိမ်ရံသို့အလာ (၉)လက်တံအနီး၊တင်းတိမ်ရံ-ဒီပဲယင်း ကားလမ်းပေါ်ရှိ မူးကူးတံတားပေါ် ဖြတ်ကူးချိန်တွင် ရှေ့ထွက်မိုင်း (၄)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အထိအခိုက်များကြောင်း Local Fighters Squad အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

ယမန်နေ့ကလ​ည်း တင်းတိမ်ရံရွာအနီး အကြမ်းဖက်စစ်တပ်နှင့်ဒေသတွင်းအဖွဲ့များ ထိတွေ့ပစ်ခတ်မှုအချို့ရှိခဲ့သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Local Fighters Squad အဖွဲ့ တာဝန်ရှိသူက “ကျွန်တော်တို့ Sqaudက ဒီပဲယင်း-တင်းတိမ်ရံ လမ်းပိုင်းကို တာဝန်ယူပြီး Pointတက်တာပါ။ ဒီမနက် တင်းတိမ်ရံကနေ ဒီပဲယင်းခြံကို လက်နက်ခဲယမ်းယူပြီး တင်းတိမ်ရံဘက်ကို ခွေးအင်အားအလုံးအရင်းနဲ့ ပြန်ထွက်လာလို့ဒီပဲယင်း-တင်းတိမ်ရံလမ်းပိုင်းကြားက တံတားဖြူကို ဖြတ်ကူးတဲ့အချိန်ကြားဖြတ်မိုင်းဆွဲခဲ့တာပါ။ ကျွန်တော်တို့ဘက်ကတော့ လက်နက်ငယ် ပစ်ခတ်တာတွေ မပြုလုပ်ခဲ့ပါဘူး။ ဝပ်ပြီးစောင့်နေရတာဆိုတော့ ​ွေးတွေဘက်ကတော့ လက်နက်ငယ်တွေနဲ့ ဆက်တိုက် ဖိပစ်ခဲ့တာပါ။အထိအခိုက်မရှိ ပြပြန်ဆုတ်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့Squadနဲ့ မဟာမိတ်(၃)ဖွဲ့ပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။”ဟု ပြောသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါစစ်ဆင်ရေးအား Local Fighters Squadနှင့် မဟာမိတ်တပ်စုများ ဖြစ်ကြသောZarmani Squad၊UMG Squad နှင့် Golden Buffalo Squadတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် တင်းတိမ်ရံရွာကို ဇူလိုင် ၂၉ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကမီးရှို့ဖျက်ဆီးခဲ့ရာ ဆိုင်ခန်း ၂၀၀၊ အိမ် ၅၀ ဝန်းကျင်ခန့် ဆုံးရှုံးခဲ့ကြောင်း Freedom Revolution Force အဖွဲ့က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဆန္ဒပြသူများက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင် အင်္ကျီများ ဝတ်ဆင်၍ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ​ကိုအောင်သူရဇော် တို့၏ ရုပ်ပုံများနှင့် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုင်စွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အဓမ္မအာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံတကာက ရှုမြင်ထားသည်။

သတင်း

မန္တလေး PDF အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ခြိမ်းခြောက် အနိုင်ကျင့် ဖျက်ဆီးနေသော ဖက်ဆစ်စစ်တပ်အား အမြစ်ပြတ်ချေမှုန်းရန် အစွမ်းကုန် တွန်းလှန်တိုက်ထုတ်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

သတင်း

မုံရွာ - မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များအား ဒေသတွင်းPDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေသည်။